နိုဝင်ဘာလ ၁၂ ရက်။
Chinland Defense Force – Hakha (CDF – Hakha) အနေနဲ့ ဇူလိုင်လ၁၂ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး ကိုရှင်းလင်းနိုင်ခဲ့ပြီး စစ်လက်နက်ပေါင်း ၅၂ လက် ရရှိခဲ့တယ်လို့ (CDF – Hakha) ကဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Mi -17 ရဟက်ယာဉ်အမြီးပိုင်းကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၆ ဦး အရှင်ဖမ်းမိပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကာ ၊ရဲတပ်သား ၁၃ ဦး နဲ့ စစ်သား ၄ ဦး စုစုပေါင်း ၁၇ ဦး CDF – Hakhaထံ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေနတ် ၄၃ လက် သိမ်းဆည်းရရှိပြီး အလင်းဝင် CDMer များမှ သေနတ် ၉ လက်ပါလာတဲ့အတွက် ၆၀ မမ၊ MA 15 နဲ့ M79 အပါအဝင် လက်နက်စုစုပေါင်း ၅၂ လက် ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ဟားခါးက စစ်ကောင်စီတပ်ကိုထန်တလန်ဘက်ကို စစ်ကူ မသွားနိုင်အောင် ရက်ပေါင်း ၈၂ ရက်အထိ တားဆီးပိတ်ပင် နိုင်ခဲ့တယ်လို့လည်း (CDF – Hakha) ကထုတ်ပြန်ထားပါတယ်။
CDF – Hakha တပ်ဖွဲ့ဟာ ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းပြီး ဟားခါးမြို့အနီး ဟားခါး – ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့လည်းဖြစ်ပါတယ်။