Input your search keywords and press Enter.

ချင်းပြည်နယ်ဖွံဖြိုးတိုးတက်ရေးဖော်ဆောင်ပေးပါ

 

 

သွေး(စစ်ကိုင်း)

မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာချင်းပြည်နယ်ဟာသာယာလှပတဲ့ပြည်နယ်တခုဖြစ်ပါတယ်။ဒါပေမယ့်လမ်းပန်းဆက်သွယ်ရေးခက်ခဲမူကြောင့်ချင်းပြည်နယ်ဟာပြည်နယ်တွေထဲမှာဖွံဖြိုးသင့်သလောက်မဖွံဖြိုးလာခဲ့ပါဘူး။တိုင်းရင်းသားတန်းတူရေးကိုအစိုးရအနေနဲ့အမှန်တကယ်အလေးထားမယ်ဆိုရင်ချင်းပြည်နယ်ကိုအဆင်းရဲဆုံးပြည်နယ်ဘဝကလွတ်မြောက်အောင်ကြိုးစားသင့်ပါတယ်။

တဖက်မှာချင်းပြည်နယ်ဟာကမ္ဘာ့ကပ်ရောဂါCovic19 ကိုစတင်ရင်ဆိုင်ရတဲ့ပြည်နယ်တခုဖြစ်လာခဲ့တာပါ။ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ case 001 ဟာချင်းပြည်နယ်ကိုပြန်လာတဲ့အမျိုးသားတစ်ယောက်ဖြစ်ပြီး လက်ရှိအခြေအနေထိ ပိုးတွေ့လူနာ ၁၀ ဦးအထိရှိပြီ။တီးတိန်ဆေးရုံမှာလိုအပ်ချက်တွေရှိပေမယ့် ဆရာဝန်တွေ၊သူနာပြုတွေကအတတ်နိုင်ဆုံးကုသပေးနိုင်တာချီးကျူးစရာပါ။case 001 ကို Apirl ၃၀ ရက်နေ့ကဆေးရုံကဆင်းခွင့်ပြုခဲ့ပါတယ်။ဟားခါးဆေးရုံမှာတက်ရောက်ကုသနေတဲ့လူနာတွေမှာလည်းသက်သာပျောက်ကင်းလို့ဆေးရုံဆင်းတဲ့လူရှိသလိုလက်ရှိမှာလည်းကုသခံယူနေတဲ့သူတွေရှိပါတယ်။

မိုးရာသီမှာလမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊တောင်ပေါ်လမ်းမှာမြေပြိုမူတွေဖြစ်နိုင်တာကိုလည်းမေ့မထားသင့်ပါဘူး။ချင်းပြည်နယ်ထဲကရွာတွေမှာကလေးငယ်တွေကျောင်းကိုခက်ခက်ခဲခဲသွားရတာတွေရှိပါတယ်။ဒီနှစ်မိုးရာသီမှာတော့ခရီးသွားပြည်သူတွေအဆင်ပြေဖို့လမ်းဦးစီးကစက်ယန္တယားတွေစီစဉ်ထားတယ်ဆိုတာသိရလို့ဝမ်းသာပါတယ်။တဖက်ကလည်းချင်းပြည်နယ်ပလက်ဝမြို့နယ်မှာနယ်မြေမတည်ငြိမ်မူနဲ့စစ်ဘေးရှောင်တွေဟာတိုးလာနေပါတယ်။ပလက်ဝမြို့နယ်ဟာစားနပ်ရိက္ခာအတွက်ရခိုင်ပြည်နယ်ကျောက်တော်မြို့ကိုတင်ပို့နေတာကိုအားထားနေရပြီးတိုက်ပွဲကြောင့်ရေလမ်းခရီးလည်းအဆင်မပြေတော့လို့ဆန်၊ဆီ၊ဆားအပါအဝင်အခြေခံစားသောက်ကုန်တွေစျေးနှုန်းမြင့်တက်မူဖြစ်နေရတာပါ။မိုးရာသီရောက်လာလို့စစ်ဘေးရှောင်တွေကိုလုံခြုံတဲ့အမိုးအောက်ထားနိုင်ဖို့ကလည်းအရေးကြီးပါတယ်။

