Input your search keywords and press Enter.

ချင်းပြည်နယ် မဲဆန္ဒနယ် ၃၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၁၂ ဦး ယှဉ်ပြိုင်မည်

 

 

Salai C.Lian

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၃၉ နေရာအတွက် ကိုယ်စားလှယ်လောင်း၂၁၂ ဦးယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်လောင်းများတွင် တသီးပုဂ္ဂလ ၁၇ ဦးပါဝင်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ဦးလင်းကျော်က “၁၂ ပါတီယှဉ်ပြိုင်ကြမှာဖြစ်တယ်၊ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းထားတဲ့သူက ၂၁၂ ယောက်တော့ရှိတယ်၊ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်မဲ့သူက ၁၇ ဦးပါတယ်၊ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအားလုံးထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးပါဝင်တယ်”ဟုပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှုမှာ ၂၀၁၅ ရွေးကောက်ပွဲထက် နည်းပါးကြောင်းသိရသည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဘဏ္ဍာရေးမှုးလည်းဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်ချယ်ရီဇာဟောင်က “ ချင်းလူမျိုးတွေအများစုအယူအဆမှာက အမျိုးသမီးတွေဟာ နိုင်ငံရေးလောကနဲ့ လုံးဝမပတ်သက်သင့်ဘူးလို့မြင်တဲ့သူတွေရှိတယ်၊ အိမ်ထောင်ရေးကိစ္စမှာ အမျိုးသမီးတွေက အဓိက အိမ်တွင်းရေးပဲလုပ်ရမယ်ဆိုတဲ့ အမြင်တွေရှိတယ်၊ ဒါကတော့ ယနေ့ထိ ယဉ်ကျေးမူလို ဖြစ်သွားတယ်၊ ပြီးတော့ အမျိုးသားတွေကလည်း အမျိုးသမီးတွေကို လက်တွဲမခေါ်ဆောင်တတ်ကြသေးဘူး၊ ထိုနည်းတူပဲ အမျိုးသမီးတွေကလည်း ဒီဟာတွေကို ကိုယ်တိုင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ အမြင်လည်းမရှိဘူး၊ လုပ်တဲ့သူကလည်း နည်းနည်းလေးပဲရှိသေးတယ်” ဟုပြောသည်။

သူကဆက်ပြီး “နိုင်ငံရေးလောကမှာ ပါဝင်လာတဲ့ အမျိုးသမီးတွေကိုလည်း အားပေးမဲ့အစား ဘယ်လိုပုံစံနဲ့ သူ့ကိုရိုက်ချိုးမလဲဆိုတဲ့ အတွေးကိုပဲတွေးနေကြတယ်၊ ဥပမာ အမျိုးသမီးတစ်ဦးက ကိုယ်တိုင်းပြည်လူမျိုးအတွက် မူဝါဒကောင်းဘယ်လောက်ရှိနေပါစေ အမျိုးသမီးဖြစ်တဲ့အတွက် လုံးဝဂရုစိုက်ခြင်းမခံရဘူး၊ အမြဲအပယ်ခံရတာမျိုးရှိတယ်၊ အဲဒါကြောင့် အခုလို နိုင်ငံရေးလောကမှာ အမျိုးသမီးပါဝင်မူ အားနည်းခြင်းလည်းဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်”

၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲစာရင်းတွင် ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၁၃ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၂ ပါတီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်လောင်း ၂၀၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၁၂ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ထံမှသိရသည်။

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် နေရာအတွက် ကိုးမြို့နယ်ရှိသည့်အတွက် ၉ နေရာနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ၁၈ နေရာ စုစုပေါင်း ၃၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

Zawgyi

ခ်င္းျပည္နယ္ မဲဆႏၵနယ္ ၃၉ ေနရာအတြက္ ကိုယ္စားလွယ္ေလာင္း ၁၁၂ ဦး ယွဥ္ၿပိဳင္မည္
၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္ မဲဆႏၵနယ္ ၃၉ ေနရာအတြက္ ကိုယ္စားလွယ္ေလာင္း ၁၁၂ ဦးယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အဆိုပါကိုယ္စားလွယ္ေလာင္းမ်ားတြင္ တသီးပုဂၢလ ၁၇ ဦးပါဝင္ေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ထံမွ သိရသည္။

