Input your search keywords and press Enter.

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်ရှိဘာသာရေးအဆောက်အဦးများဆောက်လုပ်ရန်ထောက်ပံ့ငွေ ကျပ် ၄၈၅ သန်း သုံးစွဲဟုဆို

   

 

Salai C Lian

 

ချင်းပြည်နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦးများထောက်ပံ့ငွေများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဦးစီးဌာနမှ သန်း ၄၈၅ သုံးစွဲကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူး ဇိုဘွဲက ပြောသည်။

“တစ်ပြည်နယ်လုံးက ထောက်ပ့ံလိုအပ်တဲ့ ဘာသာရေးကျောင်းတွေကို တစ်မြို့နယ် လေး၊ ငါး ခုလောက်ကျွန်တော်တို့ ကူညီတယ်၊ သူတို့အနေနဲ့ ဘယ်လိုအကူအညီလိုအပ်ကြောင်း အစိုးရကို အကြောင်းကြား စာတင်ပြီး လိုအပ်ချက်အရ ကျွန်တော်တို့က ပြန်လည် ကူညီတာဖြစ်တယ ်”ဟု ပြောသည်၊

ယင်းတစ်ပြည်နယ်လုံး ဘာသာရေးအဆောက်အဦးများ ကူညီရာတွင် လျာထားချက်မရှိကြောင်းနှင့်လိုအပ်သည့် ထင်ပြချက်အရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း လွတ်တော်ဥက္ကဌ ကဆက်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သက်မှတ်ချက်တော့ မရှိဘူး၊ သူတို့တင်ပြချက်အရ ပြန်လည်သုံးသပ်ပြီး ကူညီတာဖြစ်တယ်၊ အခုစာရင်းထဲမှာပါတာတွေကတော့ အကုန်လုံးထောက်ပံ့ပြီးပြီ၊ နောက်ပြန်လည်ထပ်ပေးဖို့တော့ မရှိတော့ဘူး၊ စာရင်းတွေလည်း အကုန်ထွက်နေပြီ “ဟု ပြောသည်။

ချင်းပြည်နယ် အစိုးရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာန်နှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှုလျာထားမူတွင် ဘာသာရေးကျောင်းပေါင်း ၄၇ ကျော်ရှိကြောင်း ချင်းပြည်နယ် အစိုးရ၏ မှတ်တမ်းများအရ သိရသည်။