Input your search keywords and press Enter.

UDP ပါတီအနေဖြင့် အနိုင်ရသည် ဖြစ်စေ၊အနိုင်မရသည်ဖြစ်စေ၊ဥက္ကဌကြီး၏ ငွေကြေးဒါနဖြင့် လူထုဘဝ မြှင့်တင်မည်ဟုဆို

 

Salai Shing Mang

United Democratic Party (UDP) အနေဖြင့် အနိုင်ရသည် ဖြစ်စေအနိုင်မရသည်ဖြစ်စေဥက္ကဌကြီး၏ ငွေကြေးဒါနနှင့် လူထုဘဝ မြှင့်တင်မည်ဟုချင်းပြည်နယ် UDP ပါတီတာဝန်ခ ံဦးတွန်ခမ်ကပ် မှ ပြောသည်။

“ပါတီအနေနဲ့ အောင်နိုင်သည်ဖြစ်စေ ၊ မအောင်နိုင်သည်ဖြစ်စေ ကျွန်တော်တို့ ရေးရာ ၄ခုနှင့် သွားပြီးတော့မှ ဥက္ကဌ ကြီးရဲ့ ငွေးကြေးဒါနနဲ့ လူထုဘဝ မြှင့်တင်မယ်၊ တကယ်လို့အောင်ခဲ့မယ်ဆိုရင် ရည်မှန်းချက် ၁၂ ချက်အတိုင်း ကျွန်တော်တို့ ဥက္ကဌကြီးရဲ့ အဆိုအမိန့်အတိုင်းဆောင်ရွက်မယ်၊လူထုကိုအလုပ်လက်မဲ့မဖြစ်စေရမူဝါဒနဲ့သွားမယ်၊၁၃နှစ်အောက်ကလေးတိုင်းလူမှုရေး၊စီးပွားရေး၊ပညားရေးအစစအရာရာ ပြည့်စုံအောင် ကူညီထောက်ပံ့ပေးမယ်၊ ပြီးတော့ အသက် ၆၀ ကျော် လူကြီးတွေကိုဒေါ်လာ ၃၀ နဲ့ ဥက္ကဌ ကြီးရဲ့ ကတိအတိုင်းဆောင်ရွက်ပေးမယ် “ ချင်းပြည်နယ် UDP ပါတီတာဝန်ခံဦး တွန်ခမ်ကပ် မှ ပြောသည်။

UDP ပါတီအနေဖြင့် ချင်းပြည်နယ်အတွင်းပါတီအလံအုပ်စုအလိုက် ၅ဝဝကျော် ထောင်ထားပြီး ချင်းပြည်တစ်ပြည်နယ်လုံးတွင် ပါဝင်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။
ဦး တွန်ခန်ကပ် မှ ဆက်ပြီး “ ကျေးလက်တောတန်းဒေသမှာတကယ်လိုအပ်နေတဲ့ နိုင်ငံခြားမှာငွေနည်းလမ်းမရှိပဲနဲ့ နည်းလမ်းရှိအောင်ကြံပြီးတော့မှ ဆောင်ရွက်နေမှုမရှိအောင် လျော့ချအောင် ၊ကိုယ့်ဒေသမှာစင်ကာပူနိုင်ငံလို ၊ US နိုင်ငံလိုသူများနိုင်ငံမှာ ကျွန်ခံဖို့ မသွားပဲနဲ့ ကိုယ့်ဒေသကိုယ့်နေရာအနှံ့ မှာစက်ရုံအလုပ်ရုံဥက္ကဌ ကြီးရဲ့ ငွေကြေးဒါနပံ့ပိုးမှုနဲ့ အတူနိုင်ငံတော်ဂျက်ပူးပေါင်းဆောင်ရွက်ပြီးတော့ မှ ဆက်လက်ဆောင်ရွက်ရင်း ပြည်သူလူထုရဲ့အဓိကဝမ်းစာဖူလှုံရေးစီးပွားရေးအခက်ခဲကိုဖြေရှင်းမယ်၊အလုပ်လက်မဲ့ ကိစ္စဖြေရှင်းမယ်၊ချို့တဲ့နေတဲ့ ပညာရေးကိုအကောင်းမွန်ဆုံးဆောင်ရွက်ပေးမယ်” ဟုလည်းပြောသည်။

UDP ပါတီသည် တိုင်းရင်းသားများအတွက် တကယ့်လိုအပ်တဲ့ ပါတီဖြစ်သည့် အတွက် ပါဝင်ဆောင်နေရခြင်းဖြစ်ကြောင်းလည်း ကန်ပလက်မြို့တွင်နေထိုင်သူ ချင်းပြည်နယ် UDP ပါတီတာဝန်ခံ တစ်ဦးဖြစ်သည့် ဒေါ်လေးနိုင်မှ ပြောသည်။
“ကျွန်မတို့ကဒီ UDP ပါတီ နှင်းဆီပါတီသဘောကျပြီးမှ ဘာလို့ လှုပ်ရှားခဲ့လဲဆိုတော့ မြန်မာပြည်ရှိတဲု့ တိုင်းရင်းသားအားလုံးကိုလွှမ်းခြုံနိုင်တဲ့ အာမခံချက် ကောင်းတဲ့ အောက်ခြေကနေ ပြည်သူလူထုရဲ့ ဘဝကို မြှင့်တင်ပေးနိုင်တဲ့ပါတီဆိုတာတကယ့်ကို ကျွန်မတို့ လက်တွေ့လက်ခံတဲ့အတွက်ကြောင့်မို့လို့ကျွန်မတို့တိုင်းရင်းသားတွေအတွက် တကယ့်ကိုလိုအပ်တဲ့ပါတီဖြစ်လို့ လုပ်ဆောင်ဖြစ်တာပေါ့နော်” ဟု ချင်းပြည်နယ ် UDP ပါတီ တာဝန်ခံ ဒေါ်လေနိုင်မှ ပြောသည်။
ပါတီ၏ မူဝါဒချမှတ်ချက်ပုံသည် တိုင်းရင်းသားများ လိုလားတောင့်တသည့်အရာဖြစ်ပြီး မူဝါဒချမှတ်ရာတွင်လည်း အာမခံချက်ကောင်းပြီး Foundation ချမှတ်သည့် အပိုင်းတွင်လည်း ကောင်းမွန်သည်ဟု ယူဆသည့်အတွက် ပါတီအတွက် လုပ်ဆောင်နေရခြင်းဖြစ်ပြီး အောင်မြင်အောင်လည်း ဆောင်ရွက်မည်ဟု ဒေါ်လေးနွယ်မှ ပြောသည်။

United Democratic Party သည် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြပြီး ပါတီ ဥက္ကဌသည် ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင် ဖြစ်ပြီး ကချင်တိုင်းရင်းသား တစ်ဦး ဖြစ်ကြောင်းသိရသည်။