CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့မကြာသေးမီရက်ပိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် ဩဂုတ်လ ၆ ရက်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A )ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကChin World Media ကိုပြောပါတယ်။
“ထန်တလန်မြို့ထဲ စစ်ရေး ပြင်းထန်ဆဲပါ၊ ဖိုက်တာလည်းဆက်တိုက်လာနေတယ်၊ထန်တလန်က တိုက်တာ အဆောက်အဦးတွေများတော့ စကစ အတွက် ပုန်းခိုမည့်နေရာတွေ များတယ်၊ကျနော်တို့ရပြီးသားနေရာတွေကို ဗုံးကြဲနေတယ်”လို့ ဆလိုင်းထက်နီကပြောပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ကစပြီးဩဂုတ်လ ပထမအပတ်အတွင်း ဟားခါး-ထန်တလန်အကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်ရဲ့ အဓိကစခန်းဖြစ်တဲ့ ခလရ (၂၆၉) တပ်ကုန်းအပါအ၀င် ဟားခါး-ထန်တလန်းကြား စစ်ကောင်စီစခန်း ၇ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးလည်း လက်နက်အပြည့်အစုံဖြင့် ဩဂုတ်လ ၇ ရက်နေ့က Chinland Council ပူးပေါင်းတပ်ဖွဲ့ဆီအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။