Headlines

ကန်ပက်လက်မြို့အဝင်ကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုရုတ်တရက်တွေ့ပြီး လန့်ပြီးပြန်လှည့်တဲ့သူ ပစ်သတ်ခံရ


ချင်းပြည်နယ်၊ကန်ပက်လက်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မြင်လို့ လန့်ပြီးပြန်လှည့်တဲ့ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦး မနေ့ စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ကန်ပက်လက်မြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့ခံတစ်ဦးက “နယ်ဘက်ကို ပစ္စည်းပို့ /ရောင်းပြီးပြန်လာကြတဲ့ လူနှစ်ယောက်ဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အပစ်ခံရတာတဲ့ သူတို့နှစ်ယောက်က ယောသားတွေလို့ပြောတယ် လမ်းအခြေအနေ မသိတော့ ဒီတိုင်းမောင်းလာရင်း စစ်တပ််ရဲ့ စစ်ဆေးရေးဂိတ်ကို တိုးမိ၊ မြင်မိတော့ လန့်ပြီး ပြန်လှည့်တော့ စစ်သားတွေကလည်း ပစ်လိုက်တာလို့ ပြောတယ်။အပစ်ခံရတာ မနေ့ညနေ ပိုင်းမှာ ပစ်ခံရတယ် အလောင်းကို ဒီမနက်ပိုင်းမှာ ထုတ်နိုင်ပြီလို့လည်း သိရတယ်” လို့ပြောပါတယ်။


နယ်ဘက်ကနေ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးလား နှစ်စီးလားတော့ မပြောကြပေမယ့် ပစ္စည်းပို့တာဖြစ်လို့ ဆိုင်ကယ်နှစ်စီးဖြစ်ဖို့များပြီး တစ်ဦးက ဒဏ်ရာရပြီး တစ်ဦးကတော့ သေဆုံးသွားတယ်လို့ ကန်ပက်လက်ဒေသခံတွေဆီကနေသိရပါတယ်။


သေဆုံးသွားတဲ့သူရဲ့ အလောင်းကို ထုတ်ယူတဲ့အချိန် သေဆုံးသူက ရုတ်တရက် ဝင်လာပြီး ရုတ်တရက်ပြန်လှည့်လိုက်တော့ အခုလို ဖြစ်တာလို့ စစ်ကောင်စီတပ်ဘက်က ရှင်းပြကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


ကန်ပက်လက်မြို့မှာ ဝယ်ယူစရာ ပစ္စည်းမရှိတာကြောင့် နယ်ကလူတွေ မကွေးတိုင်း ဆောနယ် ကို ဆင်းပြီးပစ္စည်းဝယ်ယူကြရပြီး သယ်ယူတဲ့နေရာမှာ ဆိုင်ကယ် ကယ်ရီဌားကြတာတွေလည်း ရှိသလို ဆောနယ်ဘက်ကနေ ဆိုင်ကယ်နဲ့ လာရောက်ပြီး ပစ္စည်းလာရောင်းတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။


ဒီစစ်ကောင်စီတပ်ရဲ့ ကန်ပက်လက်မြို့အဝင်စစ်ဆေးရေးဂိတ်ဟာ နယ်ကနေမြို့ကိုသွားတဲ့ သူတွေ စစ်ဆေးခံပြီး ပုံမှန်သွားလာနေကျဖြစ်ပြီး ကြိုတင်အကြောင်းကြားပြီး ဆေးဝါးကအ စ သယ်ယူဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *