Input your search keywords and press Enter.

ချောင်းရေတက်ခြင်းကြောင့် မီဇိုရမ်နယ်စပ်လုံခြုံရေး ဆောင်ရွက်မှု ရပ်နားမည်ဟု မီဇိုရမ်အစိုးရပြော

Salai C.Lian

ကိုဗစ် – ၁၉ ကြိုတင်ကာကွယ်သည့် အနေဖြင့် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်လုံခြုံရေး ကြပ်မတ်သည့် မီဇိုရမ်လူများအနေဖြင့် မိုးတွင်းကာလ ချောင်းရေတက်မှုကြောင့် လုံခြုံရေးဆောင်ရွက်မှု ရပ်နားတော့မည်ဖြစ်ကြောင်း မီဇိုရမ်အခြေစိုက် သတင်းဌာနများ၏ ဖော်ပြထားသည်။

မီဇိုရမ်နယ်စပ်လုံခြုံရေး တာဝန်ယူနေသူဖြစ်သည့် ပူးလားဗျက်ကီးလာက “ကျွန်တော်တို့ ကိုဗစ်ကာလ စတဲ့ မတ်လ ၁၁ ရက်နေ့ကနေ စတင်ပြီး နယ်စပ်တစ်လျှောက်လုံး ရဲအင်အားနဲ့ လူငယ်တွေပေါင်းပြီး နယ်စပ်လမ်းကြောင်းတွေကို မြန်မာဖက်က ခိုးဝင်မှုမရှိအောင် စောင့်ထားတယ်၊ အခုကတော့ မိုးတွင်းကာလလည်းဖြစ်တော့ ချောင်းရေတွေ တက်နေတဲ့အတွက် နယ်စပ်လမ်းကြပ်မတ်မူ ရပ်နားမယ်” ဟု ပြောသည်။

ထို့အပြင် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် ချိတ်ဆက်နေသည့် ၁၉ နေရာတွင် လုံခြုံရေးအစောင့် ထားရှိခဲ့ပြီး၊ နေ့စဉ်လူငယ်အင်အား ၁၃၀ ကျော်နှင့် ယာဉ်အင်းအား ပူးပေါင်းခဲ့ကြောင်း မီဇိုရမ်သတင်းဌာန ဇိုးရင့်Daily ကဖော်ပြထားသည်။

လက်ရှိအခြေအနေထိ မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကူးဆက်ခံရသူ ၂၆၇၊ သက်သာလာသူ ၁၆၈ နှင့် ကုသခံရသူ ၁၂၉ ရှိခဲ့ကြောင်း သိရသည်။