Input your search keywords and press Enter.

ပလက်ဝမြို့နှင့်ဆမီးမြို့နေဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်ခဲကြုံနေရ

Salai Khup Khup

ပလက်ဝမြို့နှင့်ဆမီးမြို့နေ ဒေသခံပြည်သူများမှာ တိုက်ပွဲများကြောင့် တောင်ယာလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာ အခက်ခဲကြုံတွေ့နေရကြောင်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ဒေသခံတွေက အရင်ကတောင်ယာ မီးရှို့ပြီးတဲ့နောက်ပို်င်း တောင်ယာမသွားရ ဖြစ်တဲ့အချိ်န်မှာ ကျတော်တို့ချင်းတွေက တောင်ယာအလုပ် တစ်ပတ်နှစ်ပတ် တောင်ယာမသွားဘူးဆိုရင်တောင် သွားပြီလေ အခုလိုမိုးဦးကာလမှာလည်း ကောက်စိုက်လို့လည်း မရတော့တာ သူ့ရာသီနဲ့သူ သွားတဲ့အချိန်မှာ အခုက တောင်ယာတွေလည်း မသွားနို်င် အဲလိုတွေဖြစ်တော့ စားနပ်ရိက္ခာ အခက်ခဲရှိတယ် ငတ်လည်း ငတ်နိုင်တယ် ကျတော်တို့ အနေနဲ့လည်း ပြည်နယ်အစိုးရ ပြည်ထောင်စု အစိုးရကို တင်ပြထားတာဘဲ”ဟုုပြောသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် တိုက်ပွဲရှောင် လူဦးရေ ထောင်ဂဏန်း ရှိသော်လည်း ၎င်းတို့၏ စားနပ်ရိက္ခာကို အဖွဲ့အစည်း အသီးသီးမှ ထောက်ပံ့
ပေးထားသောကြောင့် စိုးရိမ်ပူပန်စရာ သိပ်မရှိဘဲ ဒေသခံပြည်သူများအတွက် ပိုမိုစိုးရိမ် လာရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောသည်။

သူကဆက်ပြီး “စစ်ဘေးရှောင်ပြည်သူတွေကို တစ်လစာ နှစ်လစာလောက်တော့ အဖွဲ့အစည်း အမျိုးမျိုးက ပံ့ပိုးကူညီပေးတာတွေ ရှိတော့ စားနပ်ရိပ်က္ခာမှာ စိုးရိမ်စာ သိပ်မရှိပေမဲ့ ဒေသခံ တောင်ယာစိုက်တဲ့ သူတွေမှာတော့ စားနပ်ရိက္ခာမှာ စိုးရိမ်ရတယ်”ဟုပြောသည်။

ဒေသခံပြည်သူများ၏ တောင်ယာခင််းများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးအရ တောင်ယာလုပ်ငန်းများကို ဆက်လက်မလုပ်ရဲခြင်းတို့ကြောင့် စားနပ်ရိက္ခာအတွက် ပိုခက်ခဲရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဒေသခံတစ်ဦးက တိုက်ပွဲရှောင်တွေက စားစရာရှိတယ် ပလက်ဝဒေသခံက တောင်ယာမား တော်တော်များများက လုံခြုံရေးအရ တောင်ယာအလုပ်ကို ဆက်မလုပ်တော့တာတွေကြောင့် စားနပ်ရိက္ခာမှာ ပိုအခက်ခဲဖြစ်လာသလို ဒီအခြေနေထက်လည်း ပိုစိုးလာနိုင်တယ်”ဟုပြောသည်။

Zawgyi