ပလက်ဝနဲ့ဆမီးမြို့ကစစ်ဘေးရှောင်တွေကိုတန်ဖိုးနည်းအိမ်ရာဆောက်ပေးဖို့စီစဉ်နေတယ်သတင်းကိုကြားသိရပါတယ်။စစ်ဘေးရှောင်မိသားစုတွေထဲမှာကလေးငယ်တွေပါနေတာမို့သူတို့ပညာရေးကိုအတွက်လည်းဆောင်ရွက်ပေးဖို့လိုပါလိမ့်မည်။ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်ဖြစ်ပွားနေမူကြောင့် စာသင်ကျောင်းတွေကို အစိုးရက july ၂၁ရက်မှပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ကြေညာထားပါတယ်။စစ်ဘေးရှောင်စခန်းကကလေးငယ်တွေကို ပြည်မကကလေးတွေလို ပညာတန်းတူသင်ကြားခွင့်ရဖို့အတွက်အစိုးရကဦးစားပေးလုပ်ဆောင်ပေးသင့်ပါတယ်။

လျှပ်စစ်မီးရရှိရေးဟာလည်းချင်းပြည်နယ်ဖွံဖြိုးရေးအတွက်အထူးပဲအရေးကြီးပါတယ်။ထမင်း၊ဟင်းချက်ပြုတ်ရေးမှာလျှပ်စစ်မီးရခဲ့ရင်ထင်း၊မီးသွေးအသုံးပြုမူကိုလျော့ချလို့ရမှာဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့လျှပ်စစ်မီးချင်းပြည်နယ်ကျေးရွာတိုင်းရရှိရေးကိုမြန်မြန်ထက်ထက်ဆောင်ရွက်နိုင်မယ်ဆိုရင်ကုန်စည်စီးဆင်းမူပါပိုမိုချောမွေ့လာမှာပါ။တချို့ကျေးရွာတွေမှာရေရှားပါးမူကြုံတွေ့နေရပြီးအမျိုးအသီးတွေဟာသူတို့ရဲ့အချိန်တွေကိုရေခပ်တာနဲ့ပဲကုန်ဆုံးနေရတာစိတ်မကောင်းစရာပါ။

တဖက်ကကြည့်မယ်ဆိုရင်ရေပေးဝေရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တောင်လျှပ်စစ်မီးရမှရေပေးဝေနိုင်မယ့်အနေအထားဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာလည်းရေလှောင်ကန်အသစ်ဘတ်ဂျက်ကိုုချင်းပြည်နယ်လွှတ်တော်ကအတည်ပြုပြီးပါပြီ။ဒါပေမယ့်ရေပေးဝေရေးဟာအမှန်တကယ်လိုအပ်တဲ့ကျေးရွာတွေဆီရောက်ဖို့တော့လိုအပ်ပါတယ်။တံတားတွေ၊လေယာဉ်ကွင်းဆောက်နေတာကြိုဆိုရမှာပါ။ဥပမာ မတူပီခရိုင် လိုင်လင်းပီမြို့နားမှာတည်ဆောက်နေတဲ့လေယာဉ်ကွင်းဟာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။

