Input your search keywords and press Enter.

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်း သည့် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများပလက်ဝမြိုံသို့ရောက်ရှိ

 

 

Salai Khup Khup

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်း သည့် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများကို တပ်မတော်ထောက်ပို့ယာဉ်များဖြင့်ပို့ဆောင်ရာ ပလက်ဝမြိုံသို့ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ညနေတွင်ပလက်ဝမြို့သို့ရောက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက ပလက်ဝဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ပေးပို့ လှူဒါန်းမှုအနေဖြင့် ဆန် ၃၅၂၈ အိတ်၊ ပဲ ၈၃ အိတ်၊ ကြက်သွန်နီ ၂၁ အိတ်၊ ဆား ၁၀၂ အိတ်၊ ဆီ ၂၅ ပေပါနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ပလက်ဝဒေသခံ တစ်ဦးက “မနေ့ညက ဆန်အိတ် ၃၅၂၈ အိတ် တပ်မတော်က လုံခြုံရေးနဲ့အကူညီနဲ့ ရောက်ရှိလာတာဖြစ်တယ် ဆန်အိတ်အပါဝင် အခြားစားနပ်ရိက္ခာတွေလည်း ပါဝင်မယ်ထင်တယ် မိုးတွင်းကာလ စားနပ်ရိက္ခာ လုံလောက်လောက်လည်း ရှိသွားမယ်”ဟုပြောသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦး ရှိကြောင်း ပြည်သူများ အရေးပေါ်ကူညီရေး နှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

ပလက်ဝဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်း သည့် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများကို မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းအတိုင်း ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျက်စီးလျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်ကြိုးစား အားထုတ်ပြီး တပ်မတော်မှမော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ခဲ့သဖြင့် ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့ပြီး နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပလက်ဝမြို့၊ ကီမိုခန်းမ၌ လွှဲပြောင်းပေးအပ်လှူဒါန်းရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွန်းဟာနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း၊ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုများက ၎င်းတို့စားသုံးမည့် ရိက္ခာပစ္စည်းများထဲမှ ဆန်အိတ် ၁၀၀ စီကို မတ် ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်တွင် လည်းကောင်း၊ ပလက်ဝမြို့ပြည်သူ့ဆေးရုံအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)က လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဇွန် ၃ ရက်နေ့တွင်လည်းကောင်း တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။