Input your search keywords and press Enter.

တပ်မတော်မှအပြည့်အဝတာဝန်ယူပါကပလက်ဝမြို့နယ်တခုလုံးရွေးကောက်ပွဲကျင်းပနိုင်မည့်အနေထားရှိဟုဆို

 

Salai Shing Mang

၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှအပြည့်အဝတာဝန်ယူပါက ပလက်ဝမြို့နယ်တခုလုံး ကျင်းပနိုင်မည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်မှပြောသည်။

“မဲဆန္ဒနယ်အမှတ်(၁)ဘက်မှာဆိုရင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၅အုပ်စုရှိတယ်၊၄၅အုပ်စုမှာ ကျင်းပလို့ရတဲ့ အုပ်စုက ၃၄အုပ်စု ကျင်းပလို့ရတယ်၊ကျင်းပလို့မရတာ၁၁အုပ်စုရှိတယ်၊အဲတာ ရာခိုင်နှုန်းနဲ့တွက်လို့ရှိရင်ရ၅.၅၅ရာခိုင်နှုန်းလောက်ကကျင်းပလို့ရတယ်လို့ကျွန်တော်ပြောလိုတယ်၊ဒါမဲဆန္ဒနယ်(၁)၊မဲဆန္ဒနယ်(၂)မှာတော့ ကျေးရွာအုပ်စုပေါင်း (၅၇)အုပ်စုရှိတယ် ၊ကျင်းပလို့ရတာ(၄၃)အုပ်စုရှိတယ်၊သူလည်းပဲ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင် ၇၅.၄၄ရာခိုင်နှုန်းရှိတယ်၊အဲတာကြောင့် မဲဆန္ဒနယ် (၁)ရော မဲဆန္ဒနယ်(၂)မှာရော နှစ်ခုလုံးက ကျင်းပလို့ရတဲ့ အနေထားရှိတယ်၊ကျွန်တော်တို့ သုံးပုံနှစ်ပုံ ကျင်းပလို့ရတဲ့ အနေထားရှိတာပေါ့နော်၊ကျန်တဲ့ သုံးပုံတစ်ပုံကလည်း တပ်မတော်ကသာလုံခြုံရေး အပြည့်ဝတာဝန်ယူပေးမယ် ဆိုရင်လည်း ကျင်းပလို့ရတယ်အဲတာလည်းပြောချင်တယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှပြောသည်။

လက်ရှိပလက်ဝမြို့နယ်အချို့နေရာများတွင် စစ်ဖြစ်သည့်နေရများဖြစ်ပြီး တစ်မြို့နယ်လုံးစစ်ဖြစ်ပြီး မအေးချမ်းသည့် နယ်မြေမဖြစ်သောကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေထားပိုများကြောင်းလည်းသိရသည်။

ဦးစိုးထက်မှ “အစိုးရက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကလုပ်ပေးရမှာပေါ့နော်၊အခုကနိုင်ငံတော်ကလည်း ရွေးကောက်ပွဲကော်မရှင်ကလည်း ပလက်ဝမြို့နယ်ကိုရွေးကောက်ပွဲကျင်းပမယ်လို့ လုပ်ထားတယ်၊ပလက်ဝမြို့နယ်က နယ်မြေလည်း ကျယ်ဝန်းတယ်၊လူဦးရေလည်းများတဲ့အတွက် ကျွန်တော်တို့ပြည်နယ်မှာ ပြည်နယ်အမှတ်(၁)ရှိတယ် ပြည်နယ်အမှတ်(၂)ရှိတယ်၊အမျိုးသားလွှတ်တော်ဆိုရင် ၂နေရာရတယ်၊မဲဆန္ဒနယ်အမှတ်(၇) မဲဆန္ဒနယ်အမှတ်(၈) နှစ်ခုရတယ်၊ ပြည်သူ့လွှတ်တော် ၁နေရာရတဲ့အတွက် မဲဆန္ဒနယ်မှာ ၅နေရာ၊ပြည်ထောင်စု လွှတ်တော်မှာ သုံးနေရာ၊ပြည်နယ်လွှတ်တော်မှာ ၂နေရာရတယ် ၅နေရာရတယ်၊အဲဒီနေရာမျိုးကိုကျင်းပခွင့်ရအောင်တော့ နိုင်ငံတော်ကလည်းလုပ်ပေးရမှာပေါ့၊သက်ဆိုင်ရာ ကာကွယ်ရေး၊ပြည်ထဲရေးကလတည်းတာဝန်ယူပြီးတော့ ရွေးကောက်ပွဲကျင်းပနိုင်အောင်လုပ်ပေးနိုင်လိမ့့်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်၊အခုနယ်မြေမအေးချမ်းတာတစ်ချို့နေရာတော့ ရှိပေမယ့်၊တစ်နယ်လုံးမအေးချမ်းတာမဟုတ်ဘူး၊တစ်နယ်လုံးတိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊” ပြောသည်။

ပလက်ဝသွားမည့်ကုန်းလမ်းသည် လက်ရှိမိုးရာသီအတွင်း သွားလာရေးအဆင်မပြေမှုကြောင့် မဲရုံသုံးပစ္စည်းများ အပြည့်အဝမရောက်ရှိနိုင်သေကြောလည်းင်းသိရသည်။