Input your search keywords and press Enter.

ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည်

ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည်
Chin World Media
September 29, 2020

နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား တရားဝင်သွားရောက်သည့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများမှလည်း မဲပေးခွင့် ရှိကြပြီး၊ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ချင်းလူမျိုး (၂၄၅) ထက်မနည်းမှ ကြိုတင်မဲပေးကြမည်ဖြစ်သည်ဟုသိရသည်။

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော စာရင်းအင်းများအားလေ့လာရာတွင် ချင်းလူမျိုးများ၏ အမည်စာရင်းများကို Chin World Media မှ မြန်မာပြည် အနှံ့ ချင်းလူမျိုးများနေထိုင်သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ ကလေးဝ၊ တမူး၊ မုံရွာနှင့် ဟုမ္မလင်း၊ မကွေးတိုင်းဒေသကြီးမှ သရက်၊ ဆော၊ မင်းတုန်း၊ ငဖဲ၊ အောင်လံ၊ စေတုတ္တရာ၊ သရက်နှင့် ဂန့်ဂေါ၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်၊ ပေါက်ခောင်းနှင့် ပန်းတောင်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များစာရင်းအား ဖတ်ရှု့လေ့လာကာ ရေးသားထားခြင်းဖြစ်သည်။

ချင်းပြည်နယ်မှ အဝေးရောက် ကြိုတင်မဲပေးရန် စာရင်းပေးထားသူ (၁၂) ဦးသာရှိပြီး၊ အများဆုံးစာရင်းပေးသွင်းထားခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ (၁၃၇) ဦးနှင့် တမူးမြို့နယ်မှ ၂၉ ဦးတို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေထိုင်သော ချင်းလူမျိုးများ၏ အမည်အများစုမှာ ဗမာအမည်များနှင့် ဆင်တူသဖြင့်၊ ချင်းလူမျိုး၊ ချင်းရွာမှဖြစ်သည်ဟု သေချာစွာ ဖော်ထုတ်နိုင်ခြင်းမှာ- ၂၃ ဦးသာဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် နေထိုင်သော ချင်းလူမှုရေးလှုပ်ရှားမှုများတွင် ဦးဆောင်သူ တဦးမှ “ဒီမှာ ချင်းလူမျိုး ခန့်မှန်းချေက ၂၅၀၀ လောက်ရှိမယ်လို့ပြောနိုင်မယ်။ ဒီနှစ်က Covid ကိစ္စကြောင့်ရော၊ ဒီမဲကိစ္စအတွက် ဒီလိုအချိန်ကြီးမှာ သံရုံးသွားပြီး တန်းစီပြီး စီစဉ်ရာမှာတွေနဲ့ ရှုပ်လို့ ထင်ပါတယ်။ အဝေးရောက်မဲပေးခွင့် လျှောက်ထားတာ နည်းတယ်။ ဒီမှာက Chin Community အနေနဲ့တော့ ချင်းအမျိုးသားနေ့တွေနဲ့ Chin Christian Fellowship (CCF) ဆိုပြီး ဆုံတွေ့တာတွေရှိတယ်။ အဖွဲ့တဖွဲ့ကလွဲရင် အားလုံးပါဝင်ကြပါတယ်။ နောက်ပြီးတော့ မေလ ၁ ရက်နေ့မှာ ဘောလုံးပွဲတွေ လုပ်လေ့ရှိကြပါတယ်။ ” ဟု ပြောသည်။

အဝေးရောက်မဲပေးခွင့် လျှောက်ထားသူများ၏ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ နေ့အတွင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်းအတွင်း၌ ပြုလုပ်ကြမည်ဖြစ်သည်။

…………………
Zawgyi Font

ေရြးေကာက္ပြဲအတြက္ စကၤာပူေရာက္ ခ်င္းလူမ်ိဳး ၂၄၅ ဦးထက္ မနည္းမွ အေ၀းေရာက္ၾကိဳတင္မဲေပးမည္
Chin World Media
September 29, 2020

ႏို၀င္ဘာလ (၈) ရက္ေန႔တြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအား တရား၀င္သြားေရာက္သည့္ ႏိုင္ငံတကာေရာက္ ျမန္မာႏိုင္ငံသားမ်ားမွလည္း မဲေပးခြင့္ ရွိၾကျပီး၊ စကၤာပူႏိုင္ငံတြင္ ေရာက္ရွိေနေသာ ခ်င္းလူမ်ိဳး (၂၄၅) ထက္မနည္းမွ ၾကိဳတင္မဲေပးၾကမည္ျဖစ္သည္ဟုသိရသည္။

