Input your search keywords and press Enter.

ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ကျန်းမာရေးကောင်းမွန်၊ကိုဗစ်စစ်ဆေးသည့်စက်မင်းတပ်တွင်ထားရန်စီစဉ်နေ

 

Salai Khup Khup

မင်းတပ်မြို့တွင် တွေ့ရှိသည့် ကိုဗစ်-၁၉ positive လူနာများ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မင်းတပ်ခရိုင်ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်က ပြောသည်။

မင်းတပ်ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်က “လက်ရှိဆေးရုံမှာ positive လူနာက ၁၉ ယောက်ရှိတယ် သူတို့ အားလုံးရဲ့ ကျန်းမာရေး အခြေနေက အားလုံးကောင်းပါတယ် နောက်ပြီး ကိုဗစ်စစ်ဆေးတဲ့ဟာကိုလည်း ထားရှိဖို့ စီစဉ်ထားပါတယ်” ဟုပြောသည်။

မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးရန် အသွားလာ ကန့်သတ်ထားသည့် ဦးရေမှာ တစ်ရာကျော် ဝန်းကျင် ရှိကြောင်းလည်း မင်းတပ်ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်ကပြောပါသည်။

မင်းတပ်မြို့တွင် ပထမ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦးနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားသော ၁၀၂ ဦး၏ ၂ သုတ်ခွဲစစ်ဆေးသော ဆေးစစ်ချက်အဖြေတွင် ၁၆ ဦး postive ထွက်ပြီး ကျန် ၈၆ ဦး အဖြေသည် Negative ထွက်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့ည ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၂၄၂၅ ဦးရှိပြီး၊သေဆုံးသူ ၂၈၄ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရှိသူ ၃၃၉၁ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။