Input your search keywords and press Enter.

ကိုဗစ်ဒုတိယလှိုင်းကြောင့် အတိုက်ခံပါတီများ မဲဆွယ်ရာတွင် အခက်ကြုံနေရ

 

Salai C Lian

မြန်မာနိုင်ငံတွင်တကျော့ပြန်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(စ်)ခေါ် ကိုဗစ်ရောဂါဒုတိယလှိုင်းကြောင့် အားကစားနဲ့ ကျန်းမားရေးဝန်ကြီးဌာန၏ကန့်သတ်ပိတ်ပင်မူ့များကြောင့်အတိုက်ခံပါတီများမဲဆွယ်ရာတွင် အခက်ကြုံနေရကြောင်း အတိုက်ခံပါတီများထံမှ သိရသည်။

ကိုဗစ်ရောဂါကြောင့် လက်ရှိအနိုင်ရပါတီများအတွက်မဲဆွယ်ရာတွင်အခက်အခဲမရှိသော်လည်း တိုင်းရင်းသားပါတီများအတွက် ဇန်နဝါရီလမှစတင်ပြီး အခက်ကြံနေရကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မိုင် Cherry Zahau ကဆိုသည်။

“ကျွန်မတို့ပါတီအားလုံးကတော့ အကုန်လုံးနှစ်နာနေပြီ၊ အထူးသဖြင့် ဇန်နဝါရီလကနေ ဧပြီလအထိ ဘာမှမလုပ်နိုင်ကြဘူး၊ (၄) လလုံးလုံးဘာမှမလုပ်နိုင်ကြဘူး၊ ဇူ်လိုင်လကနေပဲ ကျွန်မတို့ နဲနဲပါးပါးလုပ်လာနိုင်တယ်၊ စက်တင်ဘာလကနေကတော့ လုပ်ရှားလို့ရမဲ့အချိန်မှာ အခုလို ဒုတိယလှိုင်းကထနေတော့ ချင်းပါတီအတွက် အရမ်းနှစ်နာနေတယ်၊ အနိုင်ရပါတီကတော့ လုပ်ရှားမူအများကြီးရှိနိုင်တယ်၊ ကိုဗစ်ကြောင့် အကူအညီကအစ လုပ်ရှားလို့ရတယ်၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သွားဖို့အဆင်သင့်ပြင်နေပေမဲ့ စစ်ရေးကြောင့်၊ကိုဗစ်ကြောင့် ကျွန်တော်တို့မသွားနိုင်ကြဘူး၊ အဲဒါကြောင့် အရမ်းနှစ်နာနေတယ်” ဟုပြောသည်။

ထို့ပြင် ကိုဗစ်ရောဂါကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်လိုက်နာရန် လိုအပ်သောကြောင့် ပါတီအသစ်များ အတွက် ပိုပြီးကြိုးစားနေရကြောင်း စစ်ကိုင်းဒေသကြီး ကလေးမြို့နယ် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ တိုင်းလွတ်တော်ကိုယ်စားလှယ်နေရာယှဉ်ပြိုင်မည့် ဦးထွန်းနိုင်ဝင်း(မင်းရဲစစ်နိုင်)က သုံးသပ်သည်။

“ကိုဗစ်ဒုတိယလှိုင်းကြောင့် ပါတီမဲဆွယ်မှာတော့ တော်တော်လေးရိုက်ခက်မူပြင်းထန်နေတယ်၊ ပြီးတော့လည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လိုက်နာဖို့လိုနေတော့ မလွယ်ဘူးဖြစ်နေတယ်၊ ပြီးတော့ ပါတီအသစ်တွေအတွက် အတားအဆီးတွေပိုဖြစ်တာပေါ့၊ ကျွန်တော်တို့အနေနဲ့ လက်ရှိအစိုးရကိုတော့ ဘာမှပြောလို့မရဘူး၊ ပြည်သူတွေကပိုသိသင့်တာပေါ့၊ ဟု သုံးသပ်သည်။

အတိုက်ခံပါတီများကကိုဗစ်ဒုတီယလှိုင်းကြောင့်ပါတီစည်းရုံးရေးဆင်းရာတွင်အခက်အခဲများစွာကြုံတွေ့ရသည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ကျေးရွာကိုယ်စားလှယ်များ၏ ကြိုးပမ္းမူကြောင့် ရွေးကောက်ပွဲတွင် ရိုက်ခက်မူ့ရှိမည်မဟုတ်ကြောင်း ကလေးမြို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူကဆိုသည်။ သူက စည်းရုံးရေးကတော့ လောလောဆယ်ရပ်နားထားတယ်၊ ဘယ်တော့ပြန်စမလဲဆိုတာတော့ ပြောလို့မရသေးဘူး၊ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်အတိုင်းပါပဲ၊ ကျွန်မတို့ ပါတီကတော့ အဲလောက်ကြီး ရိုက်ခက်ခံရမယ်လို့တော့ မထင်ဘူး၊ ကျွန်တော့တို့ ကျေးရွာတွေမှာ ပါတီအဖွဲ့ခွဲတွေရှိတယ်လေ၊ ကျန်းမားဝန်ကြီးဌာနညွန်ကြားချက်အတိုင်း ဆက်လုပ်သွားမှာပါ၊ ပါတီကိုတော့ ကိုဗစ်ဒုတိယလှိုင်းကြောင့် ရိုက်ခေက်သွားမယ်လို့တော့ မထင်ဘူး ဟု ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) Covid 10 ပိုးကူးစက်ခံရသူ ဦးရှိခဲ့ပြီး တိုင်းရင်းဆေးရုံတွင် ကုသခံနေရကြောင်း သိရသည်။