Headlines

တိုက်ပွဲဖြစ်ပွါးတာမျိုးမရှိပဲ ဖလမ်းမြို့နယ် လုမ်သဲရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

နိုဝင်ဘာလ ၂၆ ရက်။

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် လုမ်သဲရွာကို တိုက်ပွဲဖြစ်ပွါးတာမျိုးမရှိပဲ စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ ရွာမှာ အထိအခိုက်ပျက်စီးတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘဲနဲ့ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ် အထိအခိုက် ပျက်စီးတွေလည်းရှိနေတယ်၊ အတိအကျတော့ မသိရသေးဘူး” လို့ပြောပါတယ်။

လက်ရှိဖလမ်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း သူတို့စခန်းမကျရေးအတွက် လေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းညီနောင်အဖွဲ့က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *