Input your search keywords and press Enter.


Salai Khup Khup

ခေါနူးစုမ် အမျိုးသားဥယျာဉ်တွင် အိမ်မွေး တိရိစ္ဆာန်များ စည်းကမ်းမဲ့ လွှတ်ခြင်းကို အရေးယူပေးရန် တောင်းဆို
Salai Khup Khup

ခေါနူးစုမ် အမျိုးသားဥယျာဉ် ဧရိယာအတွင်း အိမ်မွေး တိရိစ္ဆာန်များ စည်းကမ်းမဲ့ လွှတ်ခြင်းတို့ကို ထိထိရောက်ရောက် အရေးယူပေးရန် အဆိုပါဥယျာဉ်အနီးတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံအချို့က တောင်းဆိုကြောင်း သိရသည်။

လူူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဆလိုင်းယောဟာမာန် က “ကျတော်တို့ ဘောင်ကျေးရွာရဲ့ အိမ်ထောင်စု လူဦးရေစာရင်းမှာ မပါဝင်တဲ့ လူတွေက နောင်တစ်ချိန် သဘာဝ ပတ်ဝန်းကျင်ကို ပြစားမဲ့နေရာတွေမှာ တရားမဝင် ဆိတ်တွေ လွှတ်တာတို့ ဘောင်ကျေးရွာလူတွေ အားလုံးသောက်သုံးနေတဲ့ ရေစမ်းဦးမှာ အိမ်တွေဆောက်လုပ်ပြီး အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေရှိတယ်၊ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူပေး စေချင်နေကြတယ် ဒေသခံတွေကလည်း”ဟုပြောသည်။

အမျိုးသားဥယျာဉ်တာဝန်ရှိသူများအနေဖြင့်လည်း စည်းကမ်းမဲ့ အိမ်မွေးတိရိစ္ဆာန်များ ဥယျာဉ်အတွင်း စေလွှတ်ခြင်းအပေါ် အရေးဆောင်ရွက်မှု မလုပ်တာမဟုတ်ပဲ ဥယျာဉ်ဝန်ထမ်းများလည်း လုံလောက်မှုမရှိသဖြင့် လက်လှမ်းမမီခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေသည့် သစ်တော စိုးမိုးရေး၊ သစ်တောစီမံအုပ်ချုပ်ရေးနှင့် သစ်တောတရားဝင် ကုန်သွယ်မှုပြုလုပ်ရေးဆိုင်ရာ ညွှန်ပေါင်းအဖွဲ့မှ ဦးရှိ်န်းဂေငိုင်းကပြောသည်။

ဦးရှိန်းဂေငိုင်းက “ “မတူပီ၊ မင်းတပ်၊ ကန်ပက်လက် သုံးမြို့နယ် ဆိုတော့ ကွင်းဆင်းဝန်ထမ်းက နည်းလို့ဖြစ်တယ်၊ ဒီကိစ္စတွေကို သိရင် တရားဥပဒေ အတိုင်း အရေးယူမှာဖြစ်တယ်။ အိမ်မွေးတိရိစ္ဆာန်တွေ လွှတ်ကြောင်းခွင့်လည်း လုံးဝမရှိဘူး”ဟုပြောသည်။
ခေါနူးစုမ်အမျိုးသားဥယျာဉ်သည် ကန်ပက်လက်တွင် တည်ရှိပြီး အာဆီယံတွင် မြေသားတောင်အမြင့်ဆုံးစာရင်းတွင် ပါဝင်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဒုတိယအမြင့်ဆုံးဖြစ်သည်။

ပွင့်လင်းရာသီများတွင် ပြည်တွင်းခရီးသည်များကို အဓိကဆွဲဆောင်သည့် ချင်းပြည်နယ်၏ အထင်ကရနေရာလည်း ဖြစ်သည်။

 


လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဆလိုင်းယောဟာမာန် က “ကျတော်တို့ ဘောင်ကျေးရွာရဲ့ အိမ်ထောင်စု လူဦးရေစာရင်းမှာ မပါဝင်တဲ့ လူတွေက နောင်တစ်ချိန် သဘာဝ ပတ်ဝန်းကျင်ကို ပြစားမဲ့နေရာတွေမှာ တရားမဝင် ဆိတ်တွေ လွှတ်တာတို့ ဘောင်ကျေးရွာလူတွေ အားလုံးသောက်သုံးနေတဲ့ ရေစမ်းဦးမှာ အိမ်တွေဆောက်လုပ်ပြီး အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေရှိတယ်၊ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူပေး စေချင်နေကြတယ် ဒေသခံတွေကလည်း”ဟုပြောသည်။

အမျိုးသားဥယျာဉ်တာဝန်ရှိသူများအနေဖြင့်လည်း စည်းကမ်းမဲ့ အိမ်မွေးတိရိစ္ဆာန်များ ဥယျာဉ်အတွင်း  စေလွှတ်ခြင်းအပေါ် အရေးဆောင်ရွက်မှု မလုပ်တာမဟုတ်ပဲ ဥယျာဉ်ဝန်ထမ်းများလည်း လုံလောက်မှုမရှိသဖြင့် လက်လှမ်းမမီခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေသည့် သစ်တော စိုးမိုးရေး၊ သစ်တောစီမံအုပ်ချုပ်ရေးနှင့် သစ်တောတရားဝင် ကုန်သွယ်မှုပြုလုပ်ရေးဆိုင်ရာ ညွှန်ပေါင်းအဖွဲ့မှ ဦးရှိန်းဂေငိုင်းကပြောသည်။




credit; tripadvisor.in