Input your search keywords and press Enter.

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန် တွင် အပြီးကြေညာမည်

 

 

 

 

CNLD

 

Shing Mang

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန် တွင် အပြီးကြေညာမည်ဖြစ်ကြောင်း CNLD ပါတီဥက္ကဋ္ဌ ဦး ငိုင်ဆာခ့်ထံမှသိရသည်။

“ဇွန်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ မြို့နယ် အသီးသီးမှာ ကိုယ်စားလှယ်လောင်းတွေက လျှောက်လို့ရတယ် ၊ ကိုယ်ကြိုက်တဲ့ ကိုယ်နှစ်သက်ရာ မဲဆန္ဒနယ်ကိုလျှောက်လို့ရတယ်၊ နောက် ၂၇ ရက်နေ့ကို လျှောက်လွှာ ပိတ်ပြီးတော့ ပဏာမ ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ ရွေးမယ်၊အဲလိုရွေးပြီးတော့ ကျွန်တော်တို့ ဗဟိုကို ဇူလိုင် လ ၁၉ ရက်ထားပြီးတော့ တင်ပြရမယ်၊ အဲလိုတင်ပြပြီးတဲ့နောက်မှာ ဗဟိုကနေ ဇူလိုင်လ ၂၅ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေကို အပြီးကြေညာ မယ်၊ “ ဟု CNLD ဥက္ကဋ္ဌ ဦး ငိုင်ဆာခ့် မှ ပြောသည်။

ဦးငိုင်ဆာခ့်မှ ဆက်ပြီး “ဗဟိုခေါင်းဆောင်ထဲမှာ လောလောဆယ်တော့ မသိသေးပေမယ့် ဥက္ကဋ္ဌ သုံးယောက်စလုံးကတော့ ပြိုင်မယ်ပေါ့နော် ဒီသုံးယောက်ကတော့ မိမိကြိုက်နှစ်သက်ရာ မဲဆန္ဒနယ်ကို ရွေးချယ်ပိုင်ခွင့် ရှိတယ်ပေါ့ ၊နောက် ဗဟို ကော်မတီ EC ထဲမှာလည်း ပြိုင်မယ့်သူလည်းရှိပါတယ်၊ ဒါပေမယ့် ပြိုင်မယ့်သူက လေးပုံတစ်ပုံလောက်ပဲရှိမယ်”ဟု ဆက်ပြီးပြောသည်။

လျှောက်လွှာလက်ခံရာတွင် မဲဆန္ဒနယ် တစ်ခုတွင် နှစ်ယောက် သုံးယောက် ထပ်မည်ဆိုလျှင် မြို့နယ်ကော်မတီမှ ညှိနှိုင်းမည်ဖြစ်ပြီး ထပ်မံအဆင်မပြေပါက မြို့နယ်ကော်မတီမှ မဲဖြင့် ရွေးချယ်မည်ဖြစ်ပြီး မဲအများရရှိသူသည် ကိုယ်စားလှယ်လောင်း ဖြစ်မည်ဖြစ်ပြီး ဒုတိယမဲ အများဆုံးရရှိသူသည် အရံအဖြစ်ထားရှိမည်ဟုလည်းုသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ရွေးကောက်ပွဲ ကို ပုံမှန်ကျင်းပသည့် အတိုင်း နိုဝင်ဘာလထဲတွင် ကျင်းပမည်ဟုမီဒီယာများထံဖြေကြားထားသည်။

 

 

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) မွ ေရြးေကာက္ပြဲ၀င္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို ဇူလိုင္လကုန္ တြင္ အၿပီးေၾကညာမည္

 

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) မွ ေရြးေကာက္ပြဲ၀င္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို ဇူလိုင္လကုန္ တြင္ အၿပီးေၾကညာမည္ျဖစ္ေၿကာင္း CNLD ပါတီဥကၠ႒ ဦး ငိုင္ဆာခ့္ထံမွသိရသည္။

