Input your search keywords and press Enter.

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တွင် တစ်ပြည်နယ်လုံးရှိ ရဲအင်အား ၅၀ ရာခိုင်နူန်းအသုံးပြုမည်

 

 

Salai C Lian

နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့်၂၀၂၀ ပါတီစုံရွေးကောက်ပွဲ လုံခြုံမူရှိစေရန် တစ်ပြည်နယ်လုံးရှိ ရဲအင်အား ၅၀ ရာခိုင်နူန်းအသုံးပြုသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

“အခုပြည်နယ်လုံးမှာရှိတဲ့ လုံခြုံရေးရဲ အင်အား ၅၀ ရာခိုင်နူန်းအသုံးပြုမယ်၊ အထူးရဲတွေပါမယ်၊ အထူးရဲတွေသုံးမယ်၊ အတိကျပြောလို့မရဘူး ဆိုတာကတော့ ဗဟိုကော်မတီရယ်၊ ပြည်ထဲရေးရယ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီးလုပ်မှ အဆင်ပြေမှာလေ၊ အဲဒါကြောင့် တစ်ပြည်နယ်လုံးမှာရှိတဲ့ အင်အား ၅၀ ရာခိုင်နူန်းကို သုံးမှာပါ၊”

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အထူးရဲအင်အားအသုံးပြုမည်ဖြစ်ပြီး ကျန်ရှိနေသည့် ရဲအင်အားများသည် ရုံးလုပ်ငန်းများလိုအပ်သောကြောင့် ၅၀ ရာခိုင်နူန်းကို အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အထူးရဲတွေ၊ အထူးလုံခြုံရေးအတွက် ၅၀ ရာခိုင်နူန်းကတော့ အသုံးပြုမယ်၊ ကျန်တဲ့သူတွေကတော့ ရုံးလုပ်ငန်းတွေရှိသေးတယ်၊ ရှိတဲ့အင်အား တစ်ဝက် ကို အသုံးပြုသွားမယ် “ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်ပြည်နယ်လုံးတွင် မြို့နယ်နှင့် ကျေးရွာအလိုက် မဲရုံပေါင်း ၁၁၁၄ ထိပြင်ဆင်နေကြောင်း သိရသည်။