Input your search keywords and press Enter.

ပလက်ဝမြို့ ရှိပြည်သူများကို လုံခြုံရေးအခက်အခဲကြောင့် စားနပ်ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိပဲငွေလွှဲပို့ကာကူညီနေရ

 

 

Salai Khup Khup

ပလက်ဝမြို့ရှိပြည်သူများကိုလုံခြုံရေးအခက်အခဲကြောင့်စားနပ်ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိပဲငွေလွှဲပို့ကာကူညီနေရကြောင်းပလက်ဝစစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် RRCCIအဖွဲ့ထံမှသိရသည်။

စစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ အတွင်းရေးမှူး ဦးစောမြက “RRCCI ကော်မတီအနေနဲ့က ပလက်ဝနီးနားရွာတွေကို တစ်ရွာကို ဆယ်သိန်း တစ်ချို့ရွာတွေကို ငါးသိန်း အဲလိုနဲ့ လှူတာ အဲဒါတွေဘဲလုပ်နိုင်သေးတယ် ပြည်နယ်အစိုးရနဲ့ ချိတ််ဆက်ပြီးတော့ ဆမီးနဲ့ ပလက်ဝ လမ်းကြောင်း ဖွင့်နိုင်ဖို့ ညှိနှိုင်းတာတွေဘဲ လုပ်ရသေးတယ် အခုက လုံခြုံရေးအရ လမ်းကမဖွင့်သေးတော့ ကူညီပေးလို့မရဘူး ဒါပေမဲ့ လက်ရှိ ပလက်ဝမှာ တာဝန်ခံ အချို့တွေဆီကိုတော့ ပိုက်ဆံလွှဲပြီး ကူညီတာမျိုးဘဲ လုပ်နိုင်သေးတယ်”ဟုပြောသည်။

ချင်းပြည်နယ် အစိုးရဖွဲ့အနေဖြင့် ဆမီးမြို့တွင် ရှိနေသည့် ဆန်အိတ်များကို ပလက်ဝမြို့ သို့ ပို့ဆောင်ရန် ကြိုးစား ဆောင်ရွက်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခြေနေ မကောင်း သေးသောကြောင့် ပို့ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသေးသောကြောင့် ဒေသခံ အချို့နှင့် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ် နေပြီဖြစ်ဟုဒေသခံအချို့မှ ချင်းဝေါလ်မီဒီယာ၏မေးမြန်းမူကိုဖြေကြားသည်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “စားဖို့မရှိသလောက်ကို ဖြစ်နေတယ် စစ်ဘေးရှောင် တော်တော်များဆိုရင် စားစရာ လုံးဝမရှိတဲ့ သူတွေများနေပြီ မြို့ပေါ်နေဒေသခံ အချို့လည်း စားသောက်ပြတ်လပ်နေပြီ မြို့အဝင်ထွက်လည်း မရသေးတော့ အခက်ခဲများစွာကြုံတွေ့နေရတဲ့ အနေထားမှာရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့ဒေသခံများ ကြုံတွေ့နေရသည့် စားနပ်ရိက္ခာ ပြတ်လပ်မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွင် တင်ပြတောင်းဆိုထားမှုများ ရှိသော်လည်း လက်ရှိအချိန်ထိ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်း နှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

 

ပလက္ဝၿမိဳ႕ ရွိျပည္သူမ်ားကုိ လုံျခံဳေရးအခက္အခဲေၿကာင့္ စားနပ္ရိကၡာပုိ့ေဆာင္နုိင္ျခင္းမရွိပဲေငြလႊဲပုိ့ကာကူညီေနရ

ပလက္ဝၿမိဳ႕ရွိျပည္သူမ်ားကုိလုံျခံဳေရးအခက္အခဲေၿကာင့္စားနပ္ရိကၡာပုိ့ေဆာင္နုိင္ျခင္းမရွိပဲေငြလႊဲပုိ့ကာကူညီေနရေၿကာင္းပလက္၀စစ္ေဘးေရွာင္မ်ားအေရးကူညီေဆာင္ရြက္ေပးေနသည့္ RRCCIအဖြဲ့ထံမွသိရသည္။

စစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI၏ အတြင္းေရးမႉး ဦးေစာျမက “RRCCI ေကာ္မတီအေနနဲ႔က ပလက္ဝနီးနားရြာေတြကို တစ္ရြာကို ဆယ္သိန္း တစ္ခ်ိဳ႕ရြာေတြကို ငါးသိန္း အဲလိုနဲ႔ လႉတာ အဲဒါေတြဘဲလုပ္နိုင္ေသးတယ္ ျပည္နယ္အစိုးရနဲ႔ ခ်ိတ္္ဆက္ၿပီးေတာ့  ဆမီးနဲ႔ ပလက္ဝ လမ္းေၾကာင္း ဖြင့္နိုင္ဖို႔ ညႇိႏွိုင္းတာေတြဘဲ လုပ္ရေသးတယ္ အခုက လုံၿခံဳေရးအရ လမ္းကမဖြင့္ေသးေတာ့ ကူညီေပးလို႔မရဘူး ဒါေပမဲ့ လက္ရွိ ပလက္ဝမွာ တာဝန္ခံ အခ်ိဳ႕ေတြဆီကိုေတာ့ ပိုက္ဆံလႊဲၿပီး ကူညီတာမ်ိဳးဘဲ လုပ္နိုင္ေသးတယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္ အစိုးရဖြဲ႕အေနျဖင့္ ဆမီးၿမိဳ႕တြင္ ရွိေနသည့္ ဆန္အိတ္မ်ားကို ပလက္ဝၿမိဳ႕ သို႔ ပို႔ေဆာင္ရန္ ႀကိဳးစား ေဆာင္ရြက္ေနေသာ္လည္း လမ္းပန္းဆက္သြယ္ေရး အေျခေန မေကာင္း ေသးေသာေၾကာင့္ ပို႔ေဆာင္နိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္တြင္ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပေသးေသာေၾကာင့္ ေဒသခံ အခ်ိဳ႕ႏွင့္ စစ္ေဘးေရွာင္ျပည္သူမ်ား စားနပ္ရိကၡာ ျပတ္လပ္ ေနၿပီျဖစ္ဟုေဒသခံအခ်ိဳ့မွ ခ်င္းေ၀ါလ္မီဒီယာ၏ေမးျမန္းမူကုိေျဖၿကားသည္။

ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးက “စားဖို႔မရွိသေလာက္ကို ျဖစ္ေနတယ္ စစ္ေဘးေရွာင္ ေတာ္ေတာ္မ်ားဆိုရင္ စားစရာ လုံးဝမရွိတဲ့ သူေတြမ်ားေနၿပီ ၿမိဳ႕ေပၚေနေဒသခံ အခ်ိဳ႕လည္း စားေသာက္ျပတ္လပ္ေနၿပီ  ၿမိဳ႕အဝင္ထြက္လည္း မရေသးေတာ့ အခက္ခဲမ်ားစြာႀကံဳေတြ႕ေနရတဲ့ အေနထားမွာရွိတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕ေဒသခံမ်ား ႀကံဳေတြ႕ေနရသည့္ စားနပ္ရိကၡာ ျပတ္လပ္မႈမ်ားကို သက္ဆိုင္ရာ ဌာနဆိုင္ရာတြင္ တင္ျပေတာင္းဆိုထားမႈမ်ား ရွိေသာ္လည္း လက္ရွိအခ်ိန္ထိ စားနပ္ရိကၡာျပတ္လပ္မႈဒဏ္ ႀကံဳေတြ႕ေနရဆဲျဖစ္ေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု  ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉၀ဦး ရွိေၾကာင္း ႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ စုရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI၏ ထုတ္ျပန္ခ်က္အရ သိရသည္။