Input your search keywords and press Enter.

ဘူးသီးတောင်မြို့ (မြို)စစ်ဘေးရှောင်စခန်း ကလေးငယ်များတုတ်ကွေးရောဂါမိပြီး အရေးပေါ်ကုသမူလိုအပ်နေ

Salai C.Lian

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ (မြို) စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်နှင့်သက်ကြီးရွယ်အိုများ တုတ်ကွေးရောဂါမိကြပြီး ဆေးကုသရန် ငွေကြေးခက်ခဲသောကြောင့် အရေးပေါ်ကုသမူလိုအပ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၊ (မြို) စစ်ဘေးရှောင်စခန်းကူညီသူ အတွင်းရေးမှူး ဦးစိန်လှထွန်းက “ကလေးတွေ၊ မိခင်တွေကအစ ဒီမှာအကုန်လုံး ဆက်တိုက်ကူးစက်နေကြတယ်၊ ရာသီဥတုကလည်း မိုးရာသီဖြစ်နေတယ်၊ နောက်တစ်ခုက သူတို့တွေက တောထဲမှာပဲ နေကြပြီးအခုမြို့ထဲလာနေကြတော့ ရာသီဥတုဒါဏ်မခံနိုင်တာလည်း ဖြစ်တယ်၊ ဆေးကုသဖို့လည်း မရှိတော့ ကျွန်တော်တို့အကုန်လုံး ဒုက္ခရောက်နေတယ်” ဟု ပြောသည်။

ထို့သို့ (မြို) စစ်ဆောင်စခန်းများတွင် ကလေးငယ် တုတ်ကွေးရောဂါ ကူးဆက်ခံရခြင်းသည် ကိုယ်ခံအားနည်းခြင်းနှင့်အာဟာရ ချို့တဲ့မူကြောင့် ဖြစ်နိုင်ကြောင်း ဦး စိန်လှထွန်းက ပြောသည်။

သူက “အခုတုတ်ကွေးရောဂါ ကူးစက်နေတာက ကလေးတွေ အာဟာရရှိတဲ့ဟာ မစားနိုင်ကြဘူး၊ ကိုယ်ခံအားလည်းမရှိကြတော့ အခုလိုဖြစ်ရတာပါ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း လာမကုကြတော့ အကုန်လုံးအခက်ကြုံနေရတယ်၊ စားနပ်ရိက္ခာတောင် ဒီကအသင်းတော်ကနေ လာလှူတာတွေပဲရှိတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ (မြို) စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုစုပေါင်း စာရင်းအရ ၄၀ ကျော်ရှိခဲ့ပြီး၊ လူဦးရေအနေဖြင့် စုစုပေါင်း ၁၉၀၊ ၃ နှစ်အောက်ကလေး ၂၃ ယောက်၊ မသန်စွန်းသူတွေနှင့်အသက် ၆၀ ကျော်တွေရှိကြောင်း ယင်းကူညီနေသည့် ကော်မတီစာရင်းများထံမှ သိရသည်။

Photo; CUSR