ချင်းပြည်နယ်ဟာသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေအတွက်အလားအလာကောင်းတွေရှိနေတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ချင်းတိုင်းရင်းသားတွေရဲ့ရိုးရာတွေကိုလေ့လာနိုင်မှာမို့လို့ခရီးသွားလုပ်ငန်းပိုမိုဖွံဖြိုးအောင်လုပ်ဆောင်ပေးရင်ပိုအဆင်ပြေလာမှာဖြစ်ပါတယ်။ရှားပါးလာပြီဖြစ်တဲ့တောင်ဇလပ်ပန်းတွေကိုထိန်းသိမ်းဖို့လည်းပညာပေးမူတွေကိုပြုလုပ်ရမှာပါ။နတ်မတောင်အမျိူးသားဥယျာဉ်ဟာသဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားပါတယ်။ရှားပါးမျိုးစိတ်တွေသာမကကုန်းနေရေနေတွားသွားသတ္တဝါတွေပါမှီတင်းနေထိုင်နေတာပါ။သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေတိုးတက်လာရင်သဘာဝပတ်ဝန်းကျင်ကိုပါထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမူနဲ့ပတ်သက်ရင်လည်းပွင့်လင်းမြင်သာမူရှိဖို့လိုအပ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက တရုတ်company တခုဖြစ်တဲ့NorthMiningStarCompanyကချင်းပြည်နယ်ကမြွေတောင်ဖားတောင်ကြေးနီစီမံကိန်းအတွက်ကြိုးစားဖူးပါတယ်။ဒီလိုစီမံကိန်းတွေကဒေသခံတွေအတွက်အကျိုးအမြတ်ဘာမှမရှိတာကြောင့်ဒေသခံတွေဖက်ကလက်မခံကြပါဘူး။နောက်ပိုင်းမှာစီမံကိန်းမလုပ်ဖြစ်ပေမယ့်မြွေတောင်ဖားတောင်မှာတရားမဝင်အသေးစားသတ္တုတူးဖော်မူတွေရှိနေလို့သက်ဆိုင်ရာတွေဖက်ကတားမြစ်ဖို့ဒေသခံတွေကဆန္ဒရှိနေကြပါတယ်။

အရေးကြီးတာကစီမံကိန်းတခုကိုအကောင်အထည်ဖော်မယ်ဆို့ရင်အကျိုးနဲ့အပြစ်ကိုသေချာချိန်ဆဖို့ပါပဲ။အစိုးရဖက်ကသေချာလုပ်ဆောင်ပေးရင်ချင်းပြည်နယ်ဟာဖွံဖြိုးတိုးတက်ဖို့အလှမ်းမဝေးပါဘူး။အထူးသဖြင့်တော့သဘာဝပတ်ဝန်းကျင်မထိခိုက်စေပဲသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကနေဒေသခံတွေဝင်ငွေရအောင်ကူညီသင့်တယ်။၁၂လရာသီသွားလာလို့ရမယ့်လမ်းတွေဖောက်လုပ်နိုင်မယ်။ကျေးရွာတွေအထိလျှပ်စစ်မီးနဲ့ရေရအောင်လုပ်ပေးနိုင်မယ်စာသင်ကျောင်းတွေကိုအဆင့်မြင့်တင်ပေးမယ်၊ပြည်နယ်အတွင်းအလုပ်အကိုင်အခွင့်အလှမ်းတွေဖန်တီးပေးမယ်၊စစ်ဘေးရှောင်တွေဘဝပြန်လည်ထူထောင်ရေးအတွက်ကူညီပေးမယ်ဆိုရင်ချင်းပြည်နယ်ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း။

 

 

ခ်င္းျပည္နယ္ဖြံျဖိဳးတုိးတက္ေရးေဖာ္ေဆာင္ေပးပါ

ေသြး(စစ္ကုိင္း)

ျမန္မာႏုိင္ငံရဲ့ျပည္နယ္နဲ့တုိင္းေဒသၿကီးေတြထဲမွာခ်င္းျပည္နယ္ဟာသာယာလွပတဲ့ျပည္နယ္တခုျဖစ္ပါတယ္။ဒါေပမယ့္လမ္းပန္းဆက္သြယ္ေရးခက္ခဲမူေၿကာင့္ခ်င္းျပည္နယ္ဟာျပည္နယ္ေတြထဲမွာဖြံျဖိဳးသင့္သေလာက္မဖြံျဖိဳးလာခဲ့ပါဘူး။တုိင္းရင္းသားတန္းတူေရးကုိအစုိးရအေနနဲ့အမွန္တကယ္အေလးထားမယ္ဆုိရင္ခ်င္းျပည္နယ္ကုိအဆင္းရဲဆုံးျပည္နယ္ဘ၀ကလြတ္ေျမာက္ေအာင္ၿကိဳးစားသင့္ပါတယ္။

