Input your search keywords and press Enter.

ပြည်ပရောက် ချင်းလူမျိုးမဲဆန္ဒရှင် တွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမူဘယ်လိုရှိလဲ

 

An electoral officer (R) manages the crowd as Myanmar nationals wait to cast their votes outside the Myanmar embassy in Singapore October 17, 2015. Photo: Reuters
Read more at https://www.todayonline.com/singapore/voting-myanmar-embassy-singapore-extended

 

 

Salai C Lian

လာမည့် နိုဝင်ဘာလ (ဂ) ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး၊ကိုယ်ရောက်ရှိနေတဲ့နိုင်ငံက မြန်မာနိုင်ငံသံရုံးတွေမှာ ကြိုတင်မဲပေးစနစ်နဲ့မဲပေးခွင့် အောက်တိုဘာလထဲမှာမဲပေးရမှာဖြစ်ပြီး ပြည်ပရောက် ချင်းလူမျိုးမဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဝင်စားမူဘယ်လိုရှိလဲ၊ ရွေးကောက်ပွဲရလဒ် ဘယ်လိုမျှော်မှန်းထားလဲ တင်ပြလိုက်ပါသည်။

Salai Van Lal Lian (New Delhi) “ဒီနှစ်ရွေးကောက်ပွဲတော့ ကပ်ရောဂါကြီးနဲ့ ပြန်နိုင်မှာ မဟုတ်ဘူး၊ မဲလည်းပေးနိုင်မှာ မဟုတ်ဘူး၊ တစ်ပါတီထဲ အစိုးရဖွဲ့တာ မဟုတ်ပဲ ညွန်ပေါင်းအစိုးရ ဖြစ်စေချင်တယ်၊ တစ်ပါတီထဲက အစိုးရကို ဦးဆောင်ရင်တော့ မဖြစ်ဘူး လိုရာဆွဲဖြစ်နိုင်တယ်၊ အဲဒါကြောင့် ကိစ္စအားလုံးကို ညို့ညို့နိူင်းနိူင်းလုပ်မှသာ ကျွန်တော်တို့ပြည်သူအတွက် အကျိုးရလဒ်ကောင်း အားကိုးရတဲ့ အစိုးရဖြစ်နိုင်မှာ ဖြစ်တယ်”

Mai Rebecaa (China)
“ကျွန်တော်အမြင်မှာကတော့ CNLD ကိုမကြိုက်လို့တော့ မဟုတ်ဘူး၊ သို့ပေမဲ့ ချင်းတွေကြားထဲမှာ စည်းလုံးမူမရှိတော့ ဘာပဲပြောပြော NLD နိုင်မယ်လို့ယုံကြည်တယ်၊ နောက်ဆို ကိုယ့်ချင်းပါတီတွေနိုင်ဖို့ ကိုယ့်ချင်းချင်းကိုလည်း ယုံကြည်မူတွေ အများကြီးတည်ဆောက်ဖို့လိုသေးတယ်လို့ ပဲမြင်တယ်”

Nu Boih (China)
“ဘာပဲပြောပြော တပ်မတော်လက်ထဲကနေ လွတ်မြောက်ဖို့က အဓိကပါ၊ ကျွန်တော်တို့ အမျိုးသားရေးနှင့် တပ်မတော်ကနေ လွတ်ဖို့ဆိုတာ NLD တစ်ခုပဲရှိတယ်၊ ကိုယ့်ချင်းပါတီကို မကြိုက်လို့လဲမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင်တော့ NLD ကပဲဦးဆောင်လုပ်နိုင်တယ်လို့ မြင်တယ်”

Salai Van Nei Cem (Aizawl,India) “ကျွန်တော်တို့အနေနဲ့ ဘာကြောင့်ရပ်တည်ပေးလဲဆိုတော့ စည်းလုံးမူကို လိုလားလို့အခုလိုရပ်တည်ပေးတာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရပိုင်ခွင့်တွေ အမှန်တကယ် လုပ်ပေးမဲ့သူက ကိုယ့်ချင်းတိုင်းရင်းသားပါတီတွေဖြစ်တယ်၊ တစ်ခြားပါတီတွေကတော့ ချင်းလူမျိုးတွေရဲ့ စည်းလုံးမူကို လုပ်ပေးမှာမဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ရပ်တည်ပေးတာပါ၊ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာ မဲမပေးနိုင်ပေမဲ့ ပြည်တွင်းမှာရှိတဲ့ ကိုယ့်လူမျိုးတွေကို မဲပေးအောင် လုပ်ပေးလို့ရတယ်၊ ချင်းပြည်နယ်တစ်ခုထဲမဟုတ်ဘူး စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်က ချင်းကိုယ်စားလှယ်တွေ ရစေချင်တယ်၊ အဲဒါမှာ ကျွန်တော်တို့ရဲ့ စည်းလုံးမူအင်အားကို ပြသနိုင်မယ်”

ပြည်ပရောက် ချင်းလူများသည် ယနေ့ထိ မဲပေးနိုင်ရန် လျှောက်ထားသူနည်းသေးကြောင်း စင်ကာပူနိုင်ငံရောက် အမည်မဖော်လိုသူတစ်ဦးက ထောက်ပြသည်။

“အခုကျွန်တော်တို့ စင်ကာပူနိုင်ငံမှာတော့ လာမည့်လကနေ ကြိုတင်မဲပေးခွင့်ရပြီ၊ ဒီဘက်တရားဝင်နဲ့ လာတဲ့သူတွေက လူမူကွန်ယက်မှာပဲ ရွေးကောက်ပွဲအကြောင်း ပြောဆိုနေကြတာ၊ မဲဘယ်လိုပေးရမယ်၊ ဘယ်လျှောက်ရမယ်ဆိုတာ မသိတဲ့သူက ပိုများနေတယ်၊ တစ်ချိူ့တွေက လာမေးတဲ့သူတွေလည်းရှိတယ်၊ ဆိုတော့ ကိုယ့်ချင်းပါတီ ဘယ်လောက်ပဲနိုင်စေချင်ရင်လည်း သူတို့ကိုယ်တိုင်က မဲဆုံးရှုံးမူမရှိအောင် လုပ်မှမလုပ်ကြတာ” ဟု ဆိုသည်။

ချင်းတိုင်းရင်းသားများသည်မိသားစု စားဝက်နေရေးအတွက် အကြောင်းမျိုးမျိုးကြောင့် အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ မလေးရှားနိုင်ငံများသို့ သွားလုပ်ကိုင်နေရကြောင်း သိရသည်။