Input your search keywords and press Enter.

စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အမတ် (၆) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရ

Salai C.lian

ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာ ပါတီ (၅) မှကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ (၁) ဦးတို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ လာလ်ရင်မွန်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆန်ထောင်းထန်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကပ်ခန့်ခွာလ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦး လာလ်ဘွဲ့ဘိတ်၊ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထန်းဆဲလ်းလာနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဦး လာလ်ထန်ကြွမ်းတို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအကြောင်းနဲ့ပတ်သက်ပြီး ကလေးမြို့အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွင် တက်ကြွလုပ်ရှားနေသည့် အဖွဲ့အစည်းများမှ သူတို့အမြင်များကို ယခုလိုဆိုသည်။

Andrew Tatuang (ချင်းမာတာ)က “မစည်းလုံးဘူးဆိုပြီး မြင်တဲ့သူတွေကတော့ သူတို့အနေနဲ့ မြင်နိုင်တာပေါ့၊ တစ်ဖက်ကပြောရင် လက်ရှိတိုင်းရင်းသားရေးဝန်ကြီးကတော့ ရွေးကောက်ခံဝန်ကြီးလေ၊ ဝန်ကြီးတန်းဖြစ်မဲ့သူဆိုတော့ သူ့ရဲ့ခံစားခွင့်ကလည်းကြီးတာကို အဲဒါလည်း တစ်ပိုင်းဖြစ်မယ်၊ နောက်တစ်ခုက ၂၀၁၀၊ ၂၀၁၅ ခုနှစ်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးရှိတယ်၊ ကျောင်းသားတွေ ဘွဲ့လက်မှတ်ကိစ္စ သူတို့တွေဘာလုပ်နေမှန်းတောင် မသိလိုက်ရဘူး၊ ပြီးတော့ ကိုဗစ်ကာလမှာ ခိုင်ကမ်းမှာ တော်တော်ပြဿနာတက်တယ် ဝန်ကြီးအမှီးတောင် မမြင်လိုက်ဘူး၊ ဆိုတော့ အခုရွေးကောက်ပွဲ ဝင်ပြိုင်မဲ့သူတွေထဲမှာ ၅၀ ရာခိုင်းနူန်းကတော့ အရင်ကဝန်ကြီးတွေကို အားမရလို့ ဖြစ်မယ်လို့ ကျွန်တော်မြင်တယ်၊ အခုဟာက တိုင်းရင်းသားရေးရာဝန်ကြီးကို လစာရအောင် မဲပေးရုံလေးနဲ့သွားတူနေတယ်” ဟုဆိုသည်။

Sui Khar (ချင်းလူငယ်၊) က “ကျွန်တော်တို့ ပါတီမတူရင်တောင်မှ တစ်ဦးကတော့ရွေးရမယ်၊ အခုလိုကိုယ်စားလှယ်လောင်းများနေတာ လက်ခံမခံဆိုရင် လက်မခံဘူး၊ မဲတွေကလည်းကွဲကုန်တော့မယ် ကိုယ့်လူမျိုးအချင်းချင်းပြန်တိုက်နေရတော့မယ်၊ ဖြစ်စေချင်တာကတော့ တစ်ပါတီမဟုတ်ရင်တောင်မှ ကိုယ့်ဦးဆောင်မဲ့သူကို တစ်ဦးတည်းအတူရွေးစေချင်တယ်”

Ni Lian Sang (တာဟန်းတက်ကြွလူငယ်) “ဒါကတော့ ဘယ်လိုပြောမလဲ ကိုယ့်အိုင်ဒီယာနဲ့ကိုယ်ပဲဆိုတော့ ကိုယ်နဲ့ပေါင်းဖက်လို့ရတဲ့ပါတီထဲမှာ ပေါင်းဖက်လို့ရလို့ ဝင်ပြိုင်တယ်ဆိုတာက ထုံးစံပေါ့၊ အကြောင်းကြောင်းကြောင့် ကိုယ့်ပါတီထဲမှာ ဝင်ပြိုင်လို့မရဘူးဆိုရင်လဲ သူနဲ့သဘောထားချင်းမတိုက်ဆိုင်လို့ သူ့အနေနဲ့တော့ သူ့အခွင့်အရေးပေါ့၊ ကျွန်တော်အမြင်မှာတော့ ချင်းတွေကမျိုးကွဲအရမ်းများလွန်းအားကြီးတယ်၊ စကားမတူတာကအစပေါ့၊ ဆိုတော့ တစ်ဖွဲ့ခြင်းစေဖြစ်ကုန်တာပေါ့၊ တစ်ကယ်ဖြစ်သင့်တာကတော့ ချင်းတွေအားလုံး ကိုယ်စားပြုတဲ့ဟာဆိုရင် ဖြစ်သင့်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့မျိုးကွဲများတော့ အခုလိုများတာဖြစ်မယ်၊ အနေအထားက အဲလိုဆိုတော့ လက်မခံလို့လဲမရဘူး”

