Input your search keywords and press Enter.

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလွယ်လောင်းအျမားအပြားဝင်ပြိုင်ခြင်းအေပါ်အမြင်မတူမှုဖြစ်

Salai C.Lian

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလှယ်လောင်းအများအပြားဝင်ပြိုင်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအကြားသဘောထားအမြင် မတူမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းလေးဦးအပါအဝင် ပါတီပေါင်းစုံမှကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုသို့ ကိုယ်စားလှယ်အများအပြားများ ဝင်ရောက်ရွေးချယ်ခြင်းကြောင့် အခြားတိုင်းရင်းသားများအမြင်တွင် ချင်းလူမျိုးများ၏ သဘောထားကွဲလွဲမှုကို ပိုမိုပေါ်လွန်စေကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ချင်းမာတာ တာဝန်ခံ Andrew Tatuang က “မစည်းလုံးဘူးဆိုပြီး မြင်တဲ့သူတွေကတော့ မြင်နိုင်တာပေါ့၊ တစ်ဖက်ကပြောရင် လက်ရှိတိုင်းရင်းသားရေးရာဝန်ကြီးနေရာက ဝန်ကြီးတန်းဖြစ်မဲ့သူဆိုတော့ သူ့ရဲ့ခံစားခွင့်ကလည်းကြီးတာကို၊ အဲဒါလည်း တစ်ပိုင်းဖြစ်မယ်။ နောက်တစ်ခုက ၂၀၁၀၊ ၂၀၁၅ ခုနှစ်မှာ အရွေးခံရတဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးရှိ‌ပေမဲ့ ကျောင်းသားတွေ ဘွဲ့လက်မှတ်ကိစ္စ ပြသနာတွေတတ်တုန်းက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ဘာလုပ်နေမှန်းတောင် မသိလိုက်ရဘူး။ အခုရွေးကောက်ပွဲ ဝင်ပြိုင်မဲ့သူတွေထဲမှာ ၅၀ ရာခိုင်းနူန်းကတော့ အရင်ကဝန်ကြီးတွေကို အားမရလို့ ဖြစ်မယ်လို့မြင်တယ်။ အခုဟာက တိုင်းရင်းသားရေးရာဝန်ကြီးကို လစာရအောင် မဲပေးတာနဲ့ သွားတူနေတယ်” ဟု ဆိုသည်။

သို့သော် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား ကိုယ်စားလောင်း အများအပြားဝင်ရောက်အရွေးခံခြင်းသည် ပြည်သူများအတွက် ရွေးချယ်ခွင့်များပြားသည့်အတွက် ပိုမိုကောင်းကြောင်း တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်မည့် ဦးလာထန်ကြွမ်းက ပြောသည်။

“မဲဆန္ဒရှင်အနေနဲ့ကတော့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ဖြစ်၊ ၁၁ ဦးဖြစ်ဖြစ် သူကတော့ တစ်ဦးပဲရွေးမယ်၊ သူ့အတွက် ရွေးချယ်ခွင့်ပိုရတယ်၊ အရင်ကတော့ ဒီတစ်ယောက်မကြိုက်ဘူးဆိုရင် တစ်ခြားရွေးဖို့မရှိဘူး၊ အခုကတော့ သူ့စိတ်ကြိုက်ရွေးနိုင်တော့မယ်ဆိုတော့ ပိုကောင်းတယ်” ဟု ဦးလာထန်ကြွမ်းက ပြောသည်။

ထိုချင်းတိုင်းသားဝန်ကြီးနေရာဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများပြားသော်လည်း ဝင်ရောက်အရွေးချယ်ခံသူအားလုံးသည် ချင်းလူမျိုးများအတွက် ကူညီချင်သူနှင့် ‌ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချင်သူများပင်ဖြစ်ကြောင်း ချင်းလူမူရေးအသင်းမှ ဗဟိုအတွင်းရေးမှူး ဦးဘွဲ့လျန်ခုပ်က သုံးသပ်ပြောကြားသည်။

