Input your search keywords and press Enter.

ကိုဗစ် ၁၉ ရောဂါ ပြည်တွင်းကူးစက်မူအန္တရာယ်ကိုချင်းပြည်သူများသတိပြုစေလိုကြောင်းချင်းပြည်နယ်လူမူရေးဝန်ကြီးမှဆို

 

Salai C Lian

ကိုဗစ် ၁၉ ရောဂါ ပြည်တွင်းကူးစက်မူအန္တရာယ်ကို ချင်းပြည်သူများသတိပြုစေလိုကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့ လူမူရေး ဝန်ကြီး ပေါင်လွန်းမင်ထန်မှဆိုသည်။

“လက်ရှိ ချင်းပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်နယ်ကျန်းမာရေးဌာနကို တာဝန်ပေးထားတယ်၊ ခုမင်းတပ်က အသက် ၇၂ ပေါ့၊ သူနဲ့ပတ်သက်တဲ့သူတွေကို လိုက်နေတယ်၊ လိုအပ်တဲ့ဟာလုပ်ဖို့ တာဝန်ပေးထားတယ်၊ လိုအပ်ချက်အရတော့ လုပ်ရမှာပဲ၊ stay home ပဲဖြစ်ဖြစ်ပေါ့ အကျိုးလဒ်ပေါ်မှာပဲ ဆုံးဖြတ်ချက်ချရမယ်၊ Operation ကိုပြန်ကြည့်တာပေါ့၊ တပြေးညီလုပ်ဆောင်ဖို့ထက် ဘယ်နေရာတွေမှာ ထိတွေ့မူရှိတယ်၊ နောက်ကြောင်းလိုက်ဖို့ရှိတယ်၊ အဲဒါတွေကို လုပ်ဖို့ပြည်နယ်ကျန်းမာရေးကို တာဝန်ပေးထားလိုက်တယ်၊ ကျွန်တော်တို့ အခြေအနေက တစ်ခြားမြို့ကြီးတွေလို လောဒ့်ဒေါင်း ဆင်မပြေဘူး၊ Case ဖြစ်နေတဲ့ အခြေအနေမှာပဲ မူတည်တယ်၊ အားလုံးဝိုင်းဝန်းလုပ်ဖို့ လိုနေပြီ၊ အခုက အရင်တုန်းက ပြည်ပဝင်တဲ့သူတွေကိုတော့ ထိန်းနိုင်တယ်၊ case no. 1 တီးတိန်၊ တွန်းဇံကို ဖြေရှင်းနိုင်ပေမဲ့ ပြည်တွင်းမှာ ကူးစက်မူကတော့ အန္တရာယ်တော်တော်များနေတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်သိသိ၊ သစ္စာရှိရှိနဲ့၊ စေတနာ့ဝန်ထမ်း၊ ပြည်သူများအားလုံး သတိပြုဖို့လိုအပ်ပြီ၊ အစိုးရကတော့ ပြောပြောသာပြောတာ တကယ်ကတော့ မြေပြင်မှာ အဖွဲ့အစည်းတွေကူညီမူ့ ပံ့ပုိးမူ ကူညီမူလိုတယ်၊ ဒါမှပဲ ဒီကိစ္စကို ရှင်းနိုင်မယ်”ဟုဆိုသည်။

လက်ရှိတွင်ချင်းပြည်နယ်မင်းတပ်မြို့တွင်ပြည်တွင်းကူးစက်မူဖြစ်ပွားပြီး ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၃ ဦးတွေ့ရှိထားသည်။
ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပိုးတွေ့လူနာနဲ့ ထိတွေ့လူနာဖြစ်သည့် သံသယလူနာတစ်ဦး စစ်ဆေးချက် positive ထွက်ရှိပါက ချင်းပြည်နယ်တွင် ပိုးတွေ့လူနာ ရာချီတက်နိုင်ကြောင်း ချင်းပြည်နယ် မင်းတပ်မြို့တွင် တွေ့ရှိသည့် ပိုးတွေ့လူနာများသည် ခရီးသွားရာဇဝင်မရှိကြောင်း လက်ရှိကုသနေသည့် သံသယလူနာကိုသာ ထိတွေ့ခဲ့ကြောင်း မင်းတပ်မြို့ ခံလူငယ် ကိုနိုင်းတမ်က ပြောသည်။

“အရေးကြီးဆုံးက သံသယလူနာနဲ့ ထိတွေ့ခဲ့တယ်၊ သူလည်းအခုအရေးပေါ်ကုသဆောင်မှာ ရောက်နေတယ်၊ ပိုးတွေ့တဲ့လူနာကလည်း ခရီးသွားရာဇဝင်မရှိဘူး၊ ခရီးသွားရာဇဝင်ရှိတာက အခုအရေးပေါ်ကုသနေတဲ့သူပေါ့၊ သူ့ကိုစစ်ဆေးနေတဲ့ချိန် ကျွန်တော်တို့ ကြိုတင်ကာကွယ်မူ့မလုပ်ထားရင်တော့ အကုန်လုံးကူးစက်နိုင်တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်နေတာ၊ ကျွန်တော်တို့ ထိတွေ့ခဲ့တာတော့ အရေးပေါ်ကုသခံယူနေတဲ့သူကိုပဲ ထိတွေ့မူတစ်ချို့ရှိခဲ့တာ၊ သူက မဲဆွယ်ဖို့လာတာလည်းမဟုတ်ဘူး၊ သူ့တရားရုံးကိစ္စကြောင့်ပြန်လာတာဖြစ်တယ်၊ သူ့ရဲ့သွေးအဖြေက မစစ်ရသေးဘူး၊ ပြီးတော့ ထပ်ပြီး စိုးရိမ်စရာကောင်းတာက အခုပိုးတွေ့လူနာ (၃) ယောက်ကလည်း အခုအရေးပေါ် ကုသလူနာနဲ့ပဲ ထိတွေ့ခဲ့တာ၊ အီဒီတော့ ကျွန်တော်တို့မှာလည်း ဖြစ်နိုင်ခြေတွေရှိတော့ အမတ်လောင်းတွေ လူငယ်တွေ သူနဲ့ထိတွေ့ခဲ့တဲ့ အကုန်လုံးနီးနီး Quarantine ဝင်ကြတယ်၊ ထိတွေ့တဲ့လူ တစ်ဆင့်မပါပဲနဲ့ ၁၀၀ လောက်တော့ရှိမှာ ရွာတွေနဲ့ဆိုတော့၊ အခုသံသယနဲ့ အရေးပေါ်ကုသနေတဲ့သူနဲ့ ထိတွေ့တဲ့သူတွေကို စစ်ပေးလို့မရသေးဘူး၊ သူ့အဖြေထွက်မှပဲ စစ်ပေးလို့ရမယ်” ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်(စ်) အတည်ပြုလူနာ စုစုပေါင်း ၅၈၀၅ ဦး ရှိခဲ့ပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၆၀ ဦး နှင့် သေဆုံးလူနာ စုစုပေါင်း ၉၄ ဦးရှိခဲ့ကြောင်း သိရသည်။