Bawi Lian Khum (ချင်းလူမူရေးအသင်း၊ ဗဟိုအတွင်းရေးမှူး)
“ကျွန်တော်တို့ မြန်မာနိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ဆိုတော့ ကောင်းပါတယ်၊ အကောင်းဆုံးကတော့ ချင်းလူမျိုးတွေ တစ်ပါတီနဲ့တစ်ပါတီ ညီညီညွတ်ညွတ်နဲ့ ဦးဆောင်နိုင်တဲ့သူကို နေရာပေးရင်တော့အကောင်းဆုံးပေါ့၊ ဒါပေမဲ့ အခုပါဝင်ယှဉ်ပြိုင်မဲ့သူတွေလည်း ချင်းလူမျိုးတွေကို ကူညီချင်တဲ့သူနှင့် ဖွံ့ဖြိုးရေးလုပ်ချင်တဲ့သူတွေပါပဲ၊ ပါတီစုံဒီမိုကရေစီဆိုတော့လည်း အခုလိုဖြစ်တာပါ”

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ချင်းတိုးတက်ရေးပါတီမှ အနိုင်ရရှိပြီး ဝန်ကြီး ဦးနိုးထန်ကပ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအနိုင်ရရှိပြီး ဝန်ကြီးဦးလားထောင်ထန်တို့ဖြင့် ဦးဆောင်ခဲ့ကြောင်းသိရသည်။

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး တိုင္းရင္းသားေရးရာဝန္ႀကီးေနရာ အမတ္ (၆) ဦးမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟုသိရ

က်ေရာက္လာမည့္ နိုဝင္ဘာလ (၈) ရက္ေန႔ ပါတီစုံေရြးေကာက္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီး ေနရာ ပါတီ (၅) မွကိုယ္စားလွယ္မ်ားႏွင့္ တစ္သီးပုဂၢလ (၁) ဦးတို႔မွ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒါက္တာ လာလ္ရင္မြန္၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ဦးဆန္ေထာင္းထန္၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ဦးကပ္ခန႔္ခြာလ္၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီမွ ဦး လာလ္ဘြဲ႕ဘိတ္၊ ႀကံခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဦးထန္းဆဲလ္းလာႏွင့္ တစ္သီးပုဂၢလအေနျဖင့္ ဦး လာလ္ထန္ႂကြမ္းတို႔မွ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါအေၾကာင္းနဲ႔ပတ္သက္ၿပီး ကေလးၿမိဳ႕အတြင္းရွိ အရပ္ဘက္အဖြဲ႕အစည္းတြင္ တက္ႂကြလုပ္ရွားေနသည့္ အဖြဲ႕အစည္းမ်ားမွ သူတို႔အျမင္မ်ားကို ယခုလိုဆိုသည္။

Andrew Tatuang (ခ်င္းမာတာ)က “မစည္းလုံးဘူးဆိုၿပီး ျမင္တဲ့သူေတြကေတာ့ သူတို႔အေနနဲ႔ ျမင္နိုင္တာေပါ့၊ တစ္ဖက္ကေျပာရင္ လက္ရွိတိုင္းရင္းသားေရးဝန္ႀကီးကေတာ့ ေရြးေကာက္ခံဝန္ႀကီးေလ၊ ဝန္ႀကီးတန္းျဖစ္မဲ့သူဆိုေတာ့ သူ႔ရဲ့ခံစားခြင့္ကလည္းႀကီးတာကို အဲဒါလည္း တစ္ပိုင္းျဖစ္မယ္၊ ေနာက္တစ္ခုက ၂၀၁၀၊ ၂၀၁၅ ခုႏွစ္မွာ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးရွိတယ္၊ ေက်ာင္းသားေတြ ဘြဲ႕လက္မွတ္ကိစၥ သူတို႔ေတြဘာလုပ္ေနမွန္းေတာင္ မသိလိုက္ရဘူး၊ ၿပီးေတာ့ ကိုဗစ္ကာလမွာ ခိုင္ကမ္းမွာ ေတာ္ေတာ္ျပႆနာတက္တယ္ ဝန္ႀကီးအမွီးေတာင္ မျမင္လိုက္ဘူး၊ ဆိုေတာ့ အခုေရြးေကာက္ပြဲ ဝင္ၿပိဳင္မဲ့သူေတြထဲမွာ ၅၀ ရာခိုင္းႏူန္းကေတာ့ အရင္ကဝန္ႀကီးေတြကို အားမရလို႔ ျဖစ္မယ္လို႔ ကၽြန္ေတာ္ျမင္တယ္၊ အခုဟာက တိုင္းရင္းသားေရးရာဝန္ႀကီးကို လစာရေအာင္ မဲေပး႐ုံေလးနဲ႔သြားတူေနတယ္” ဟုဆိုသည္။

Sui Khar (ခ်င္းလူငယ္၊) က “ကၽြန္ေတာ္တို႔ ပါတီမတူရင္ေတာင္မွ တစ္ဦးကေတာ့ေရြးရမယ္၊ အခုလိုကိုယ္စားလွယ္ေလာင္းမ်ားေနတာ လက္ခံမခံဆိုရင္ လက္မခံဘူး၊ မဲေတြကလည္းကြဲကုန္ေတာ့မယ္ ကိုယ့္လူမ်ိဳးအခ်င္းခ်င္းျပန္တိုက္ေနရေတာ့မယ္၊ ျဖစ္ေစခ်င္တာကေတာ့ တစ္ပါတီမဟုတ္ရင္ေတာင္မွ ကိုယ့္ဦးေဆာင္မဲ့သူကို တစ္ဦးတည္းအတူေရြးေစခ်င္တယ္”

Ni Lian Sang (တာဟန္းတက္ႂကြလူငယ္) “ဒါကေတာ့ ဘယ္လိုေျပာမလဲ ကိုယ့္အိုင္ဒီယာနဲ႔ကိုယ္ပဲဆိုေတာ့ ကိုယ္နဲ႔ေပါင္းဖက္လို႔ရတဲ့ပါတီထဲမွာ ေပါင္းဖက္လို႔ရလို႔ ဝင္ၿပိဳင္တယ္ဆိုတာက ထုံးစံေပါ့၊ အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ့္ပါတီထဲမွာ ဝင္ၿပိဳင္လို႔မရဘူးဆိုရင္လဲ သူနဲ႔သေဘာထားခ်င္းမတိုက္ဆိုင္လို႔ သူ႔အေနနဲ႔ေတာ့ သူ႔အခြင့္အေရးေပါ့၊ ကၽြန္ေတာ္အျမင္မွာေတာ့ ခ်င္းေတြကမ်ိဳးကြဲအရမ္းမ်ားလြန္းအားႀကီးတယ္၊ စကားမတူတာကအစေပါ့၊ ဆိုေတာ့ တစ္ဖြဲ႕ျခင္းေစျဖစ္ကုန္တာေပါ့၊ တစ္ကယ္ျဖစ္သင့္တာကေတာ့ ခ်င္းေတြအားလုံး ကိုယ္စားျပဳတဲ့ဟာဆိုရင္ ျဖစ္သင့္တာေပါ့၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔မ်ိဳးကြဲမ်ားေတာ့ အခုလိုမ်ားတာျဖစ္မယ္၊ အေနအထားက အဲလိုဆိုေတာ့ လက္မခံလို႔လဲမရဘူး”

Bawi Lian Khum (ခ်င္းလူမူေရးအသင္း၊ ဗဟိုအတြင္းေရးမႉး)
“ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံက ပါတီစုံဒီမိုကေရစီစနစ္ဆိုေတာ့ ေကာင္းပါတယ္၊ အေကာင္းဆုံးကေတာ့ ခ်င္းလူမ်ိဳးေတြ တစ္ပါတီနဲ႔တစ္ပါတီ ညီညီညြတ္ညြတ္နဲ႔ ဦးေဆာင္နိုင္တဲ့သူကို ေနရာေပးရင္ေတာ့အေကာင္းဆုံးေပါ့၊ ဒါေပမဲ့ အခုပါဝင္ယွဥ္ၿပိဳင္မဲ့သူေတြလည္း ခ်င္းလူမ်ိဳးေတြကို ကူညီခ်င္တဲ့သူႏွင့္ ဖြံ့ၿဖိဳးေရးလုပ္ခ်င္တဲ့သူေတြပါပဲ၊ ပါတီစုံဒီမိုကေရစီဆိုေတာ့လည္း အခုလိုျဖစ္တာပါ”

၂၀၁၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာ ခ်င္းတိုးတက္ေရးပါတီမွ အနိုင္ရရွိၿပီး ဝန္ႀကီး ဦးနိုးထန္ကပ္၊ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွအနိုင္ရရွိၿပီး ဝန္ႀကီးဦးလားေထာင္ထန္တို႔ျဖင့္ ဦးေဆာင္ခဲ့ေၾကာင္းသိရသည္။