Input your search keywords and press Enter.

ကလေးမြို့တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်းအတွင်း ပြည်တွင်းကူးစက်မှု ၅ ခု ရှိ

 

 

Salai Khup Khup

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၄ ရက်နေ့ကတွေ့ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကလေးမြို့တွင် ပြည်တွင်းခရီးသွားရာဇဝင်ရှိသောသူများကိုအကန့်အသတ်ထားစောင့်ကြည့်ရာမှ ပြည်တွင်းကူးစက်မူ ၅ ခုတွေ့ရှိကြောင်းကလေးမြို့ကိုဗစ်-၁၉ တိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူများက ပြောပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၄ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးရှိခဲ့ပြီး ကလေးမြို့မှ ၂ ဦး၊ ခင်ဦးမြို့နယ်မှ ၂ ဦး၊ ကသာမြို့နယ်မှ ၁ တို့ဖြစ်သည်။

ကလေးမြို့ကိုဗစ်-၁၉ တိုက်ဖျက်ရေးအဖွဲ့မှ ဥက္ကဌ ဦးဗျက်မှိန်းထန်းငါက “အခုပိုးတွေ့ လူနာနှစ်ဦးက ရန်ကုန်ကနေပြန်လာတဲ့ သူ့ညီမဆီကနေ ကူးစက်တာဖြစ်တယ်။ သူ့ညီမဆီမှာ ပိုးတွေ့တော့ သူတို့ကိုလည်း ကလေးတက္ကသိုလ် ကော်ရတင်းစင်တာမှာ အသွားလာ ကန့်သက်ထားတာဖြစ်တယ်။ အခုကူးစက်တာက အိမ်နေရင်း ကူးစက်တာ ဖြစ်တဲ့ အတွက် ပြည်တွင်းကူးစက်ဖြစ်သွားပြီ လက်ရှိ ပိုးတွေ့ လူနာနှစ်ဦးကို တိုင်းရင်းဆေးရုံမှာ ထားရှိပါတယ်”ဟုပြောသည်။

 

လက်ရှိ ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၆) ဦးရှိပြီး ၂၃ ရက်နေ့က Case 1975 တရုတ်ပြန် လူနာတစ်ဦးမှာ ဆေးရုံဆင်းခွင့်ရခဲ့ပြီး လက်ရှိ ပိုးတွေ့ လူနာ (၅) ဦးကို တိုင်းရင်းဆေးရုံတွင် ထားရှိထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၈၅၁၅) ဦး၊သေဆုံးသူ ၁၇၁ ဦး၊ဆေးရုံဆင်းခွင့်ရရှိသူ ၂၃၈၁ ဦး ရှိပြီ ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့မနက် ထုတ်ပြန်ချက်အရ သိရပါသည်။