Input your search keywords and press Enter.

ကိုရိုနာဗိုင်းရပ်(စ်)ကာလအတွင်းအိန္ဒိယနိုင်ငံတွင် အပြာဇတ်ကား ကြည့်ရူသူအများဆုံးအဖြစ် မီဇိုရမ်အမည်ထွက်

 

 

Salai C Lian

ချင်းပြည်နယ်နှင့်နယ်စပ်ပြည်နယ်ဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကာလအတွင်း ကလေးသူငယ်များ အပြာကားကြည့်ရူသူ အများဆုံးအဖြစ် မီဇိုရမ်ပြည်နယ် အမည်ထွက်ရှိကြောင်း ဒေသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါအကြောင်းကို မီဇိုရမ်ပြည်နယ် ကလေးသူများ ကာကွယ်စောင့်ကြည့်ရေး ကော်မတီ( Mizoram State Commission for Protection of Child Right) မှ သုတေသနပြုလုပ်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် အိန္ဒိယနိုင်ငံ ကာကွယ်စောင့်ကြည့်ရေး ရံပုံငွေအဖွဲ့ (India Chinld Protection Fund, New Delhi) မှ သုတေသနပြုလုပ်ချက်အရကိုရိုနာဗိုင်းရပ်(စ်)ကြောင့်တစ်နိုင်ငံလုံးလောဒ်ဒေါင်းချခံရပြီးအိမ်မှာနေစဉ်လိင်စိတ်ပြင်းပြမူ၊ကလေးသူငယ်များအပြာဇတ်ကားကြည့်ရူမူမြင့်တက်လာရကြောင်း သိရပြီးနောက် အဆိုပါကြည့်ရူမူအများဆုံးတွင် မီဇိုရမ်အမည် ထွက်ပေါ်လာခြင်းဖြစ်သည်။

လောဒ်ဒေါင်းကာလအတွင်း ကလေးသူငယ်များ အနိုင်ကျင်မူ၊ လိပ်ဆက််ဆံရန် ကြိုးစားနှင့် ရိုက်နှိပ်မူတို့ဖြင့် Childline India Helpline သို့ဖုန်းခေါ်ဆိုမူ ကြိမ်ပေါင်း ၉၂၀၀၀ ထိရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ် အခြေစိုက် ဇိုးရင့် သတင်းဌာနက ဖော်ပြထားသည်။