Headlines

မင်းတပ်မြို့ပေါ်မှာ လူနေအိမ် ၆ လုံးမီးလောင်ပြာကျ၊လူထိခိုက်မှုမရှိ

ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်မှာ ယမန်နေ့ည ဩဂုတ်လ ၂၂ ရက်၊ည ၁၁ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်မှာရှိတဲ့ နေအိမ် ၆ လုံးမီးလောင်ပြာကျသွားခဲ့ကာ၊လူထိခိုက်မှုမရှိဘူးလို့ မင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုမသိရပေမယ့် မီးမလောင်ခင်မှာ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းထဲကနေ လက်နက်ကြီး ၄ ကြိမ်လောက် ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ၊မီးလောင်သွားတဲ့ နေအိမ်တွေအဲဒီနေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်လေ့ရှိကြောင်း၊မီးလောင်မှုဟာ လက်နက်ကြီးပစ်ခတ်မှုကြောင့်လား၊ရှို့မီးကြောင့်လားသေချာမသိရသေးကြောင်း၊မီးလောင်သွားတဲ့နေအိမ်တွေနဲ့ အနီးပတ်ဝန်းကျင်မှာ အရပ်သား ပြည်သူတစ်ယောက်မှမနေထိုင်ကြဘဲ အားလုံးစစ်ဘေးရှောင်နေကြ ရကြောင်း၊ဒေသခံပြည်သူတွေက ညဘက်အပြင်မထွက်ရဲကြကြောင်း၊စစ်ကောင်စီတပ်သာညဘက်အပြင်ထွက်လေ့ရှိကြောင်းမင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ CDF-Mindat က ဩဂုတ်လ ၂၁ ရက်မှာအသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *