Input your search keywords and press Enter.

ဖလမ်းမြို့တွင်ရိုက်ကူးသည့်ကျန်းမာပျော်ရွှင်ပညာသင်ကြိုတင်တားဆီး COVID-19 ပညာပေးရုပ်သံဇာတ်လမ်းတိုပြီးစီး

 

 

Salai Khup Khup

တိုင်းနဲ့ပြည်နယ်အလိုက် တစ်မြို့နယ်စီမှ ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး ရုပ်သံဇာတ်လမ်းတို ရိုက်ကူးမှုအစီအစဉ် ချင်းပြည်နယ်ကိုယ်စားပြု အနေဖြင့် ဖလမ်းမြို့နယ်မှယှဉ်ပြိုင်မည့် သူများအနေဖြင့် ရိုက်ကူး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ်ပညာရေးမှူး ဒေါ် ငွန်ပဲန်က “တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ တစ်ပြည်နယ် တစ်တိုင်းမှာ တစ်ခုစီ ပြိုင်ပွဲဝင်မှာဖြစ်တယ် ၁၀ ရက်နေ့မှာ နေပြည်တော်ကို ပို့ရမှာဖြစ်တယ် နေပြည်တော်မှာ ဒါရိုက်တာ အကြီးကဲတွေက ဆုံးဖြက်မှာဖြစ်တယ် ချင်းပြည်နယ် ကိုယ်စားပြုအနေနဲ့ ဖလမ်းမြို့က ယှဉ်ပြိုင်မှာဖြစ်တယ် အကောင်းဆုံး ကြိုးစားထားတယ်”ဟုပြောသည်။

ချင်းပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဖလမ်းမြို့နယ် ပညာရေးမှူး ဦးဆောင်မှုဖြင့် ဇူလိုင်လ (၄) ရက်နေ့မှ စတင်ပြီး ရုပ်သံရိုက်ကူးခြင်းများ စတင်ခဲ့ပြီး လက်ရှိ ရုပ်သံရိုက်ကူးမှုပိုင်း ပြီးနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဖလမ်းမြို့နယ်ပညာရေးမှူး ဒေါ် ငွန်ပဲန်က “၅ မိနစ်ကနေ ၁၀ မိနစ်ကြား ရိုက်ကူးရတဲ့ ဗီဒီယိုဖြစ်တယ် တခြားပြည်နယ်ကတော့ မြို့နယ် အားလုံးက ကျောင်းအားလုံးလိုလို ရိုက်ကူးပြီးတော့ အကောင်းဆုံးဆိုတဲ့ဟာနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်တယ် ကျမတို့ ချင်းပြည်နယ်တွက်က မြို့နယ်တွေက မလုပ်နိုင်ကြဘူး ဆိုတော့ ကျမကို ပြည်နယ်ကနေ ဖလမ်းမြို့ကနေ ကြိုးစားပေးပါလို့ ပြောတဲ့အတွက် ကျမတို့က ဆောင်ရွက်ခြင်းဖြစ်တယ် ပြည်နယ်ကိုယ်စားပြုလို ဖြစ်သွားတယ်”ဟုပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ COVID-19 ကပ်ရောဂါကို စနစ်တကျ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပြီး ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး စံပြကျောင်းပြိုင်ပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လျှပ်စစ်ဖောင်ဒေးရှင်း တို့မှ ပူးပေါင်းကျင်း ခြင်းဖြစ်သည်။

ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး စံပြကျောင်းပြိုင်တွင် ဆုရသူများကို ဇူလိုင် (၁၇) ရက်နေ့တွင် နေပြည်တော်တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။