Input your search keywords and press Enter.

ပိုးတွေ့လူနာများသည့် တီးတိန်မြို့နှင့်ဟားခါးမြို့တွင် ကိုဗစ် ၁၉ ပိုး ရှိ/မရှိ စစ်ဆေးသည့် စက်ထားရှိ

 

 

Salai Khup Khup

 

Covid-19 ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်းဆေးသည့် Gene Xpertစက်ကို လက်ရှိ ချင်းပြည်နယ်တွင် ပိုးတွေ့ လူနာအများဆုံးဖြစ်သည့် တီးတိန်မြို့ပြည်သူ့ဆေးရုံနှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ထားရှိပြီဖြစ်ကြောင်း လူမှုရေးဝန်ကြီး ပေါင်လွန်းမင့်ထန်က ပြောသည်။

လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က “Gene Xpert စက်က အမျိုးသားဓာတ်ခွဲခန်းလို လူအများကြီးကို စစ်ဆေးမှု မလုပ်ပေးနိုင်ဘူး တစ်ချိန်ထဲမှာ လူငါးယောက် လောက်ဘဲရတယ် ဒီစက်ကို လိုအပ်ရင် လိုအပ်သလောက်ဖြည့်ဆီးလို့ရတယ် လောလောဆယ် ဟားခါးနဲ့ တီးတိန်မှာရှိတယ် နောက်ပြီး ပိုးတွေ့လူနာ အများဆုံးကလည်း ဒီနှစ်မြို့မှာ အများဆုံးဆိုတော့ အဲဒီမှာဘဲ စစ်ဆေးတယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် Covid-19 ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးသည့် Gene Xpertစက် ကို ဟားခါးမြို့နှင့် တီးတိန်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ ထားရှိပြီး စစ်ဆေးမှုများ ဆောင်ရွက်နေပြီဟု သိရသည်။

လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က “ရောဂါစစ်ဆေးတဲ့အခါမှာ နှစ်ကြိမ်စစ်ဆေးတယ် ပထမ တစ်ကြိမ်ကို ကို်ယ့်ဒေသမှာ စစ်ဆေးပြီးတော့ နောက်တစ်ခုကို အမျိုးသား ဓာတ်ခွဲခန်းကို ပို့တယ် အဲဒီမှာ Positive ဖြစ်ဖြစ် Negative ဖြစ်ဖြစ် ထွက်လာတဲ့ အဖြေကို လောလောဆယ် စမ်းသပ်ကာလ အနေနဲ့ ဆောင်ရွက်နေတယ်”ဟုဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ ကုတင် ၁၀၀ ဆေးရုံကြီးများတွင် Covid-19 ပိုး ရှိ/မရှိ စစ်ဆေးသည့် Gene Xpert စက်ကို အသုံးပြုတတ်သည့် ဓာတ်ခွဲပညာရှင် လိုအပ်နေသေးကြောင်း ဓာတ်ခွဲပညာရှင် ရှိပါက Gene Xpert စက်ကို ဆေးရုံကြီးတိုင်းတွင် ဖြည့်ဆည်း၍ရကြောင်း ဝန်ကြီး ပေါင်လွန်းမင့်ထန်က ပြောသည်။

ဝန်ကြီး ပေါင်လွန်းမင့်ထန်က “သံသယလူနာများလာရင် ရန်ကုန်ကို ပို့ရတဲ့ အခက်ခဲရှိတယ် နောက်ပြီး ဟိုမှာကလည်း လူနာများတဲ့ အခက်ခဲတွေရှိတော့ ဖြစ်နိုင်ရင် ကုတင်တစ်ရာ ဆေးရုံကြီးတွေမှာ တစ်လုံးဆီရှိနို်င်တယ်ဆိုရင် ကောင်းတယ် အဓိကတော့ ဓာတ်ခွဲပညာရှင် လို်တယ် အဲဒါကြောင့် အကုန်ထားဖို့ မလွယ်ဘူး”ဟုပြောသည်။ လက်ရှိချင်းပြည်နယ်တွင် Covid-19 ပိုးတွေ့ လူနာ (၁၈) ဦးရှိပြီး တီးတိန်မြို့နယ်မှ အများဆုံးတွေ့ရကြောင်း သိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် အသွားအလာကန့်သတ်ထားသူများအား ကိုဗစ် ၁၉ ပိ်ုး ရှိမရှိ စစ်ဆေးချက်အရ လောလောဆယ် ပိုးတွေ့လူနာမရှိကြောင်းလည်း သိရသည်။