Input your search keywords and press Enter.

ခါမ်းပါတ်မြို့တွင် နေအိမ်အတွင်းရှိသူ အမျိုးသမီးနှစ်ဦး သေနတ်အပစ်ခံရပြီးဒဏ်ရာရ

 

Salai Khup Khup

စစ်ကိုင်းတိုင်းဒေသကြီး၊ခါမ်းပါတ်မြို့တွင်ဇွန်လ ၁၅ ရက်နေ့က အမည်မသိ ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ သေနတ်ဖြင့် ပစ်ရာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်နေ ဦးဌေးအောင် နေအိမ်တွင် ဇွန်လ ၁၅ ရက်နေ့ ညကိုးနာရီ အချိန်ခန့်တွင် ဦးဌေးအောင်သည် နေအိမ်အတွင်း တီဗွီကြည့်နေစဉ် ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နွမ်းနှင့် အိမ်နီးနားချင်းဖြစ်သူ မဝုန်ညင်းကျိန်တို့မှာ နေအိမ်ဝရန်တာခုံတန်းတွင် ထိုင်နေကြစဉ် အမည်မသိ အမျိုးသားနှစ်ဦးမောင်းနှင် လာသော ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိပဲ အနောက်မှ စီးနင်းလာသူမှ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်သွားကာ ထွက်ပြေးသွားကြောင်း ကလေးမြို့နယ်ပြန်ကြားရေး၏ ထုတ်ပြန်ချက် အရသိရသည်။

သေနတ် အပစ်ခတ်ခံရသော မဝုန်ညင်းကျိမှာ အသက်အန္တရယ် မစိုးရိမ်ရသော်လည်း လက်သူကြွယ်တွင် စုတ်ပြဲဒဏ်ရာရရှိပြီး ဒေါ်ကျိန်လော့နွမ်းမှာလည်း ဝဲဘက်လက်ခလည် တွင်စုတ်ပြဲဒဏ်ရာ ရရှိသွားပြီး ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။

သေနတ်အပစ်ခတ်ခံရသော နေအိမ်တွင် နယ်မြေခံ ရဲစခန်းမှ သွားရောက် စစ်ဆေးရာ အိမ်ရှေ့ ကွန်ကရစ်လမ်းပေါ်တွင် AUSA 9MM lugar စာတမ်းပါ ငွေရောင်ကျည်ခွံနှစ်ခုနှင့် နေအိမ်တြင်းပေါက် သစ်သားတံခါးရွက်တွင် စိုက်ဝင်နေသော ကျည်ဖူး တစ်ခုကို တွေ့ရှိခဲ့ပြီးနောက်ရှိခဲ့ရပြီး တရားခံများကိုဖမ်းဆီးနိုင်ရေးအတွက်နယ်မြေခံတပ်၊ပြည်သူများနှင့်ပူးပေါင်း၍မြိုအဝင်အထွက်နေရာများကိုပိတ်ဆို့ရှာဖွေ၍စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းခါမ်းပါတ်မြို့နယ်မြေရဲစခန်းမှသိရှိရပါသည်။

သေနတ်အပစ်ခတ်ခံရသော နေအိမ်တွင် နယ်မြေခံ ရဲစခန်းမှ သွားရောက် စစ်ဆေးရာ အိမ်ရှေ့ ကွန်ကရစ်လမ်းပေါ်တွင် AUSA 9MM lugar စာတမ်းပါ ငွေရောင်ကျည်ခွံနှစ်ခုနှင့် နေအိမ်ပြတင်းပေါက် သစ်သားတံခါးရွက်တွင် စိုက်ဝင်နေသော ကျည်ဖူး တစ်ခုကို တွေ့ရှိခဲ့ပြီးနောက်ရှိခဲ့ရပြီး တရားခံများကိုဖမ်းဆီးနိုင်ရေးအတွက်နယ်မြေခံတပ်၊ပြည်သူများနှင့်ပူးပေါင်း၍မြိုအဝင်အထွက်နေရာများကိုပိတ်ဆို့ရှာဖွေ၍စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းခါမ်းပါတ်မြို့နယ်မြေရဲစခန်းမှသိရှိရပါသည်။