“အကောင်းဆုံးကတော့ ချင်းလူမျိုးတွေ တစ်ပါတီနဲ့တစ်ပါတီ ညီညီညွတ်ညွတ်နဲ့ ဦးဆောင်နိုင်တဲ့သူကို နေရာပေးရင်တော့အကောင်းဆုံးပေါ့၊ ဒါပေမဲ့ အခုပါဝင်ယှဉ်ပြိုင်မဲ့သူတွေလည်း ချင်းလူမျိုးတွေကို ကူညီချင်တဲ့သူနှင့် ဖွံ့ဖြိုးရေးလုပ်ချင်တဲ့သူတွေပါပဲ၊ ပါတီစုံဒီမိုကရေစီဆိုတော့လည်း အခုလိုများတာပါ” ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ ကလေးမြို့တွင် ၁၃၁၃၅၉ ဦး၊ တမူးမြို့တွင် ၃၅၇၉၃ ဦး၊ ဟုမ္မလင်းမြို့တွင် ၃၃၁၀ ဦး၊ လေရှီး (နာဂ) မြို့တွင် ၁၃၅၀ ဦးနှင့် ခန္တီးမြို့တွင် ၃၀၉ ဦးရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် ဦးလာထန်ကြွမ်း၊ ဦးဘွန်းဇနန် (ခ) ပူဘွန်ဇနန်း၊ ဦးဘွာလ်နှောက်၊ဦးတွန့်လမ်းထန်းတို့အပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဆန်ထောမ်ထန်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမာန်ခွါးဟုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်လါလ်ရင်းမွန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစံရာအုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထန်ဆဲယာ၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဒေါက်တာဂင်ဟဲ့လျန်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးလာဘွေ့ဘိခ်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအား ကိုယ္စားလြယ္ေလာင္းအ်မားအျပားဝင္ၿပိဳင္ျခင္းေအပၚအျမင္မတူမႈျဖစ္

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအား ကိုယ္စားလွယ္ေလာင္းအမ်ားအျပားဝင္ၿပိဳင္ျခင္းႏွင့္ပတ္သက္၍ ျပည္သူမ်ားအၾကားသေဘာထားအျမင္ မတူမႈ ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ တစ္သီးပုဂၢလကိုယ္စား လွယ္ေလာင္းေလးဦးအပါအဝင္ ပါတီေပါင္းစုံမွကိုယ္စားလွယ္ေလာင္း ၁၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ထိုသို႔ ကိုယ္စားလွယ္အမ်ားအျပားမ်ား ဝင္ေရာက္ေရြးခ်ယ္ျခင္းေၾကာင့္ အျခားတိုင္းရင္းသားမ်ားအျမင္တြင္ ခ်င္းလူမ်ိဳးမ်ား၏ သေဘာထားကြဲလြဲမႈကို ပိုမိုေပၚလြန္ေစေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။

ခ်င္းမာတာ တာဝန္ခံ Andrew Tatuang က “မစည္းလုံးဘူးဆိုၿပီး ျမင္တဲ့သူေတြကေတာ့ ျမင္နိုင္တာေပါ့၊ တစ္ဖက္ကေျပာရင္ လက္ရွိတိုင္းရင္းသားေရးရာဝန္ႀကီးေနရာက ဝန္ႀကီးတန္းျဖစ္မဲ့သူဆိုေတာ့ သူ႔ရဲ့ခံစားခြင့္ကလည္းႀကီးတာကို၊ အဲဒါလည္း တစ္ပိုင္းျဖစ္မယ္။ ေနာက္တစ္ခုက ၂၀၁၀၊ ၂၀၁၅ ခုႏွစ္မွာ အေရြးခံရတဲ့ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးရွိ‌ေပမဲ့ ေက်ာင္းသားေတြ ဘြဲ႕လက္မွတ္ကိစၥ ျပသနာေတြတတ္တုန္းက ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးက ဘာလုပ္ေနမွန္းေတာင္ မသိလိုက္ရဘူး။ အခုေရြးေကာက္ပြဲ ဝင္ၿပိဳင္မဲ့သူေတြထဲမွာ ၅၀ ရာခိုင္းႏူန္းကေတာ့ အရင္ကဝန္ႀကီးေတြကို အားမရလို႔ ျဖစ္မယ္လို႔ျမင္တယ္။ အခုဟာက တိုင္းရင္းသားေရးရာဝန္ႀကီးကို လစာရေအာင္ မဲေပးတာနဲ႔ သြားတူေနတယ္” ဟု ဆိုသည္။

သို႔ေသာ္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအား ကိုယ္စားေလာင္း အမ်ားအျပားဝင္ေရာက္အေရြးခံျခင္းသည္ ျပည္သူမ်ားအတြက္ ေရြးခ်ယ္ခြင့္မ်ားျပားသည့္အတြက္ ပိုမိုေကာင္းေၾကာင္း တစ္သီးပုဂၢလပါဝင္ယွဥ္ၿပိဳင္မည့္ ဦးလာထန္ႂကြမ္းက ေျပာသည္။

