Input your search keywords and press Enter.

ဦးလှကျော်သေဆုံးရခြင်းနှင့်ပတ်သက်ပြီး AAအဖွဲ့ကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း KACC မှ ထုတ်ပြန်

 

Salai Khup Khup

ရခိုင့်တပ်တော်(AA)အဖွဲ့မှဇွန်လ ၅ ရက်နေ့တွင်ဖမ်းဆီးသွားသောပလက်ဝမြို့နယ် တုန်းမဝကျေးရွာသား ဦးလှကျော် (၆၂) နှစ်ပျောက်ဆုံး သေဆုံးမှု ဖြစ်သည့်ပေါ် ကျန်ရစ်မိသားစုများ၊ ရွာသူရွာသားများနှင့် အတူ တုန်လှုပ်ခြောက်ခြား ဝမ်းနည်းရကြောင်းနှင့် မည်သည့်လက်နက်ကိုင် အဖွဲ့မဆို တို်က်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ဒေသခံအရပ်သားများကို လက်လွတ်စပယ် ဖျက်ဆီးခြင်းများအား ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC )အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ပလက်ဝမြို့နယ် တုန်းမဝကျေးရွာသား ဦးလှကျော် (၆၂) နှစ်မှာ ဇွန်လ ၅ ရက်နေ့က AAလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခံရပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင် တောထဲတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးသည်ကို တွေ့ရကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှသိရသည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ တာဝန်ရှိသူ တစ်ဦးက “ဇွန်လ ၅ ရက်လောက်ကနေစပြီး အဖမ်းခံရတယ်လို့သိရတယ် အလောင်းကို ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ပုံပျက်ပန်းပျက်အလောင်းကို ရွာသားတွေက တွေ့ရတယ်လို့ သိရတယ် ဦးလှကျော်ကို AA တပ်ဖွဲ့က ဖမ်းသွားတယ်လို့သိရတယ်”ဟုပြောသည်။
ဦးလှကျော်မှာ ဇွန်လ ၅ ရက်နေ့က ဆန်ဝယ်ရန် ရွာမှ တောလမ်းအတိုင်း သွားရာ လမ်းတွင် အေအေ လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီးခြင်း ခံရပြီး အစန ရှာမတွေ့ဘဲ တစ်လကျော်ဝန်းကျင်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် လွန်ခဲ့သည့် သုံးရက်လောက်မှ အလောင်းတွေ့ရကြောင်း သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ဦးလှကျော်၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် တုန်းမဝကျေးရွာတွင် ခရစ်ယာန်ဘာသာ ထုံးစံဖြင့် မြေချခဲ့ကြောင်းလည်း သိရသည်။