Input your search keywords and press Enter.

ချင်းပြည်နယ်တွင်လွှတ်တော်နေရာစုစုပေါင်း ၃၈ နေရာဝင်ပြိုင်မည့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် ၇၅%အနိုင်ရရှိရန်ယုံကြည်မှုရှိဟုဆို

 

Salai Shing Mang

ချင်းပြည်နယ်ရှိ လွှတ်တော်နေရာစုစုပေါင်း ၃၉ နေရာတွင် ၃၈ နေရာဝင်ပြိုင်မည့် UDP Party အနေဖြင့် ရွေးကောက်ပွဲတွင် ၇၅ရာခိူင်နှုန်းအနိုင်ရှိရန်ယုံကြည်ကြောင်း UDP ပါတီချင်းပြည်နယ်တာဝန်ခံ မှပြောသည်။

“ကျွန်တော်တို့ကတော့ ၇၅%ကတော့ သေချာသလောက်ဖြစ်ပြီ အင်အားက ကျွန်တော်တို့စုဆောင်းပြီးသားအင်အားအရဆိုရင် အုပ်စုတစ်ခုမှာ ဒီလအထိ ၁၅၀ အုပ်စုတစ်ခုမှာရှိပြီးသားဆိုတော့ ၇၅ရာခိုင်နှုန်းကတော့ အောင်မြင်ပြီးသားလို့ ကျွန်တော်တို့ယူဆပါတယ်ဗျ” ဟု UDP ပါတီချင်းပြည်နယ်တာဝန်ခံ ဦးသွန်ခမ်ကပ် မှ ပြောသည်။

UDP ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများကိုယ်တိုင် နေရာတိုင်းမသွားခိုင်းပဲ ကျေးရွာတိုင်းတွင်ပါတီရေးရာ ကော်မတီများမှ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းပြီး ကြိုးစားနေရသည့်အခြေနေဖြစ်ကြောင်းလည်း သိရသည်။

ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီများနှင့်ပတ်သက်ပြီး ” CNLD က ၃၆နေရာ၊နောက် UDPက ၃၈နေရာပေါ့နော်၊USDPက ၃၆နေရာ၊ NLDကတော့ ၃၉နေရာ၊ အမှန်တော့ UDPက ၃၉ယောက်လုံးတင်တယ်၊ဒါပေမယ့် တစ်ယောက်က သူ့ဟာနဲ့သူ ပြန်နှုတ်ထွက်တယ်၊” ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်မှ ပြောသည်။

UDPပါတီသည်ချင်းပြည်နယ်သာမကတနိုင်ငံလုံးတွင်လည်း NLDပါတီ ၊ပြည်ခိုင်ဖြိုးပါတီနှင့်အပြိုင် UDP ပါတီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။၂၀၂ဝအထွေထွေရွေးကောက်ပွဲတွင် တနူိင်ငံလုံးတွင် NLDပြီးလျှင် UDPသည်ဒုတိယနေရာအများဆုံးယှဉ်ပြိုင်သည့်ပါတီဖြစ်သည်။

အနိုင်ရရှိပါက UDP လမ်းစဉ်အတိုင်း ပါတီရည်မှန်းချက်အတိုင်း ကတိပေးထားသည့်အတိုင်း အကောင်အထည်ဖော်မည်ဖြဟ်ပြီး ပြည်သူများ၏ အခြေခံဝင်ငွေရရှိရေးလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေသည်ဟု လည်းသိရသည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party – UDP) သည်နှင်းဆီပွင့်ပုံ ပါတီတံဆိပ်အသုံးပြုသောကြောင့် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြသည်။ နှင်းဆီပါတီ၏ ဥက္ကဌမှာကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်ဟောင်းတစ်ဦးဖြစ်သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာ ဖြစ်သည ်။

UDPပါတီသည် ၂၀၁ဝရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်နေရာ ၈၀ ဝန်းကျင်ယှဉ်ပြိုင်ခဲ့သော်လည်းအနိုင်မရခဲ့ပေ။