Input your search keywords and press Enter.

တီးတိန်၊တွန်းဇံနှင့်ပလက်ဝမြို့တို့၂၀၂၂ ခုနှစ်တွင် မဟာဓာတ်အားလိုင်း ရရှိမည်

Salai Khup Khup

တီးတိန်၊တွန်းဇံနှင့် ပလက်ဝမြို့တို့၂၀၂၁-၂၂ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရရှိတော့မည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောပါသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က ‘ပစ္စည်းတင်ဒါခေါ် တီးတိန်၊တွန်းဇံ၊ ပလက်ဝတို့ကို မဟာဓာတ်အားလိုင်းက ဂျပန်အကူညီနဲ့ လုပ်ဖို့ လုပ်ထားတယ် စီမံစီးပွား ဝန်ကြီးဌာနနဲ့ စာချုပ်လုပ်ပြီးပြီ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ပြီးရင် တင်ဒါခေါ်မယ် တင်ဒါခေါ်ပြီးရင် လုပ်ငန်းက စလို့ရပြီ ၂၀၂၁ ခုနှစ်လောက်မှာ လုပ်ငန်း စတင် အကောင်ထည်ဖော်ပြီးတော့ ၂၀၂၂ လောက်မှာ ပြီးမယ်လို့ သိထားတယ် လက်ရှိ ပစ္စည်းတင်ဒါ ခေါ်နေတယ် ၂၀၂၁ လောက်မှ လုပ်ငန်းစတင်မယ်လို့ သိရတယ်’ ဟုပြောသည်။

MY-P30 ဖြင့်ဆောင်ရွက်မည့် ကလေး-သိုင်းငင်း-တီးတိန်ကို ၆၆ ကေဗ္ဗီ Double Circuit လိုင်း(၃၂၁) မိုင် တည်ဆောက်ရန် ၆၆ ကေဗ္ဗီလိုင်း တာဝါတိုင်နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်းလည်း သိရသည်။

လက်ရှိချင်းပြည်နယ်အတွင်း မဟာဓာတ်အားလိုင်း မရရှိသေးသည့် မြို့များ ရှိနေပြီး အချို့မြို့နယ်များမှာ လောင်စာဆီနှင့် ရေအားလျှပ်စစ် အသေးစားများဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနေလျှက် ရှိကြောင်း သိရသည်။ချင်းပြည်နယ်တွင်မဟာ ဓာတ်အားလိုင်းရရှိပြီးသောမြို့များမှာ ဟားခါး၊ဖလမ်း၊ထန်တလန်၊ခိုင်ကမ်း၊မင်းတပ်၊ကန်ပက်လက်၊မတူပီမြို့များဖြစ်သည်။