Input your search keywords and press Enter.

တွန်းဇံမြို့နယ်မှ အသက် ၆ နှစ်အရွယ် ပိုးတွေ့လူနာကိုတီးတိန်မြို့ဆေးရုံတွင်ကုသမည်

 

Salai C Lian

ချင်းပြည်နယ်တွန်းဇံမြို့နယ်တွင်အိန္ဒိယမှပြန်လာပြီးကော်ရတင်းဝင်နေသောအသက် ၆ နှစ်အရွယ်ကလေးတွင် Covic 19 ပိုးတွေ့ရှိပြီးတီးတိန်မြို့ဆေးရုံတွင်ပြောင်းရွေ့ကုသစေမည်ဖြစ်ကြောင်းသိရသည်။

ချင်းပြနယ်တွင် ဇွန်လိုင် ၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ case ၂၃၂ ဆေးရုံမှ ဆင်းသက်ခွင့်ရပြီး ပိုးတွေ့လူနာမရှိတော့ဟုချင်းပြည်နယ်အစိုးရမှပြောဆိုပြီးနောက်၂ရက်အကြာတွင်အိန္ဒိယမှပြန်လာပြီးကော်ရတင်းဝင်နေသောတွန်းဇံမြို့နယ် ၆ နှစ်အရွယ်အမျိူးသားတွင် ကိုဗစ်-၁၉ ကူးဆက်ခံနေရကြောင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ယနေ့မနက် ဆေးစစ်ချက်ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဖော်ပြချက်အရ ယင်းလူနာသည် ကိုဗစ်ပိုးတွေ့လူနာများနဲ့ ထိတွေ့မူမရှိသော်လည်း အိနိယနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဖော်ပြချက်အရ ၈-၇-၂၀၂၀ ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၈၅)ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၁ ဦးတွေ့ရှိကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၈) ဦးရှိကြောင်း သိရသည်။