Input your search keywords and press Enter.

သက်ငယ်မုဒိန်းမှု ကျူးလွန််သူကို မှုလပြစ်ဒဏ်မှ လျော့ပေါ့ပြစ်ဒဏ်သို့ ပြင်ဆင်ချမှတ်သည့်ပေါ် ဆန္ဒပြမည်

Salai Khup Khup

ကလေးမြို့ ခရိုတရားရုံးမှ သက်ငယ်မုဒိန်းမှုကျူးလွန်သူကို ထောင်ဒဏ် (၄၃)နှစ် ချထားသည့် အမှုအား တရားခံရှေ့နေမှ အယူခံဝင်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားခံအားမှုလ ပြစ်ဒဏ် (၄၃)နှစ်မှ (၁၇)နှစ်သို့ ပြင်ဆင်ချမှတ်သည့်ပေါ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဆန္ဒပြကြမည် ဖြစ်သည်။

အထက်ချင်းတွင်း လူငယ်ကွန်ယက်အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက “ ဆန္ဒပြတာကို ဒိန်းဒီအမျိုးသမီး အဖွဲ့ကနေပြီးတော့ အဓိကဦးဆောင်သွားမယ်၊ ရာဇသက်ကြီး ပုဒ်မအရ ကလေးမြို့နယ် တရားရုံးကနေ ထောင်ဒါဏ် ၄၃ နှစ်ချတာ ထောက်ခံတဲ့ ကိစ္စပါမယ်၊ နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားလွတ်တော်ကနေ ပြင်ဆင်ပြီး လျော့ပေါ့တဲ့ ၁၇ နှစ်ပြစ်ဒါဏ် ကန့်ကွက်တဲ့ဟာပါမယ်၊ ကာယကံရှင်ကလည်း မကျေနပ်ဘူး၊ အရပ်ဘက်အဖွဲ့အစည်းကလည်း ဒါမကျေနပ်တဲ့ကိစ္စပါမယ်၊ နောက်သက်ငယ်မုဒိန်း အယူခံဝင်ပြီး ပြစ်ဒါဏ်လျော့ပေါ့တာ မကျေနပ်တဲ့ကိစ္စ၊ အဂတိကင်းရှင်း တရားမျှတတဲ့ ဥပဒေ အလိုရှိတယ်ဆိုတဲ့ဟာတွေ ပါမယ်”ဟုပြောသည်။

ကလေးမြို့နယ်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် နှစ်ဦးကို ဘာသာရေး တရားဟောဆရာမှ အဓ္ဓမပြုကျင့်ကြောင်း ပြစ်မှုထင်ရှား၍ ကလေးခရိုင်တရားရုံးမှ ထောင်ဒဏ် (၄၃)နှစ်ချမှတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှ လျော့ပေါ့ ပြစ်ဒဏ်အဖြစ် ပြန်လည်ချမှတ်သည့် အပေါ် ကာယကံရှင် မိသားစု မျိုးနွယ်စုများနှင့် ကလေးမြို့ခံ အမျိုးသမီးနှင့် ကလေးငယ်များ အခွင့်အရေး လှုပ်ရှားနေသော အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ရှုတ်ချ ဆန္ဒပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးနိုးမုန်က “အထက်ရုံးကနေတော့ အမြဲပြင်ဆင်လို့ရတယ် ရုံးအမိန့် အဆင်မပြေရင် အထက်ရုံးကနေ အမြဲပြင်ဆင်လို့ရတဲ့ အဏာတော့ရှိတယ်”ဟုပြောသည်။

ကလေးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ပူးပေါင်းပြီး ၂၆ ရက်နေ့ နံနက် (၉)နာရီမှ စတင်ပြီး တောင်ဇလပ်ရပ်ကွက် ဗိုလ်ချုပ်လမ်း နေကြာတိုက်ရှေ့တွင် စုဝေးပြီး ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသည်။

 

Zawgyi

သက္ငယ္မုဒိန္းမႈ က်ဴးလြန္္သူကို မႈလျပစ္ဒဏ္မွ ေလ်ာ့ေပါ့ျပစ္ဒဏ္သို႔ ျပင္ဆင္ခ်မွတ္သည့္ေပၚ ဆႏၵျပမည္