တဖက္မွာခ်င္းျပည္နယ္ဟာကမၻာ့ကပ္ေရာဂါCovic19 ကုိစတင္ရင္ဆုိင္ရတဲ့ျပည္နယ္တခုျဖစ္လာခဲ့တာပါ။ကုိဗစ္ ၁၉ ကူးစက္ခံရတဲ့ case 001 ဟာခ်င္းျပည္နယ္ကုိျပန္လာတဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္ျပီး လက္ရွိအေျခအေနထိ ပုိးေတြ့လူနာ ၁၀ ဦးအထိရွိျပီ။တီးတိန္ေဆးရုံမွာလုိအပ္ခ်က္ေတြရွိေပမယ့္ ဆရာ၀န္ေတြ၊သူနာျပဳေတြကအတတ္နုိင္ဆုံးကုသေပးနုိင္တာခ်ီးက်ဴးစရာပါ။case 001 ကုိ Apirl ၃၀ ရက္ေန့ကေဆးရုံကဆင္းခြင့္ျပဳခဲ့ပါတယ္။ဟားခါးေဆးရုံမွာတက္ေရာက္ကုသေနတဲ့လူနာေတြမွာလည္းသက္သာေပ်ာက္ကင္းလုိ့ေဆးရုံဆင္းတဲ့လူရွိသလုိလက္ရွိမွာလည္းကုသခံယူေနတဲ့သူေတြရွိပါတယ္။

မုိးရာသီမွာလမ္းပန္းဆက္သြယ္ေရးခက္ခဲတာ၊ေတာင္ေပၚလမ္းမွာေျမျပိဳမူေတြျဖစ္နုိင္တာကုိလည္းေမ့မထားသင့္ပါဘူး။ခ်င္းျပည္နယ္ထဲကရြာေတြမွာကေလးငယ္ေတြေက်ာင္းကုိခက္ခက္ခဲခဲသြားရတာေတြရွိပါတယ္။ဒီနွစ္မုိးရာသီမွာေတာ့ခရီးသြားျပည္သူေတြအဆင္ေျပဖုိ့လမ္းဦးစီးကစက္ယႏၱယားေတြစီစဥ္ထားတယ္ဆုိတာသိရလုိ့၀မ္းသာပါတယ္။တဖက္ကလည္းခ်င္းျပည္နယ္ပလက္၀ျမိဳ့နယ္မွာနယ္ေျမမတည္ျငိမ္မူနဲ့စစ္ေဘးေရွာင္ေတြဟာတုိးလာေနပါတယ္။ပလက္၀ျမိဳ့နယ္ဟာစားနပ္ရိကၡာအတြက္ရခုိင္ျပည္နယ္ေက်ာက္ေတာ္ျမိဳ့ကုိတင္ပုိ့ေနတာကုိအားထားေနရျပီးတုိက္ပြဲေၿကာင့္ေရလမ္းခရီးလည္းအဆင္မေျပေတာ့လုိ့ဆန္၊ဆီ၊ဆားအပါအ၀င္အေျခခံစားေသာက္ကုန္ေတြေစ်းနွဳန္းျမင့္တက္မူျဖစ္ေနရတာပါ။မုိးရာသီေရာက္လာလုိ့စစ္ေဘးေရွာင္ေတြကုိလုံျခံဳတဲ့အမုိးေအာက္ထားနုိင္ဖုိ့ကလည္းအေရးၿကီးပါတယ္။

