Input your search keywords and press Enter.

ပလက်ဝမှ စစ်ဘေးရှောင်ပြည်သူများ မဲဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်နေဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆို

Salai C.Lian

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြားတိုက်ပွဲများကြောင့် ချင်းပြည်နယ်ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများ မဲဆုံးရှုံးမှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က ပြောသည်။

“ပလက်ဝမှာရှိတဲ့ မဲဆန္ဒရှင်တွေကို မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးလင်းကျော်က ပြောသည်။

ယခုအခါ ချင်းပြည်နယ် ဆမီးမြို့နယ်ခွဲရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက မဲစာရင်းများလာရောက်ကောက်ခံခဲ့ကြောင်း ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများကို ကူညီနေပေးနေသည့် ဦးပြည်ဆုက ပြောသည်။

“အခုမှ ရွေးကောက်ပွဲကော်မရှင်တွေလာလို့ စကောက်တာ၊ ကောက်တာတောင် မကြာသေးဘူး၊ ကောက်နေဆဲပဲရှိသေးတယ်၊” ဟု ဦးပြည်ဆုက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်သော်လည်း ပြည်နယ်ရွေးပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုအဆင့်ထိ သဘောထားမှတ်ချက်များတောင်းခံထားကြောင်း သိရသည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “စစ်ဖြစ်နေတဲ့ နယ်မြေဒေသအခြေအနေမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက် တောင်းခံထားတယ်။ ခုချိန်မှာတော့ ရွေးကောက်ပွဲလုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းကတော့ စောပါသေးတယ်” ဟု ပြောသည်။

သို့သော် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိအခြေအနေ နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲနေ့တွင် စစ်ဘေးရှောင်မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရေး စိုးရိမ်ရသည်ဟု ဦးပြည်ဆုကဆိုသည်။

“ရွေးကော်ပွဲကော်မရှင်ဘက်က ကျင်းပနိုင်တယ်လို့ပြောတယ်၊ ဒါပေမဲ့ မဲပေးတဲ့နေ့မှာ တိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုလုပ်မှာလဲပေါ့။ ဒါတွေက ကျွန်တော်တို့ စိုးရိမ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်တွင် လာမည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းခုနစ်သောင်းကျော်ရှိကြောင်းချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။

Zawgyi

ပလက္ဝမွ စစ္ေဘးေရွာင္ျပည္သူမ်ား မဲဆုံးရႈံးမႈမရွိေစေရး ေဆာင္ရြက္ေနဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ဆို

ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) အၾကားတိုက္ပြဲမ်ားေၾကာင့္ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္စခန္းမ်ားသို႔ ေရာက္ရွိေနသည့္ မဲဆႏၵရွင္ျပည္သူမ်ား မဲဆုံးရႈံးမႈမရွိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အရာရွိ ဦးလင္းေက်ာ္က ေျပာသည္။

“ပလက္ဝမွာရွိတဲ့ မဲဆႏၵရွင္ေတြကို မဲေပးပိုင္ခြင့္မဆုံးရႈံးဖို႔အတြက္ကို ရည္ရြယ္ၿပီးေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္လ်က္ရွိပါတယ္” ဟု ဦးလင္းေက်ာ္က ေျပာသည္။

ယခုအခါ ခ်င္းျပည္နယ္ ဆမီးၿမိဳ႕နယ္ခြဲရွိ စစ္ေဘးေရွာင္စခန္းတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက မဲစာရင္းမ်ားလာေရာက္ေကာက္ခံခဲ့ေၾကာင္း ဆမီးၿမိဳ႕စစ္ေဘးေရွာင္ျပည္သူမ်ားကို ကူညီေနေပးေနသည့္ ဦးျပည္ဆုက ေျပာသည္။

“အခုမွ ေရြးေကာက္ပြဲေကာ္မရွင္ေတြလာလို႔ စေကာက္တာ၊ ေကာက္တာေတာင္ မၾကာေသးဘူး၊ ေကာက္ေနဆဲပဲရွိေသးတယ္၊” ဟု ဦးျပည္ဆုက ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ မၾကာခဏ တိုက္ပြဲမ်ား ျဖစ္ေသာ္လည္း ျပည္နယ္ေရြးပြဲေကာ္မရွင္အေနနဲ႔ ေရြးေကာက္ပြဲက်င္းပနိုင္ရန္ ျပည္ေထာင္စုအဆင့္ထိ သေဘာထားမွတ္ခ်က္မ်ားေတာင္းခံထားေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္က “စစ္ျဖစ္ေနတဲ့ နယ္ေျမေဒသအေျခအေနမွာလည္း ေရြးေကာက္ပြဲက်င္းပနိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနကို သေဘာထားမွတ္ခ်က္ ေတာင္းခံထားတယ္။ ခုခ်ိန္မွာေတာ့ ေရြးေကာက္ပြဲလုပ္နိုင္ျခင္း၊ မလုပ္နိုင္ျခင္းကေတာ့ ေစာပါေသးတယ္” ဟု ေျပာသည္။

သို႔ေသာ္ စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ လက္ရွိအေျခအေန နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ေရြးေကာက္ပြဲေန႔တြင္ စစ္ေဘးေရွာင္မဲဆႏၵရွင္ျပည္သူမ်ား လုံျခဳံစြာမဲေပးနိုင္ေရး စိုးရိမ္ရသည္ဟု ဦးျပည္ဆုကဆိုသည္။

“ေရြးေကာ္ပြဲေကာ္မရွင္ဘက္က က်င္းပနိုင္တယ္လို႔ေျပာတယ္၊ ဒါေပမဲ့ မဲေပးတဲ့ေန႔မွာ တိုက္ပြဲေတြျဖစ္လာရင္ ဘယ္လိုလုပ္မွာလဲေပါ့။ ဒါေတြက ကၽြန္ေတာ္တို႔ စိုးရိမ္စရာျဖစ္တယ္” ဟု ၎က ေျပာသည္။

ခ်င္းျပည္နယ္တြင္ လာမည့္ ၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲ၌ မဲေပးပိုင္ခြင့္ရွိသူ သုံးသိန္းခုနစ္ေသာင္းေက်ာ္ရွိေၾကာင္းခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္၏ စာရင္းအရသိရသည္။