ကေလးၿမိဳ႕ ခရိုတရား႐ုံးမွ သက္ငယ္မုဒိန္းမႈက်ဴးလြန္သူကို ေထာင္ဒဏ္ (၄၃)ႏွစ္ ခ်ထားသည့္ အမႈအား တရားခံေရွ႕ေနမွ အယူခံဝင္သျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ တရားခံအားမႈလ ျပစ္ဒဏ္ (၄၃)ႏွစ္မွ (၁၇)ႏွစ္သို႔ ျပင္ဆင္ခ်မွတ္သည့္ေပၚ ၾသဂုတ္လ ၂၆ ရက္ေန႔တြင္ ဆႏၵျပၾကမည္ ျဖစ္သည္။

အထက္ခ်င္းတြင္း လူငယ္ကြန္ယက္အဖြဲ႕မွ ဒါရိုက္တာ ဦးေက်ာ္သက္ဝင္းက “ ဆႏၵျပတာကို ဒိန္းဒီအမ်ိဳးသမီး အဖြဲ႕ကေနၿပီးေတာ့ အဓိကဦးေဆာင္သြားမယ္၊ ရာဇသက္ႀကီး ပုဒ္မအရ ကေလးၿမိဳ႕နယ္ တရား႐ုံးကေန ေထာင္ဒါဏ္ ၄၃ ႏွစ္ခ်တာ ေထာက္ခံတဲ့ ကိစၥပါမယ္၊ ေနာက္ စစ္ကိုင္းတိုင္းေဒသႀကီး တရားလြတ္ေတာ္ကေန ျပင္ဆင္ၿပီး ေလ်ာ့ေပါ့တဲ့ ၁၇ ႏွစ္ျပစ္ဒါဏ္ ကန႔္ကြက္တဲ့ဟာပါမယ္၊ ကာယကံရွင္ကလည္း မေက်နပ္ဘူး၊ အရပ္ဘက္အဖြဲ႕အစည္းကလည္း ဒါမေက်နပ္တဲ့ကိစၥပါမယ္၊ ေနာက္သက္ငယ္မုဒိန္း အယူခံဝင္ၿပီး ျပစ္ဒါဏ္ေလ်ာ့ေပါ့တာ မေက်နပ္တဲ့ကိစၥ၊ အဂတိကင္းရွင္း တရားမၽွတတဲ့ ဥပေဒ အလိုရွိတယ္ဆိုတဲ့ဟာေတြ ပါမယ္”ဟုေျပာသည္။

ကေလးၿမိဳ႕နယ္တြင္ အသက္မျပည့္ေသးသည့္ အမ်ိဳးသမီးငယ္ ႏွစ္ဦးကို ဘာသာေရး တရားေဟာဆရာမွ အဓၶမျပဳက်င့္ေၾကာင္း ျပစ္မႈထင္ရွား၍ ကေလးခရိုင္တရား႐ုံးမွ ေထာင္ဒဏ္ (၄၃)ႏွစ္ခ်မွတ္ခဲ့ၿပီးေနာက္ စစ္ကိုင္းတိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ ေလ်ာ့ေပါ့ ျပစ္ဒဏ္အျဖစ္ ျပန္လည္ခ်မွတ္သည့္ အေပၚ ကာယကံရွင္ မိသားစု မ်ိဳးႏြယ္စုမ်ားႏွင့္ ကေလးၿမိဳ႕ခံ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ား အခြင့္အေရး လႈပ္ရွားေနေသာ အရပ္ဖက္လူမႈအဖြဲ႕အစည္းမွ ရႈတ္ခ် ဆႏၵၿပ ကန႔္ကြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးနိုးမုန္က “အထက္႐ုံးကေနေတာ့ အျမဲျပင္ဆင္လို႔ရတယ္ ႐ုံးအမိန႔္ အဆင္မေျပရင္ အထက္႐ုံးကေန အျမဲျပင္ဆင္လို႔ရတဲ့ အဏာေတာ့ရွိတယ္”ဟုေျပာသည္။

ကေလးၿမိဳ႕ အရပ္ဖက္လူမႈအဖြဲ႕အစည္းမွ ပူးေပါင္းၿပီး ၂၆ ရက္ေန႔ နံနက္ (၉)နာရီမွ စတင္ၿပီး ေတာင္ဇလပ္ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္း ေနၾကာတိုက္ေရွ႕တြင္ စုေဝးၿပီး ဆႏၵထုတ္ေဖာ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။