ပလက္၀နဲ့ဆမီးျမိဳ့ကစစ္ေဘးေရွာင္ေတြကုိတန္ဖုိးနည္းအိမ္ရာေဆာက္ေပးဖုိ့စီစဥ္ေနတယ္သတင္းကုိၿကားသိရပါတယ္။စစ္ေဘးေရွာင္မိသားစုေတြထဲမွာကေလးငယ္ေတြပါေနတာမုိ့သူတုိ့ပညာေရးကုိအတြက္လည္းေဆာင္ရြက္ေပးဖုိ့လုိပါလိမ့္မည္။ဘာျဖစ္လုိ့လည္းဆုိေတာ့ ကုိဗစ္ျဖစ္ပြားေနမူေၿကာင့္ စာသင္ေက်ာင္းေတြကုိ အစုိးရက july ၂၁ရက္မွျပန္လည္ဖြင့္လွစ္နုိင္မယ္လုိ့ေၿကညာထားပါတယ္။စစ္ေဘးေရွာင္စခန္းကကေလးငယ္ေတြကုိ ျပည္မကကေလးေတြလုိ ပညာတန္းတူသင္ၿကားခြင့္ရဖုိ့အတြက္အစုိးရကဦးစားေပးလုပ္ေဆာင္ေပးသင့္ပါတယ္။

လ်ွပ္စစ္မီးရရွိေရးဟာလည္းခ်င္းျပည္နယ္ဖြံျဖိဳးေရးအတြက္အထူးပဲအေရးၿကီးပါတယ္။ထမင္း၊ဟင္းခ်က္ျပဳတ္ေရးမွာလ်ွပ္စစ္မီးရခဲ့ရင္ထင္း၊မီးေသြးအသုံးျပဳမူကုိေလ်ာ့ခ်လုိ့ရမွာျဖစ္ပါတယ္။လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ဖုိ့နဲ့လ်ွပ္စစ္မီးခ်င္းျပည္နယ္ေက်းရြာတုိင္းရရွိေရးကုိျမန္ျမန္ထက္ထက္ေဆာင္ရြက္ႏုိင္မယ္ဆုိရင္ကုန္စည္စီးဆင္းမူပါပုိမုိေခ်ာေမြ့လာမွာပါ။တခ်ိဳ့ေက်းရြာေတြမွာေရရွားပါးမူၿကံဳေတြ့ေနရျပီးအမ်ိဳးအသီးေတြဟာသူတုိ့ရဲ့အခ်ိန္ေတြကုိေရခပ္တာနဲ့ပဲကုန္ဆုံးေနရတာစိတ္မေကာင္းစရာပါ။

တဖက္ကၿကည့္မယ္ဆုိရင္ေရေပးေ၀ေရးလုပ္ငန္းေတြလုပ္ေဆာင္ႏုိင္ခဲ့မယ္ဆုိရင္ေတာင္လ်ွပ္စစ္မီးရမွေရေပးေ၀ႏုိင္မယ့္အေနအထားျဖစ္ပါတယ္။ခ်င္းျပည္နယ္ျမိဳ့ေတာ္ဟားခါးျမိဳ့မွာလည္းေရေလွာင္ကန္အသစ္ဘတ္ဂ်က္ကုိုခ်င္းျပည္နယ္လႊတ္ေတာ္ကအတည္ျပဳျပီးပါျပီ။ဒါေပမယ့္ေရေပးေ၀ေရးဟာအမွန္တကယ္လုိအပ္တဲ့ေက်းရြာေတြဆီေရာက္ဖုိ့ေတာ့လုိအပ္ပါတယ္။တံတားေတြ၊ေလယာဥ္ကြင္းေဆာက္ေနတာၿကိုဆုိရမွာပါ။ဥပမာ မတူပီခရုိင္ လုိင္လင္းပီျမိဳ့နားမွာတည္ေဆာက္ေနတဲ့ေလယာဥ္ကြင္းဟာ ၇၀ ရာခုိင္ႏွဳန္းျပီးစီးေနပါျပီ။

