Input your search keywords and press Enter.

ကျီခါးမြို့နှင့် ခမ်းပတ်မြို့တို့တွင် ကျရောက်သည့် ကော်ဖီနှံကောင် တောင်သူများအတွက် စိုးရိမ်စရာမရှိဟုဆို

 

Photo By Thang Bawi

 

Salai C Lian

 

ချင်းပြည်နယ်၊ ကျီခါးမြို့အနီးနှင့်ခမ်းပတ်မြို့အနီးတို့တွင် ကျရောက်သည့် နှံကောင်များသည် ကော်ဖီနှံကောင်များသာဖြစ်ပြီး တောင်သူများအတွက် စိုးရိမ်စရာမလိုအပ်ကြောင်း ခမ်းပတ်မြို့ စိုက်ပျိုးရေး ဦးစီးဌာန ဦိးစီးမှူး ဦးမျိုးဦးက ပြောသည်။

ဦးမျိုးဦးက “အဓိကအားဖြင့် အုန်းပင်၊ ကျွန်းပင်တို့တွင် ကျရောက်လေ့ရှိတယ်၊ ရာသီဥတု ပြောင်းလဲ လာပြီး အစာရေစာ ရှားပါးချိန်မျိုးမှာ သရက်၊ ကွမ်းပင်၊ ကော်ဖီ၊ မာလကာ၊ စပါး၊ ပဲစဉ်းငုံ၊ ကြံ၊ ငရုတ်၊ ပြောင်း၊ နှံစားပြောင်းနှင့် အခြားသီးနှံအရွက်စိမ်းတွေမှာ ကျရောက်တာများတယ်၊ လက်ရှိတော့ ပိုးသတ်ဆေးဖြန်းတော့ သိပ်မရှိတော့ဘူး၊ ပြည်သူတွေကလည်း စိုးရိမ်လို့ ကျွန်တော့ကိုခေါ်ပြီး စစ်ဆေးခိုင်းတာပါ” ဟု ဆိုသည်။

သူက ဆက်ပြီး “တောင်သူတွေအတွက် စိုးရိမ်စရာမရှိဘူး၊ ကျွန်တော်တို့ကလည်း တက်နိုင်သလောက်ကာကွယ်နေပါတယ်၊ အခုကတော့ မရှိသလောက်ဖြစ်သွားပါပြီ၊ ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးဖြန်းတဲ့ခါမှာ ဆားဆီလဲပါမယ်၊ နောက်ပင်လုံးကြီအာနိသင် ပင်ထဲမှာဝင်ရောက်ပြီးတော့ သေနိုင်တယ် ဒီနှံကောင်တွေစားရင်၊ ပြီးတော့ စားပြီးအငွေ့နဲ့လည်းသေနိုင်တော့၊ အခုတော့ တော်တော်လေးထိန်းချုပ်နိုင်ပြီ” ဟု ပြောသည်။

ချင်းပြည်နယ်၊ ကျီခါးမြို့အနီးတွင်လည်း ပြီးခဲ့သည့် အပတ်မှ စတင်တွေ့ရှိပြီး ရွာများနဲ့ နီးစပ်သောကြောင့် တောင်သူများစိုက်ပျိုးရေး ပျက်စီးမည်ကို စိုးရိမ်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
ကို ထန်းဘွဲ့က “သူတို့ကတော့လောလောဆယ် မြို့ထဲတော့မရောက်သေးဘူး၊ ခြံတွေနဲ့တော့ တော်တော်နီးတယ်၊ မပျံတတ်တာကဘဲ တော်တော်လေးကို သက်သာနေတာ၊ နို့မို့ဆို မလွယ်လောက်ဘူး၊ သူတို့တွေ့တဲ့ အပင်စိမ်းတွေဆိုရင် အကုန်စားတယ်” ဟု ပြောသည်။

ယင်းကော်ဖီနှံကောင်များ ကြိုတင်တားစီးနိုင်ရင် မြေကြီးတွင်းရှိ ဥတောင့်များသေစေရန် ထွန်ရေးနက်နက်ထွန်ယက်ခြင်း၊ လက်ဖြင့် ကောက်ယူ ဖျက်ဆီးခြင်း၊ ဘဲများလွှတ်၍ ဇီဝနည်းဖြင့် ကာကွယ်ခြင်း စိုက်ခင်းများအတွင်း ငှက်နားတိုင်များ စိုက်ထူခြင်း၊သဘာဝပိုးသတ်ဆေးများ ပက်ဖြန်းခြင်း၊ ပိုးကျရောက်မှုများ၍ သီးနှံပျက်စီးမှုများ ရှိပါက ထိသေ၊ စားသေ ပိုးသတ်ဆေးများအား ထိထိမိမိ ပက်ဖျန်းခြင်းဖြင့်လည်း ကာကွယ်နိုင် ကြောင်း သိရသည်။