Input your search keywords and press Enter.

အရိူချင်းအမျိုးသားပါတီ(ACNP) ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၈) နေရာပါဝင်ယှဉ်ပြိုင်မည်

 

 

 

Salai C Lian

 

အရိူချင်းအမျိုးသားပါတီအနေဖြင့် လာမည့် နိုင်ဝင်ဘာ (၈) ရက်နေ့ ပါတီစုံ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအပါအဝင် ကိုယ်စားလှယ်လောင်း (၈) နေရာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အရိူချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်း အောင်မင်းလိူင်က ပြောသည်။

ဆလိုင်း အောင်မင်းလှိုင်က “ကျွန်တော်တို့ အရင်နှစ်ကလည်း ဒီနှစ်လိုပဲ အမတ်လောင်း (၈) နေရာ ပါဝင်ယှဉ်ပြိုင်တယ်၊ ဒါပေမဲ့ ဒီနှစ်မှာတော့ နိုင်ဖို့အလားအလာ ကောင်းတယ်၊ နိုင်ဖို့လည်း မျော်လင့်ထားတယ်” ဟု ပြောသည်။

အဆိုပါကိုယ်စားလှယ်လောင်း (၈) နေရာတွင် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး (၂) နေရာ၊ မကွေးတိုင်းဒေသကြီးတွင် ကိုယ်စားလှယ်လောင်း (၄) ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးတွင် ကိုယ်စားလှယ် (၂) ဦးပါဝင်င်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဆလိုင်းအောင်းမင်းလှိုင်က ဆိုသည်။

သူက “အခုပါဝင်ယှဉ်ပြိုင်မဲ့သူတွေကတော့ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာမှာ ဆလိုင်း အောင်မင်းလှိုင်၊ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာမှာ ဆလိုင်းမောင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီးမှာ စေတုတ္တရာမြို့နယ် အမှတ်(၁) ကနေ ဆလိုင်းဇော်နိူင်ထွန်း၊ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကနေ ဆလိုင်းဆန်းမောင်၊ငဲဖဲမြို့နယ် တိုင်းဒေသကြီး အမှတ်(၁)ကနေ ဆလိုင်းမောင်မောင်ခင်၊ အမှတ်(၂) ကနေ ဆလိုင်းမျိုးမြင့်နိူင်၊ ပဲခူးတိုင်း (ပန်းတောင်းမြို့နယ် အမှတ်(၁) ကနေ ဆလိုင်ဇီတိုး၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၂) ကနေ ဆလိုင်းအောင်မျိုးဇော်တို့ ပါဝင်ယှဉ်ပြိုင်မယ်” ဟု ဆိုသည်။

အရိူချင်းအမျိုးသားပါတီသည်၂၀၁၂ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သည့်ပါတီဖြစ်ပြီး၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၄င်းတို့ပါတီဝင်ရောက်ယှန်ပြိုင်ခဲ့သည့်နေရာများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုရှံးနိမ့်ခဲ့သည်။