ဦးလင္းေက်ာ္က “၁၂ ပါတီယွဥ္ၿပိဳင္ၾကမွာျဖစ္တယ္၊ ယွဥ္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္း နာမည္စာရင္း တင္သြင္းထားတဲ့သူက ၂၁၂ ေယာက္ေတာ့ရွိတယ္၊ တစ္သီးပုဂၢလ ယွဥ္ၿပိဳင္မဲ့သူက ၁၇ ဦးပါတယ္၊ ယွဥ္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္ေလာင္းအားလုံးထဲမွာ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း ၁၈ ဦးပါဝင္တယ္”ဟုေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းစာရင္းတြင္ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းပါဝင္မႈမွာ ၂၀၁၅ ေရြးေကာက္ပြဲထက္ နည္းပါးေၾကာင္းသိရသည္။
ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ ဘ႑ာေရးမႈးလည္းျဖစ္ၿပီး လူ႔အခြင့္အေရးဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ေဒၚခ်ယ္ရီဇာေဟာင္က “ ခ်င္းလူမ်ိဳးေတြအမ်ားစုအယူအဆမွာက အမ်ိဳးသမီးေတြဟာ နိုင္ငံေရးေလာကနဲ႔ လုံးဝမပတ္သက္သင့္ဘူးလို႔ျမင္တဲ့သူေတြရွိတယ္၊ အိမ္ေထာင္ေရးကိစၥမွာ အမ်ိဳးသမီးေတြက အဓိက အိမ္တြင္းေရးပဲလုပ္ရမယ္ဆိုတဲ့ အျမင္ေတြရွိတယ္၊ ဒါကေတာ့ ယေန႔ထိ ယဥ္ေက်းမူလို ျဖစ္သြားတယ္၊ ၿပီးေတာ့ အမ်ိဳးသားေတြကလည္း အမ်ိဳးသမီးေတြကို လက္တြဲမေခၚေဆာင္တတ္ၾကေသးဘူး၊ ထိုနည္းတူပဲ အမ်ိဳးသမီးေတြကလည္း ဒီဟာေတြကို ကိုယ္တိုင္လုပ္မွ ျဖစ္မယ္ဆိုတဲ့ အျမင္လည္းမရွိဘူး၊ လုပ္တဲ့သူကလည္း နည္းနည္းေလးပဲရွိေသးတယ္” ဟုေျပာသည္။

သူကဆက္ၿပီး “နိုင္ငံေရးေလာကမွာ ပါဝင္လာတဲ့ အမ်ိဳးသမီးေတြကိုလည္း အားေပးမဲ့အစား ဘယ္လိုပုံစံနဲ႔ သူ႔ကိုရိုက္ခ်ိဳးမလဲဆိုတဲ့ အေတြးကိုပဲေတြးေနၾကတယ္၊ ဥပမာ အမ်ိဳးသမီးတစ္ဦးက ကိုယ္တိုင္းျပည္လူမ်ိဳးအတြက္ မူဝါဒေကာင္းဘယ္ေလာက္ရွိေနပါေစ အမ်ိဳးသမီးျဖစ္တဲ့အတြက္ လုံးဝဂ႐ုစိုက္ျခင္းမခံရဘူး၊ အျမဲအပယ္ခံရတာမ်ိဳးရွိတယ္၊ အဲဒါေၾကာင့္ အခုလို နိုင္ငံေရးေလာကမွာ အမ်ိဳးသမီးပါဝင္မူ အားနည္းျခင္းလည္းျဖစ္နိုင္တယ္လို႔ သုံးသပ္မိပါတယ္”

၂၀၁၅ ပါတီစုံအေထြေထြေရြးေကာက္ပြဲစာရင္းတြင္ ခ်င္းျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ နိုင္ငံေရးပါတီ ၁၃ ပါတီဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၂၀၂၀ ေရြးေကာက္ပြဲတြင္ နိုင္ငံေရးပါတီ ၁၂ ပါတီဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ပါတီေပါင္းစုံမွ ကိုယ္စားလွယ္ေလာင္း ၂၀၂ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္း ၁၁၂ ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္႐ုံး ထံမွသိရသည္။

ခ်င္းျပည္နယ္တြင္ ေရြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ အမ်ိဳးသားလႊတ္ေတာ္ ၁၂ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ ေနရာအတြက္ ကိုးၿမိဳ႕နယ္ရွိသည့္အတြက္ ၉ ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ ၁၈ ေနရာ စုစုေပါင္း ၃၉ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။