“ဇြန္လ ၂၇ ရက္ေန႔ကို ေနာက္ဆုံးထားၿပီးေတာ့ ၿမိဳ႕နယ္ အသီးသီးမွာ ကိုယ္စားလွယ္ေလာင္းေတြက ေလၽွာက္လို႔ရတယ္ ၊ ကိုယ္ႀကိဳက္တဲ့ ကိုယ္ႏွစ္သက္ရာ မဲဆႏၵနယ္ကိုေလၽွာက္လို႔ရတယ္၊ ေနာက္ ၂၇ ရက္ေန႔ကို ေလၽွာက္လႊာ ပိတ္ၿပီးေတာ့ ပဏာမ ေရြးခ်ယ္တဲ့ ကိုယ္စားလွယ္ေလာင္းေတြကို ဇူလိုင္လ ၁၁ ရက္ေန႔ ေနာက္ဆုံးထားၿပီးေတာ့ ေရြးမယ္၊အဲလိုေရြးၿပီးေတာ့ ကၽြန္ေတာ္တို႔  ဗဟိုကို ဇူလိုင္ လ ၁၉ ရက္ထားၿပီးေတာ့ တင္ျပရမယ္၊ အဲလိုတင္ျပၿပီးတဲ့ေနာက္မွာ ဗဟိုကေန ဇူလိုင္လ ၂၅ရက္ေန႔မွာ ကိုယ္စားလွယ္ေလာင္းေတြကို အၿပီးေၾကညာ မယ္၊ “ ဟု  CNLD ဥကၠ႒ ဦး ငိုင္ဆာခ့္ မွ ေျပာသည္။

 

ဦးငိုင္ဆာခ့္မွ ဆက္ၿပီး “ဗဟိုေခါင္းေဆာင္ထဲမွာ ေလာေလာဆယ္ေတာ့ မသိေသးေပမယ့္ ဥကၠ႒ သုံးေယာက္စလုံးကေတာ့ ၿပိဳင္မယ္ေပါ့ေနာ္ ဒီသုံးေယာက္ကေတာ့ မိမိႀကိဳက္ႏွစ္သက္ရာ မဲဆႏၵနယ္ကို ေရြးခ်ယ္ပိုင္ခြင့္ ရွိတယ္ေပါ့ ၊ေနာက္ ဗဟို ေကာ္မတီ EC ထဲမွာလည္း ၿပိဳင္မယ့္သူလည္းရွိပါတယ္၊ ဒါေပမယ့္ ၿပိဳင္မယ့္သူက ေလးပုံတစ္ပုံေလာက္ပဲရွိမယ္”ဟု ဆက္ၿပီးေျပာသည္။

 

ေလၽွာက္လႊာလက္ခံရာတြင္ မဲဆႏၵနယ္ တစ္ခုတြင္ ႏွစ္ေယာက္ သုံးေယာက္ ထပ္မည္ဆိုလၽွင္ ၿမိဳ႕နယ္ေကာ္မတီမွ ညႇိႏွိုင္းမည္ျဖစ္ျပီး ထပ္မံအဆင္မေျပပါက ၿမိဳ႕နယ္ေကာ္မတီမွ မဲျဖင့္ ေရြးခ်ယ္မည္ျဖစ္ၿပီး မဲအမ်ားရရွိသူသည္ ကိုယ္စားလွယ္ေလာင္း ျဖစ္မည္ျဖစ္ၿပီး ဒုတိယမဲ အမ်ားဆုံးရရွိသူသည္  အရံအျဖစ္ထားရွိမည္ဟုလည္းုသိရသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ မွ ေရြးေကာက္ပြဲ  ကို ပုံမွန္က်င္းပသည့္ အတိုင္း နိုဝင္ဘာလထဲတြင္ က်င္းပမည္ဟုမီဒီယာမ်ားထံေျဖၿကားထားသည္။