“မဲဆႏၵရွင္အေနနဲ႔ကေတာ့ ကိုယ္စားလွယ္ေလာင္း တစ္ဦးျဖစ္ျဖစ္၊ ၁၁ ဦးျဖစ္ျဖစ္ သူကေတာ့ တစ္ဦးပဲေရြးမယ္၊ သူ႔အတြက္ ေရြးခ်ယ္ခြင့္ပိုရတယ္၊ အရင္ကေတာ့ ဒီတစ္ေယာက္မႀကိဳက္ဘူးဆိုရင္ တစ္ျခားေရြးဖို႔မရွိဘူး၊ အခုကေတာ့ သူ႔စိတ္ႀကိဳက္ေရြးနိုင္ေတာ့မယ္ဆိုေတာ့ ပိုေကာင္းတယ္” ဟု ဦးလာထန္ႂကြမ္းက ေျပာသည္။

ထိုခ်င္းတိုင္းသားဝန္ႀကီးေနရာဝင္ေရာက္အေရြးခ်ယ္ခံမည့္ ကိုယ္စားလွယ္ေလာင္းမ်ားျပားေသာ္လည္း ဝင္ေရာက္အေရြးခ်ယ္ခံသူအားလုံးသည္ ခ်င္းလူမ်ိဳးမ်ားအတြက္ ကူညီခ်င္သူႏွင့္ ‌ေဒသဖြံ့ၿဖိဳးေရး လုပ္ေဆာင္ခ်င္သူမ်ားပင္ျဖစ္ေၾကာင္း ခ်င္းလူမူေရးအသင္းမွ ဗဟိုအတြင္းေရးမႉး ဦးဘြဲ႕လ်န္ခုပ္က သုံးသပ္ေျပာၾကားသည္။

“အေကာင္းဆုံးကေတာ့ ခ်င္းလူမ်ိဳးေတြ တစ္ပါတီနဲ႔တစ္ပါတီ ညီညီညြတ္ညြတ္နဲ႔ ဦးေဆာင္နိုင္တဲ့သူကို ေနရာေပးရင္ေတာ့အေကာင္းဆုံးေပါ့၊ ဒါေပမဲ့ အခုပါဝင္ယွဥ္ၿပိဳင္မဲ့သူေတြလည္း ခ်င္းလူမ်ိဳးေတြကို ကူညီခ်င္တဲ့သူႏွင့္ ဖြံ့ၿဖိဳးေရးလုပ္ခ်င္တဲ့သူေတြပါပဲ၊ ပါတီစုံဒီမိုကေရစီဆိုေတာ့လည္း အခုလိုမ်ားတာပါ” ၎က ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ မဲေပးပိုင္ခြင့္ရွိသူ ကေလးၿမိဳ႕တြင္ ၁၃၁၃၅၉ ဦး၊ တမူးၿမိဳ႕တြင္ ၃၅၇၉၃ ဦး၊ ဟုမၼလင္းၿမိဳ႕တြင္ ၃၃၁၀ ဦး၊ ေလရွီး (နာဂ) ၿမိဳ႕တြင္ ၁၃၅၀ ဦးႏွင့္ ခႏၲီးၿမိဳ႕တြင္ ၃၀၉ ဦးရွိေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ တိုင္းေဒသႀကီးတြင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအား တစ္သီးပုဂၢလကိုယ္စားလွယ္မ်ားအျဖစ္ ဦးလာထန္ႂကြမ္း၊ ဦးဘြန္းဇနန္ (ခ) ပူဘြန္ဇနန္း၊ ဦးဘြာလ္ေႏွာက္၊ဦးတြန႔္လမ္းထန္းတို႔အျပင္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးဆန္ေထာမ္ထန္၊ ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီမွ ဦးမာန္ခြါးဟုန္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒၚလါလ္ရင္းမြန္၊ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီမွ ဦးစံရာအုပ္၊ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဦးထန္ဆဲယာ၊ အမ်ိဳးသားဒီမိုကရက္တစ္ပါတီမွ ေဒါက္တာဂင္ဟဲ့လ်န္ႏွင့္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီမွ ဦးလာေဘြ႕ဘိခ္တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။