Headlines

ခိုင်ကမ်းမြို့ အထကကျောင်း အနီးမှာမိုင်းပေါက်ကွဲမှု ဖြစ်

နိုဝင်ဘာလ ၂၈ ရက်။

ဒီနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉:၃၀ ‌ခန့်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ ရဲစခန်းနားက ခိုင်ကမ်း အထက ကျောင်း အနီးမှာစစ်တပ်၊ရဲတပ်ဖွဲ့မှ ထောင် ထားသော မိုင်း ၁ လုံး ရှော့ဖြစ် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ မရှိဘူး လို့ ဒေသခံများရဲ့ပြောပြချက် အရ သိရှိရ ပါတယ်။

“ကျောင်းနဲ့ ဘီအိုစီ ဓာတ်ဆီဆိုင် အနောက်နား တစ်နေရာ မှာ ပေါက်ကွဲ ခဲ့တာပါ။ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို သူတို့က စစ်ဆေးရင်း ရှော့ဖြစ် ပေါက်ကွဲတာ လို့ သိရတယ်။ ထိခိုက် ဒဏ်ရာ ရရှိတာမျိုး မရှိပါဘူး” လို့ ခိုင်ကမ်းမြို့ကပ်ရပ်၊ကလေးမြို့ဒေသခံ တဦးမှ Chin World Media ကိုပြောပြပါတယ်။

” ကျောင်း အနောက်ထောင့်နားကို အစအန အချို့ လာထိခဲ့ပေမယ့် အားမကောင်းတော့ ထိခိုက်တာမျိုး မရှိဘူးလို့ ပြောကြတယ်။ ကျောင်းတော့ မပိတ်ကြ ပါဘူး။ ကျောင်းသားတွေရော ဆရာဆရာမတွေပါအထိတ်တလန့် ဖြစ်ခဲ့ကြတယ် လို့ ပြော ကြတယ်။ ရဲတွေက စိတ်မပူ ဖို့ လာပြောတော့ ကျောင်းချိန်အပြည့် ကျောင်းတက်ခဲ့ကြတာ” လို့လည်း ကျောင်းသား မိဘ တစ်ဦးမှ Chin World Media ကို ပြောကြားခဲ့ပါတယ်။

ဗုံးပေါက်ကွဲချိန်မှာ ရဲတပ်ဖွဲမှ သေနတ် တချက် ထပ်ဖောက်လိုက်ပြီး ကင်းသမားတွေ နေရာယူကာ အပြေးအလွှား ဖြစ်နေတာကြောင့် ကျောင်ဝန်း အတွင်းမှာဒရုန်းနဲ့ ဗုံးကြဲတာလို့ထင်မှတ်ခြင်း ကြောင့် ခဏတာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော်လည်း ရဲအရာရှိ တစ်ဦးမှ အခြေအနေတွေ ရှင်းပြခဲ့တဲ့အတွက် ပြန်လည် ငြိမ်သက် သွားတယ် လို့ လည်း ထပ်မံ သိရှိခဲ့ရပါတယ်။

ခိုင်ကမ်း အထက ကျောင်းဟာ ဘီအိုစီ တဖြစ်လဲ မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင် ကပ်ရက် တည်ရှိပြီး ခိုင်ကမ်းရဲစခန်းနဲ့ လမ်းသွယ် တစ်ခုသာ ခြားပါတယ်။

လက်ရှိမှာ ခိုင်ကမ်း အထက ကျောင်းမှာ ကျောင်းသားကျောင်းသူ ၈၀၀ ကျော် တက်ရောက်လျက် ရှိတယ် လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *