Input your search keywords and press Enter.

ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၀၀၀ ကျော်ရှိဟု DDI ပြော

ချင်းပြည်နယ်တွင် ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင် ၃၀၀၀ ကျော်ရှိကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ(DDI) ဒါရိုက်တာ Joshua ကပြောသည်။

မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ Joshua က “၂၀၁၅ တုန်းကတော့ အခက်အခဲတွေရှိတယ် အဲဒါတွေကို ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်၊ သူတို့ကလည်း လာမဲ့ရွေးကောက်ပွဲကတော့ အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောထားတယ်၊ (ဥဗမာ မဲရုံတွေကို အပေါ်ထပ်မှာမထားပဲ မြေညီမှာထားဖို့) ပြီးတော့ မသန်စွမ်းသူတွေလည်း မဲပေးဖို့အခက်အခဲရှိတယ်ဆိုရင် သူစိတ်ချရတဲ့သူကို ကူညီတောင်းပြီးခေါ်သွားလို့ရတယ်” ဟု ပြောသည်။

ဆက်ပြီးသူက “ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် မသန်စွမ်းသူတစ်အချို့အနေနဲ့ မဲသွားပေးဖို့စိုးရိမ်နေတယ်ဆိုရင် ကြိုတင်မဲပေးချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ကြိုတင်မဲပေးခွင့်ရှိတယ်၊ ဆိုတော့ ချင်းပြည်နယ်မှာလည်း မသန်စွမ်းသူတွေ မဲပေးနိုင်အောင်လုပ်ပေးမယ်ဆိုတာတွေကြားရတယ်၊ မဲရုံလက်စွဲစာအုပ်ကို မကြာခင်ထွက်လာတော့မယ် အဲဒီမှာဘယ်လောက်ထိ မသန်စွမ်းသူတွေအတွက်ပါလဲ ဆိုတာကတော့ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်” ဟု ဆိုသည်။

ထို့ပြင် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်း မသန်စွမ်းသူများ မဲဆုံးရူံးမူမရှိစေရန် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးမည်ဖြစ်ကြောင်း Joshua ကဆိုသည်။

သူက “ကျွန်တော်တို့ မသန်စွမ်းသူတွေ ပယ်မဲမရှိအောင် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ရှိတယ်၊ ပုစ်တာတွေလည်းကပ်ဖို့ရှိတယ်၊ လာမဲဩဂုတ်လကြရင် မသန်စွမ်းနဲ့မိသားစုတွေကို အသိပညာပေးလုပ်မယ်၊ ပြီးတော့ မဲပေးချင်တဲ့စိတ်ရှိအောင်လုပ်ဆောင်ဖို့ရှိတယ်” ဟု ပြောသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများအနေဖြင့် မဲရုံအနေအထား၊ ကြားအာရုံမသန်စွမ်းသူများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

 

Zawgyi

ခ်င္းျပည္နယ္တြင္ မသန္စြမ္းမဲဆႏၵရွင္ ၃၀၀၀ ေက်ာ္ရွိဟု DDI ေျပာ

ခ်င္းျပည္နယ္တြင္ က်ေရာက္လာမည့္ နိုဝင္ဘာလ (၈) ရက္ေန႔ ပါတီစုံအေထြေထြေရြးေကာက္ပြဲတြင္ မသန္စြမ္းမဲဆႏၵရွင္ ၃၀၀၀ ေက်ာ္ရွိေၾကာင္း မသန္စြမ္းဖြံ့ၿဖိဳးေရးေရွ႕ေဆာင္အဖြဲ(DDI) ဒါရိုက္တာ Joshua ကေျပာသည္။

မသန္စြမ္းဖြံ့ၿဖိဳးေရးေရွ႕ေဆာင္အဖြဲ႕ ဒါရိုက္တာ Joshua က “၂၀၁၅ တုန္းကေတာ့ အခက္အခဲေတြရွိတယ္ အဲဒါေတြကို ကၽြန္ေတာ္တို႔ ေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပခဲ့တယ္၊ သူတို႔ကလည္း လာမဲ့ေရြးေကာက္ပြဲကေတာ့ အားလုံးအဆင္ေျပေအာင္ လုပ္ေပးမယ္လို႔ေျပာထားတယ္၊ (ဥဗမာ မဲ႐ုံေတြကို အေပၚထပ္မွာမထားပဲ ေျမညီမွာထားဖို႔) ၿပီးေတာ့ မသန္စြမ္းသူေတြလည္း မဲေပးဖို႔အခက္အခဲရွိတယ္ဆိုရင္ သူစိတ္ခ်ရတဲ့သူကို ကူညီေတာင္းၿပီးေခၚသြားလို႔ရတယ္” ဟု ေျပာသည္။

ဆက္ၿပီးသူက “ကိုဗစ္ကာလျဖစ္တဲ့အတြက္ေၾကာင့္ မသန္စြမ္းသူတစ္အခ်ိဳ႕အေနနဲ႔ မဲသြားေပးဖို႔စိုးရိမ္ေနတယ္ဆိုရင္ ႀကိဳတင္မဲေပးခ်င္တယ္ဆိုရင္ လြတ္လြတ္လပ္လပ္ႀကိဳတင္မဲေပးခြင့္ရွိတယ္၊ ဆိုေတာ့ ခ်င္းျပည္နယ္မွာလည္း မသန္စြမ္းသူေတြ မဲေပးနိုင္ေအာင္လုပ္ေပးမယ္ဆိုတာေတြၾကားရတယ္၊ မဲ႐ုံလက္စြဲစာအုပ္ကို မၾကာခင္ထြက္လာေတာ့မယ္ အဲဒီမွာဘယ္ေလာက္ထိ မသန္စြမ္းသူေတြအတြက္ပါလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ရမဲ့အေနအထားမွာရွိတယ္” ဟု ဆိုသည္။

ထို႔ျပင္ မသန္စြမ္းဖြံ့ၿဖိဳးေရးေရွ႕ေဆာင္အဖြဲ႕အေနျဖင့္ ခ်င္းျပည္နယ္အတြင္း မသန္စြမ္းသူမ်ား မဲဆုံး႐ူံးမူမရွိေစရန္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အသိပညာေပးမည္ျဖစ္ေၾကာင္း Joshua ကဆိုသည္။

သူက “ကၽြန္ေတာ္တို႔ မသန္စြမ္းသူေတြ ပယ္မဲမရွိေအာင္ ခ်င္းျပည္နယ္မွာ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အသိပညာေပးဖို႔ရွိတယ္၊ ပုစ္တာေတြလည္းကပ္ဖို႔ရွိတယ္၊ လာမဲဩဂုတ္လၾကရင္ မသန္စြမ္းနဲ႔မိသားစုေတြကို အသိပညာေပးလုပ္မယ္၊ ၿပီးေတာ့ မဲေပးခ်င္တဲ့စိတ္ရွိေအာင္လုပ္ေဆာင္ဖို႔ရွိတယ္” ဟု ေျပာသည္။

၂၀၁၅ ပါတီစုံ အေထြေထြေရြးေကာက္ပြဲတြင္ မသန္စြမ္းသူမ်ားအေနျဖင့္ မဲ႐ုံအေနအထား၊ ၾကားအာ႐ုံမသန္စြမ္းသူမ်ား အခက္အခဲၾကဳံေတြ႕ေနရေၾကာင္းသိရသည္။