Input your search keywords and press Enter.

ချင်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ ခုနစ်သောင်းခန့်တိုးလာ

ချင်းပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေသည် ၂၀၁၅ အထွထွေရွေးကောက်ပွဲကထက် ခုနစ်သောင်းခန့်တိုးလာကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အရာရှိ ဦးလင်းကျော်က ပြောသည်။

ချင်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ပထမအကြိမ်ထုတ်ပြန်သည့် မဲစာရင်းအရ မဲဆန္ဒရှင်ဦးရေ ၃၄၀၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက မဲဆန္ဒရှင်ဦးရေ ၂၇၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

“ပထမစာရင်းအရဆိုရင် ခုနစ်သောင်းခန့်တိုးလာတယ်။ လောလောဆယ် နိုင်ငံခြားကနေ ပြန်လာမဲ့ပုဂ္ဂိုလ်တွေကလည်း နှစ်သောင်းလောက်ရှိတယ်” ဟု ဦးလင်းကျော်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင် ၂၅ ရက်မှစတင်ကာ မဲစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး မဲစာရင်းမှားယွင်းခြင်းများမရှိစေရန် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များက လုပ်ဆောင်လျက်ရှိကာ လက်ရှိတွင် မဲစားရင်းအတိအကျကို အနီးစပ်ဆုံးသာ ပြောနိုင်ကြောင်း ဦးလင်းကျော်က ပြောသည်။

ယခုလို ချင်းပြည်နယ်အတွင်း ယခင်နှစ်များထက် မဲဆန္ဒရှင်တိုးလာသည်နဲ့အမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခင်နှစ်များထက် ပို၍ မဲရရှိရန်လိုအပ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသျှန်းအုပ်ထန်က ပြောသည်။

“အခုလို အရင်ကထက် မဲဆန္ဒရှင် တိုးလာတာကြောင့် ကို်ယ်စားလှယ်လောင်းတွေကလည်း အရင်နှစ်များထက် မဲပိုရဖို့လိုတယ်၊ ဥပမာအနေနဲ့ မနှစ်က မဲ ၈၀၀၀ နဲ့ အနိုင်ရရင် ဒီနှစ်မှာတော့ ၁၅၀၀၀ လောက်ရဖို့လိုအပ်လာမယ်” ဟု ၎င်းကပြောသည်။

မြို့နယ်ပေါင်း ကိုး မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုးနေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာရှိကာ ၎င်းမဲဆန္ဒနယ်များတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူ ၂၁၁ ဦးရှိကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင် ၁ ရက်က ထုတ်ပြန်ကြေညာထားသည်။

Zawgyi

ခ်င္းျပည္နယ္တြင္ မဲဆႏၵရွင္ဦးေရသည္ ၂၀၁၅ အထြေထြေရြးေကာက္ပြဲကထက္ ခုနစ္ေသာင္းခန႔္တိုးလာေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕အရာရွိ ဦးလင္းေက်ာ္က ေျပာသည္။

ခ်င္းျပည္နယ္တြင္ ၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲအတြက္ ပထမအႀကိမ္ထုတ္ျပန္သည့္ မဲစာရင္းအရ မဲဆႏၵရွင္ဦးေရ ၃၄၀၀၀၀ ေက်ာ္ရွိၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲက မဲဆႏၵရွင္ဦးေရ ၂၇၀၀၀၀ ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။

“ပထမစာရင္းအရဆိုရင္ ခုနစ္ေသာင္းခန႔္တိုးလာတယ္။ ေလာေလာဆယ္ နိုင္ငံျခားကေန ျပန္လာမဲ့ပုဂၢိဳလ္ေတြကလည္း ႏွစ္ေသာင္းေလာက္ရွိတယ္” ဟု ဦးလင္းေက်ာ္ကေျပာသည္။

ျမန္မာတစ္နိုင္ငံလုံးတြင္ ဇူလိုင္ ၂၅ ရက္မွစတင္ကာ မဲစာရင္းမ်ားကို ထုတ္ျပန္ေၾကညာခဲ့ၿပီး မဲစာရင္းမွားယြင္းျခင္းမ်ားမရွိေစရန္ သက္ဆိုင္ရာ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္မ်ားက လုပ္ေဆာင္လ်က္ရွိကာ လက္ရွိတြင္ မဲစားရင္းအတိအက်ကို အနီးစပ္ဆုံးသာ ေျပာနိုင္ေၾကာင္း ဦးလင္းေက်ာ္က ေျပာသည္။

ယခုလို ခ်င္းျပည္နယ္အတြင္း ယခင္ႏွစ္မ်ားထက္ မဲဆႏၵရွင္တိုးလာသည္နဲ႔အမၽွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ယခင္ႏွစ္မ်ားထက္ ပို၍ မဲရရွိရန္လိုအပ္ေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဖလမ္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသၽွန္းအုပ္ထန္က ေျပာသည္။

“အခုလို အရင္ကထက္ မဲဆႏၵရွင္ တိုးလာတာေၾကာင့္ ကို္ယ္စားလွယ္ေလာင္းေတြကလည္း အရင္ႏွစ္မ်ားထက္ မဲပိုရဖို႔လိုတယ္၊ ဥပမာအေနနဲ႔ မႏွစ္က မဲ ၈၀၀၀ နဲ႔ အနိုင္ရရင္ ဒီႏွစ္မွာေတာ့ ၁၅၀၀၀ ေလာက္ရဖို႔လိုအပ္လာမယ္” ဟု ၎ကေျပာသည္။

ၿမိဳ႕နယ္ေပါင္း ကိုး ၿမိဳ႕နယ္ရွိသည့္ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ေျမစုစုေပါင္း ၃၉ ေနရာရွိၿပီး ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေၿမ ကိုးေနရာ၊ အမ်ိဴးသားလႊတ္ေတာ္မဲဆႏၵနယ္ေၿမ ၁၂ ေနရာ၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေၿမ ၁၈ ေနရာရွိကာ ၎မဲဆႏၵနယ္မ်ားတြင္ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းထားသူ ၂၁၁ ဦးရွိေၾကာင္း သိရသည္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ လာမည့္ နိုဝင္ဘာ ၈ ရက္ တြင္က်င္းပသြားမည္ျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၃၃၀ နယ္၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ ၁၆၈ နယ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ ၆၄၄ နယ္ႏွင့္ တိုင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္ ၂၉ နယ္အတြက္ ေရြးေကာက္ပြဲက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC)က ဇူလိုင္ ၁ ရက္က ထုတ္ျပန္ေၾကညာထားသည္။