နိုဝင်ဘာလ ၂၇ ရက်။
မလေးရှားနိုင်ငံ၊ selangor ပြည်နယ် Pandan Mewah အဆောက်အအုံကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ညနေပိုင်းလောက်စလို့ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၁၁၉ ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မလေးရှားလဝက၊ ရဲဌာနနဲ့ Ampang Jaya မြူနီစီပယ်ကောင်စီ (MPAJ) အဖွဲ့က ပူးပေါင်းပြီး Pandan Mewah အဆောက်အုံကို ဝင်ဆီးခဲ့ပြီး ညနေ ၆ နာရီကနေ မနက် ၁၁ နာရီအထိ နိုင်ငံခြားသား အယောက် ၄၀၀ ကိုစစ်ဆေးခဲ့ပြီး အဒီထဲကနေ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၈၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား ၈ ဦး၊ အင်ဒိုနီးရှားလူမျိုး ၄ ဦးနဲ့ အိန္ဒိယလူမျိုး ၄ ဦး စုစုပေါင်း ၁၁၉ ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မလေးရှားအာဏာပိုင်တွေက အဆောက်အအုံ ငါးခုကို ဝင်ရောက်စစ်ဆေးခဲ့တာလို့သိရပြီး အဲဒီအဆောက်အအုံငါးခုထဲမှာ အဆောက်အအုံ နှစ်ခုက တရားမဝင်နိုင်ငံခြားသားတွေ အလုပ်ခန့်အပ်မှုနဲ့ ချိတ်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မလေးရှားလဝကဌနဘက်အနေနဲ့ တရားမဝင်နိုင်ငံခြားသားတွေကို ခိုအောင်းခြင်းမပြုစေဖို့ လူထုနဲ့ လုပ်ငန်းရှင်တွေကို ထပ်မံသတိပေးပြောကြားထားတယ်လို့လည်း သိရပါတယ်။
လက်ရှိအထောက်အထားမဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၁၁၉ ဦးကို 1959/63 လဝက ဥပဒေပုဒ်မ ၆ (၁)(ဂ) ချိုးဖောက်မှုနဲ့ ဖမ်းဆီးစစ်ဆေးတာတွေလုပ်သွားမှာလို့လည်း သိရပါတယ်။