စကၤာပူႏိုင္ငံဆိုင္ရာ ျမန္မာသံရံုး၏ အင္တာနက္စာမ်က္ႏွာတြင္ ေဖာ္ျပထားေသာ စာရင္းအင္းမ်ားအားေလ့လာရာတြင္ ခ်င္းလူမ်ိဳးမ်ား၏ အမည္စာရင္းမ်ားကို Chin World Media မွ ျမန္မာျပည္ အႏွံ႔ ခ်င္းလူမ်ိဳးမ်ားေနထိုင္ေသာ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသၾကီးမွ ကေလး၊ ကေလး၀၊ တမူး၊ မံုရြာႏွင့္ ဟုမၼလင္း၊ မေကြးတိုင္းေဒသၾကီးမွ သရက္၊ ေဆာ၊ မင္းတုန္း၊ ငဖဲ၊ ေအာင္လံ၊ ေစတုတၱရာ၊ သရက္ႏွင့္ ဂန္႔ေဂါ၊ ပဲခူးတိုင္းေဒသၾကီးမွ ျပည္၊ ေပါက္ေခာင္းႏွင့္ ပန္းေတာင္ျမိဳ႕နယ္မ်ားႏွင့္ ရန္ကုန္တိုင္းေဒသၾကီးရွိ ျမိဳ႕နယ္မ်ားစာရင္းအား ဖတ္ရႈ႕ေလ့လာကာ ေရးသားထားျခင္းျဖစ္သည္။
ခ်င္းျပည္နယ္မွ အေ၀းေရာက္ ၾကိဳတင္မဲေပးရန္ စာရင္းေပးထားသူ (၁၂) ဦးသာရွိျပီး၊ အမ်ားဆံုးစာရင္းေပးသြင္းထားျခင္းမွာ စစ္ကိုင္းတုိင္းေဒသၾကီး ကေလးျမိဳ႕နယ္မွ (၁၃၇) ဦးႏွင့္ တမူးျမိဳ႕နယ္မွ ၂၉ ဦးတို႔ျဖစ္သည္။ မေကြးတိုင္းေဒသၾကီး၊ ရခိုင္ျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသၾကီးတို႔တြင္ ေနထိုင္ေသာ ခ်င္းလူမ်ိဳးမ်ား၏ အမည္အမ်ားစုမွာ ဗမာအမည္မ်ားႏွင့္ ဆင္တူသျဖင့္၊ ခ်င္းလူမ်ိဳး၊ ခ်င္းရြာမွျဖစ္သည္ဟု ေသခ်ာစြာ ေဖာ္ထုတ္ႏိုင္ျခင္းမွာ- ၂၃ ဦးသာျဖစ္သည္။
စကၤာပူႏိုင္ငံတြင္ ေနထိုင္ေသာ ခ်င္းလူမႈေရးလႈပ္ရွားမႈမ်ားတြင္ ဦးေဆာင္သူ တဦးမွ “ဒီမွာ ခ်င္းလူမ်ိဳး ခန္႔မွန္းေခ်က ၂၅၀၀ ေလာက္ရွိမယ္လို႔ေျပာႏိုင္မယ္။ ဒီႏွစ္က Covid ကိစၥေၾကာင့္ေရာ၊ ဒီမဲကိစၥအတြက္ ဒီလိုအခ်ိန္ၾကီးမွာ သံရံုးသြားျပီး တန္းစီျပီး စီစဥ္ရာမွာေတြနဲ႔ ရႈပ္လို႔ ထင္ပါတယ္။ အေ၀းေရာက္မဲေပးခြင့္ ေလွ်ာက္ထားတာ နည္းတယ္။ ဒီမွာက Chin Community အေနနဲ႔ေတာ့ ခ်င္းအမ်ိဳးသားေန႔ေတြနဲ႔ Chin Christian Fellowship (CCF) ဆိုျပီး ဆံုေတြ႔တာေတြရွိတယ္။ အဖြဲ႔တဖြဲ႔ကလြဲရင္ အားလံုးပါ၀င္ၾကပါတယ္။ ေနာက္ျပီးေတာ့ ေမလ ၁ ရက္ေန႔မွာ ေဘာလံုးပြဲေတြ လုပ္ေလ့ရွိၾကပါတယ္။ ” ဟု ေျပာသည္။
အေ၀းေရာက္မဲေပးခြင့္ ေလွ်ာက္ထားသူမ်ား၏ ၾကိဳတင္မဲေပးျခင္းကို ေအာက္တိုဘာလ ၁ ရက္ေန႔မွ ၁၈ ေန႔အတြင္း စကၤာပူႏိုင္ငံဆိုင္ရာ ျမန္မာသံရံုး၀န္းအတြင္း၌ ျပဳလုပ္ၾကမည္ျဖစ္သည္။