Input your search keywords and press Enter.

စစ်ဘေးရှောင်ပြည်သူများအတွက် မဲဆုံးရှုံးမှု မရှိစေရန် ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိ

Salai C.Lian
၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များရှိနေသည့်နေရာများတွင် ပြည်သူများမဲရပေးခွင့်ဆုံးရှုံးမူမရှိစေရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင် အရာရှိဦးလင်းကျော်က ပြောသည်။

ဦးလင်းကျော်က “ကျွန်တော်တို့ရွေးကောက်ပွဲအတွက်ကတော့ သူရဲ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတယ်၊ မဲစာရင်းတွေ ဒီလနဲ့နောက်လအတွင်းကပ်ထားနိုင်ဖို့ သွားလာနိုင်တဲ့ ရပ်ကျေးကော်မရှင်တွေကို ထုတ်ပေးတာရှိတယ်၊ တစ်ချို့မသွားလာနိုင်တဲ့နေရာဆိုလို့ရှိရင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ ကပ်ထားပေးမယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်တွင် စစ်ဘေးရှောင်ရှိနေသည့် ပလက်ဝနှင့် ဆမီးမြို့ပြည်သူများ မဲမရူံးစေရန် သူတို့ရှိတဲ့နေရာသို့သွားကာ ပုံစံ ၃ (က) ဖြင့်အမည်ပါအောင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဦးကျော်လင်းက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ရေးအတွက် နယ်မြေ အေးချမ်းဖို့လိုအပ်ကြောင်း
ပလက်ဝနှင့်ဆမီးမြို့ စစ်ဘေးရှောင်များ ကူညီနေသည့် ဦးဘိုးထန်းပိုင်က ပြောသည်။

သူက “၁၀၀ ရာခိုင်းနူန်းကတော့ မဲပေးနိုင်ကြမယ်မထင်ဘူး၊ အခုအခြေအနေက ကိုယ်သွားချင်တဲ့နေရာ ကြိုက်သလို သွားလို့မရဘူး၊ ရွေးကောက်ပွဲကျင်းပတဲ့ချိန် ဒေသအခြေအနေနဲ့လည်း အများကြီးသက်ဆိုင်မယ်လို့ထင်တယ်၊ အဲဒါကြောင့် ရွေးကောက်ပွဲကာလအတွင်း ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသဖွံ့တိုးတက်ရေးကို ရှေ့ရူပြီး ၂ ဘက်စလုံး ငြိမ်းငြိမ်းနဲ့ အဘက်ဘက်ကနေ ပါဝင်ပူးပေါင်းစေချင်ပါတယ်” ဟုဆိုသည်။

ဦးလင်းကျော်က “မဲစာရင်းကပ်ပြီးနောက် (၁၄) ရက်အတွင်းမှာလည်း ကျွန်တော်တို့စစ်ဘေးရှောင်ရှိတဲ့ ပလက်ဝတို့၊ ဆမီးတို့ မှာ အဲဒီအဖွဲ့တွေအတွက်ကတော့ မဲစာရင်းက ရွာမှာရှိနေတယ်၊ သူတို့အတွက်ကိုလည်း ကျွန်တော်တို့က ၁၄ ရက်နောက်ပိုင်းမှာ ပုံစံ ၃ (က)နဲ့ မဲစားရင်းထဲမှာ ပါဝင်နိုင်အောင် စီမံနေတယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေလည်း ကြေညာချက်ထွက်ပြီးပြီ၊ မတူပီခရိုင်မှာ လာပြီးလျှောက်ထားနိုင်ပြီ၊ မဲရုံသုံးပစ္စည်းနဲ့ပတ်သက်တဲ့ဟာ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်” ဟု ဆိုသည်။

ဆက်ပြီးသူက “ကျွန်တော်တို့က ပြည်ထောင်စုအစိုးရဖွဲ့ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့နယ်လုံဆီကနေ သဘောထားမှတ်ချက်ရဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီတောင်းနေတယ်၊ ကျွန်တော်တို့အနေနဲ့တော့ တစ်ခြားမြို့နယ်လိုပဲ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ထင်တယ်” ဟု ပြောသည်။

ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မဲရုံများ ထပ်မံတိုးချဲ့နိုင်ရေး တို့ကို ကြိုတင်ပြင်ဆင်ထားလျက်ရှိပြီး လက်ရှိ ချင်းပြည်နယ်အတွင်း မဲရုံ လျာထားမှုမှာ ၁၀၉၄ ရုံရှိပြီး မြို့နယ်အလိုက် စီစစ် တိုးချဲ့မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။