ခ်င္းျပည္နယ္ဟာသဘာ၀အေျခခံခရီးသြားလုပ္ငန္းေတြအတြက္အလားအလာေကာင္းေတြရွိေနတဲ့ျပည္နယ္တစ္ခုလည္းျဖစ္ပါတယ္။ခ်င္းတုိင္းရင္းသားေတြရဲ့ရုိးရာေတြကုိေလ့လာနုိင္မွာမုိ့လုိ့ခရီးသြားလုပ္ငန္းပုိမုိဖြံျဖိဳးေအာင္လုပ္ေဆာင္ေပးရင္ပုိအဆင္ေျပလာမွာျဖစ္ပါတယ္။ရွားပါးလာျပီျဖစ္တဲ့ေတာင္ဇလပ္ပန္းေတြကုိထိန္းသိမ္းဖုိ့လည္းပညာေပးမူေတြကုိျပဳလုပ္ရမွာပါ။နတ္မေတာင္အမ်ိဴးသားဥယ်ာဥ္ဟာသဘာ၀ထိန္းသိမ္းေရးနယ္ေျမအျဖစ္သတ္မွတ္ထားပါတယ္။ရွားပါးမ်ိဳးစိတ္ေတြသာမကကုန္းေနေရေနတြားသြားသတၱ၀ါေတြပါမွီတင္းေနထုိင္ေနတာပါ။သဘာ၀အေျခခံခရီးသြားလုပ္ငန္းေတြတုိးတက္လာရင္သဘာ၀ပတ္၀န္းက်င္ကုိပါထိန္းသိမ္းေစာင့္ေရွာက္ရမွာျဖစ္ပါတယ္။

ရင္းႏွီးျမဳပ္ႏွံမူနဲ့ပတ္သက္ရင္လည္းပြင့္လင္းျမင္သာမူရွိဖုိ့လုိအပ္ပါတယ္။ ၂၀၁၃ ခုႏွစ္တုန္းက တရုတ္company တခုျဖစ္တဲ့NorthMiningStarCompanyကခ်င္းျပည္နယ္ကေျမြေတာင္ဖားေတာင္ေၿကးနီစီမံကိန္းအတြက္ျကိဳးစားဖူးပါတယ္။ဒီလုိစီမံကိန္းေတြကေဒသခံေတြအတြက္အက်ိဳးအျမတ္ဘာမွမရွိတာေၿကာင့္ေဒသခံေတြဖက္ကလက္မခံၿကပါဘူး။ေနာက္ပုိင္းမွာစီမံကိန္းမလုပ္ျဖစ္ေပမယ့္ေျမြေတာင္ဖားေတာင္မွာတရားမ၀င္အေသးစားသတၱဳတူးေဖာ္မူေတြရွိေနလုိ့သက္ဆုိင္ရာေတြဖက္ကတားျမစ္ဖုိ့ေဒသခံေတြကဆနၵရွိေနၿကပါတယ္။

အေရးၿကီးတာကစီမံကိန္းတခုကုိအေကာင္အထည္ေဖာ္မယ္ဆုိ႔ရင္အက်ိဳးနဲ့အျပစ္ကုိေသခ်ာခ်ိန္ဆဖုိ့ပါပဲ။အစုိးရဖက္ကေသခ်ာလုပ္ေဆာင္ေပးရင္ခ်င္းျပည္နယ္ဟာဖြံျဖိဳးတုိးတက္ဖုိ့အလွမ္းမေ၀းပါဘူး။အထူးသျဖင့္ေတာ့သဘာ၀ပတ္၀န္းက်င္မထိခုိက္ေစပဲသဘာ၀အေျခခံခရီးသြားလုပ္ငန္းေတြကေနေဒသခံေတြ၀င္ေငြရေအာင္ကူညီသင့္တယ္။၁၂လရာသီသြားလာလုိ့ရမယ့္လမ္းေတြေဖာက္လုပ္နုိင္မယ္။ေက်းရြာေတြအထိလ်ွပ္စစ္မီးနဲ့ေရရေအာင္လုပ္ေပးႏုိင္မယ္စာသင္ေက်ာင္းေတြကုိအဆင့္ျမင့္တင္ေပးမယ္၊ျပည္နယ္အတြင္းအလုပ္အကုိင္အခြင့္အလွမ္းေတြဖန္တီးေပးမယ္၊စစ္ေဘးေရွာင္ေတြဘ၀ျပန္လည္ထူေထာင္ေရးအတြက္ကူညီေပးမယ္ဆုိရင္ခ်င္းျပည္နယ္ဖြံျဖိဳးတုိးတက္လာမွာျဖစ္ပါေၿကာင္း။