Input your search keywords and press Enter.

ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် (၁၀) နေရာသာ ပါဝင်ယှဥ်ပြိုင်မည်ဟုဆို

Salai C.lian

ဇိုးမီး ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် အမတ် (၁၀) နေရာသာပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကင်ခန့်လျန်က ပြောသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဦးကင်ခန့်လျန်က “ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ထဲမှာ (၁၁) နေရာပါဝင်မယ်လို့ပါတယ်၊ ဒါပေမဲ့ အခုတော့မဝင်တော့ဘူး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို မဝင်တော့ဘူး၊ တိုင်းဒေသကြီးအမှတ် (၂) တစ်ခုထဲပါဝင်တော့မယ်” ဟု ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲတွင် ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်သည် ကိုယ့်အိမ်ကွင်းတွင် ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး အဝေးမှလာသော ပါတီများကို အပြီးသတ်အနိုင်ယူမည်ဖြစ်ကြောင်း ဦးကင်ခန့်လျန်က ဆိုသည်။

သူက “ကျွန်တော်တို့တီးတိန်နှင့်တွန်းဇံမှာကတော့ (၉) နိုင်မယ်လို့တော့ မျော်မှန်းထားတယ်၊ ဘာလို့လဲဆိုတော့ ၂၀၁၅ တုန်းက ကျွန်တော်တို့နိုင်ပြီးသားနေရာတွေပဲလေ၊ ၁၀၀ ရာခိုင်းနူန်းနိုင်မယ်လို့တော့ မျော်မှန်းထားတယ်၊ ကျွန်တော်တို့ကတော့ ဒေသခံတွေရှိတယ်၊ အခုလာပြိုင်မဲ့သူတွေက တစ်ခြားကနေလာတာလေ၊ အဝေးကနေလာကြတယ်၊ ဘော်လုံးဆိုရင်တော့ ကျွန်တော်တို့က အိမ်ကွင်းဖြစ်တယ်၊ ကိုယ့်အိမ်ကွင်းမှာတော့ ကိုယ်နိုင်ရမှာပေါ့” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။

Zawgyi

ဇိုးမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ လာမည့္ေရြးေကာက္ပြဲတြင္ (၁၀) ေနရာသာ ပါဝင္ယွဥ္ၿပိဳင္မည္ဟုဆို

ဇိုးမီး ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ က်ေရာက္လာမည့္ နိုဝင္ဘာလ (၈) ရက္ေန႔ ပါတီစုံေရြးေကာက္ပြဲတြင္ အမတ္ (၁၀) ေနရာသာပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြင္းေရးမႉး ဦးကင္ခန႔္လ်န္က ေျပာသည္။

ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးကင္ခန႔္လ်န္က “ကၽြန္ေတာ္တို႔ထုတ္ျပန္ထားတဲ့ထဲမွာ (၁၁) ေနရာပါဝင္မယ္လို႔ပါတယ္၊ ဒါေပမဲ့ အခုေတာ့မဝင္ေတာ့ဘူး၊ စစ္ကိုင္းတိုင္းေဒသႀကီး တိုင္းရင္းသားေရးရာဝန္ႀကီးေနရာကို မဝင္ေတာ့ဘူး၊ တိုင္းေဒသႀကီးအမွတ္ (၂) တစ္ခုထဲပါဝင္ေတာ့မယ္” ဟု ေျပာသည္။

ထို႔ျပင္ လာမည့္ေရြးေကာက္ပြဲတြင္ ဇိုးမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္သည္ ကိုယ့္အိမ္ကြင္းတြင္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အေဝးမွလာေသာ ပါတီမ်ားကို အၿပီးသတ္အနိုင္ယူမည္ျဖစ္ေၾကာင္း ဦးကင္ခန႔္လ်န္က ဆိုသည္။

သူက “ကၽြန္ေတာ္တို႔တီးတိန္ႏွင့္တြန္းဇံမွာကေတာ့ (၉) နိုင္မယ္လို႔ေတာ့ ေမ်ာ္မွန္းထားတယ္၊ ဘာလို႔လဲဆိုေတာ့ ၂၀၁၅ တုန္းက ကၽြန္ေတာ္တို႔နိုင္ၿပီးသားေနရာေတြပဲေလ၊ ၁၀၀ ရာခိုင္းႏူန္းနိုင္မယ္လို႔ေတာ့ ေမ်ာ္မွန္းထားတယ္၊ ကၽြန္ေတာ္တို႔ကေတာ့ ေဒသခံေတြရွိတယ္၊ အခုလာၿပိဳင္မဲ့သူေတြက တစ္ျခားကေနလာတာေလ၊ အေဝးကေနလာၾကတယ္၊ ေဘာ္လုံးဆိုရင္ေတာ့ ကၽြန္ေတာ္တို႔က အိမ္ကြင္းျဖစ္တယ္၊ ကိုယ့္အိမ္ကြင္းမွာေတာ့ ကိုယ္နိုင္ရမွာေပါ့” ဟု ေျပာသည္။

၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ Zomi Congress For Democracy (ZCD) ပါတီအေနျဖင့္ ခ်င္းျပည္နယ္၊ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္တို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ (၆) ေနရာ အနိုင္ရခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕တြင္လည္း ဝန္ႀကီး (၁) ေနရာ ရရွိခဲ့သည္။