Input your search keywords and press Enter.

ပလက်ဝမြို့နယ်မှ အထက်တန်းကျောင်းများစည်းကမ်းသတ်မှတ်ချက် A အဆင့်တွင်မရှိသောကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိ

 

Salai Khup Khup

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အထက်တန်းကျောင်း(၁၃) ကျောင်း ဖွင့်လှစ်ရန် လျာထားသော်လည်း စည်းကမ်းသတ်မှတ်ချက် A အဆင့်တွင် မရှိသောကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆရာအောင်မင်းက “၁၃ ကျောင်းမှာ ၁၀ ကျောင်းလောက်ကို စစ်ဆေးတာတွေ လုပ်ပြီးပြီ A အဆင့်မရှိသေးဘဲ B အဆင့်ဘဲရှိသေးတော့ ကျောင်းကဖွင့်လို့မရသေးဘူး ၊A အဆင့်ရဖို့ ကျန်းမာရေးပိုင်းကရော ပညာရေးပိုင်းကရော မိဘပြည်သူအားလုံး ပူးပေါင်းပြီးတော့ A အဆင့်ရအောင်ပူးပေါင်းမှ ကျောင်းကဖွင့်နိုင်မှာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင်ရှိသော အ.ထ.က အထက်တန်းကျောင်း(၁၃) ကျောင်းများတွင် တတ်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းလက်ခံခြင်းများကိုလည်း ဆောင်ရွက်ပြီး ဖြစ်သော်လည်း ကျန်းမာရေးဌာ ညွှန်ကြားချက် စည်းကမ်းချက်များအရ B အဆင့်သာ ရှိသေးသောကြောင့် ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “ပုံနှိပ်စာအုပ်တောင် အကုန်လုံးမရနိုင်သေးဘူး ကိုဗစ်-၁၉ အတွက် လှူတန်းထားတဲ့ အပူချိန်တိုင်း ကိရိယာတွေ တခြားပစ္စည်းတွေကလည်း ပလက်ဝမြို့နယ် အထဲထိ မရောက်နိုင်သေးဘူး အဲဒါတွေကြောင့် ကျောင်းဖွင့်နိုင်ဖို့ ကြိုးစားရမဲ့ အနေထားမှာဘဲ ရှိသေးတယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် အထက်တန်းကျောင်းပေါင်း (၂၀၇) ကျောင်းခန့်ရှိပြီး အဆိုပါ ကျောင်းများထဲမှ ကိုဗစ်-၁၉ ရောဂါ နှင့် ပက်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့် ညီသည့် (၂၁) ကျောင်းကိုသာ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။