Input your search keywords and press Enter.

တီးတိန်မြို့ဆေးရုံရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦး ဆေးစစ်ချက် ၂ ခါတွင် ရောဂါမပြသည့်အတွက်ယနေ့ဆေးရုံမှဆင်းမည်

 

 

Salai C Lian

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ case နံပါတ် ၂၀၀ နှင့် ၂၀၁ ဆေးစစ်ချက် ၂ ခါတွင်ရောဂါမပြသည့်အတွက် ယနေ့ဆေးရုံမှဆင်းမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦး ပေါင်လွန်မင်ထန်က ပြောသည်။

လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်က “မနေ့က စစ်ဆေးချက်အရ တီးတိန်က လူနာနှစ်ဦး ရောဂါမတွေ့တော့ဘူး၊ အဲဒါကြောင့် ကျွှန်တော်တို့အနေနဲ့တော့ ပြန်လွတ်ဖို့ရှိတယ်၊ သူတို့ကို Home quarantine ၁၄ရက်ပြန်ထားမယ်၊ အဲဒီကြားထဲ တစ်စုံတစ်ခု မဖြစ်ခဲ့ရင် သူတို့ကို အပြီးလွတ်တော့မယ်၊ လုပ်ထုံးလုပ်နည်းအရ လုပ်ပြီဆိုတော့ လွတ်လို့ရပြီ” ဟုပြောသည်။

လက်ရှိအခြေအနေအရ ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနှစ်ဦး ကျန်ရှိနေပြီး သူတို့ ကျန်းမာရေးလည်း မကြာခင်ကောင်းမွန်မည်ဟု မျော်လင့်ကြောင်း ဝန်ကြီးက ဆိုသည်။

ဝန်ကြီးက “တီးတိန်က ၂ ဦးကျန်းမာရေးပြန်ကောင်းပြီဆိုတော့ ဟားခါးက ၂ ဦးပဲရှိတော့တယ်၊ သူတို့ကလည်း ပထမ စစ်တုန်းက ရောဂါတွေ့တယ်၊ နောက်ပြန်စစ်တော့ မတွေ့ဘူး၊ သူတို့ကို ဇူလိုင်လ ၂ ရက်နေ့လောက်မှာ ပြန်စစ်မယ်၊ သူတို့ ၂ ဦးရောဂါ ကင်းသွားရင်တော့ တ်ပြည်နယ်လုံးကူးစက်သူ ကင်းသွားတော့မယ်” ဟုဆိုသည်။

ထို့သို့ ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူတ ်ဖြည်းဖြည်း ကင်းရှင်းသွားသော်လည်း ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်ကြောင်း တီးတိန်မြို့ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ ကိုမုန်နိူးက မှတ်ချက်ပြုသည်။

ကို မုန်နိူးက “တီးတိန်မှာက ပိုးတွေ့လူနာမရှိတော့ဘူးဆိုတော့ အလုပ်ကနည်းနည်းပါးပါး နားနိူင်မှာပေါ့၊ ပိုးတွေ့လူနာမရှိတော့ပေမဲ့ အေးဆေးနေလို့မရသေးဘူးလို့မြင်တယ်၊ နိူင်ငံခြားကနေလည်း ခိုးဝင်လာတဲ့သူတွေရှိတယ် သတိနဲ့နေဖို့လိုတယ်၊ တီးတိန်ဆို ပုံမှန်အတိုင်း ဆိုင်ပြန်ဖွင့်နေကြပြီ ပေါ့ဆလို့တော့မရသေးဘူး” ဟုဆိုသည်။

ချင်းပြည်တွင် လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပ ပြန်လာပြီး မြို့နယ်အသီးသီးတွင် Quarantine ဝင်သူ စုစုပေါင်း ၂၇၀ ကျော်ရှိကြောင်း သိရသည်။