Headlines

ချင်းပြည်နယ်က အထက်တန်းပြဆရာ/ဆရာမတွေကို Memory Sticks (၃၁၃) ခု ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာလ ၇ ရက်။

အထက်တန်း ဆရာ၊ ဆရာမ တစ်ဦးချင်းအသုံးပြုနိုင်အောင်ရည်ရွယ်ပြီး Video သင်ခန်းစာ Memory Stick တွေကို ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ် နဲ့ မင်းတပ်မြို့နယ်က Grade -10 အတွက် (၁၄၁) ၊ Grade -–11 အတွက် (၁၂၁)ခု၊ Grade -–12 အတွက် (၅၁) ခု စုစုပေါင်း (၃၁၃) ခု ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၅၀ နဲ့ကျောင်းဝတ်စုံ ၁၅၀ စုံကို ပေးအပ်ခဲ့ကြောင်းစစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားမှာ ပြောကြားပါတယ်။

ချင်းပြည်နယ်မှာ အခြေခံစာသင်ကျောင်းပေါင်း ၁၅၅၁ ကျောင်းရှိတဲ့အထဲ ပြည်နယ်တဝန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခြေခံပညာစာသင်ကျောင်း ၁၅၀၀ ကျော် ပိတ်ထားရပါတယ်။

ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့်အကြောင်း စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားမှာ ပြောကြားပါတယ်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းက “မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်က အင်မတန်အရေးကြီးတဲ့ကြောင်း ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်မှာလည်း ကဏ္ဍအမျိုးမျိုးရှိတဲ့ထဲ ပညာရေး အခန်း ကဏ္ဍ ဖွံဖြိုးတိုးမှုက အရေးကြီးတဲ့ကြောင်း အခြေခံပညာကျောင်းတွေနဲ့ ရုံးတွေ၏ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်သလို သင်ထောက်ကူပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဏာငွေဖြင့် နှစ်စဉ်ထောက်ပံ့ဆောင်ရွက်ပေးတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အစောပိုင်းက စာသင်ကျောင်းတွေ ၃၈ ကျောင်း ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာတွေကြောင့် တချို့ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ချင်းပြည်နယ်မှာ လက်ရှိမှာ မင်းတပ်၊ဖလမ်းနဲ့ထန်တလန်မြို့တွေမှာတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါးနေပြီး ဟားခါးမြို့နဲ့ တီးတိန်မြို့မှာသာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *