Headlines

မင်းတပ်မှာ ၆ လ အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးကာ၊ပြည်သူ ၅၀ ကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ ၈ ဦး(မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ်သွားခဲ့ကြသည့်ပြည်သူ ၆ ဦး အပါအ၀င်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးကာ ၊ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ် )ကဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၆ လတာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၈၆) ကြိမ်လုပ်ခဲ့ပြီး အရပ်သား ပြည်သူနေအိမ် ၅၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း ၁ လုံး နဲ့ စာသင်ကျောင်း ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့ပြင် ကျင်ဒွေးမြို့စခန်းသိမ်းတိုက်ပွဲနဲ့ မတူပီမြို့သိမ်းတိုက်ပွဲ တို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ဖွဲ့ဝင် ၁၂ ဦး အသက်ပေးခဲ့ ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

အသက်ပေးကျဆုံးတဲ့ ရဲဘော်တွေထဲမှာ ငှက်ဖျားရောဂါနဲ့ ၃ ဦး ကျဆုံးခဲ့ပြီး မတူပီမြို့ရှိ ခလရ (၃၀၄)နဲ့ ခလရ (၁၄၀) စကစ စခန်းများသိမ်းပြီးနောက်CNF က ဒရုန်းတိုက်ခိုက်လို့ ၁ ဦး ကျဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ်ကာလအတွင်း စစ် ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၉၈ ကြိမ်တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာများအပါအဝင်အဆောက်အဦး ၁၃၇ လုံး ပျက်စီးခဲ့ ေကြာင်း ချင်းလူ့အခွင့် အ ေရးအဖွဲ့(CHRO)ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *