Input your search keywords and press Enter.
မင်းတပ်ကောလိပ် လာမည့်ပညာသင်နှစ်တွင် ဖွင့်နိုင်သေးမည်မဟုတ်ဟုဆို
Shing Mang
မင်းတပ်ကောလိပ် လာမည့်ပညာသင်နှစ်တွင် ဖွင့်နိုင်သေးမည်မဟုတ်ဟု ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဦး ပေါင်လွန်းမင်းထန် မှဆိုသည်။
“လာမယ့်ကျောင်းဖွင့်ရာသီမှာ တော့ဖွင့်ဖို့ လွယ်တော့ မလွယ်လောက်သေးဘူးထင်တယ်၊ နောက် ၂၀၂၁ ခုနှစ်ပိုင်းမှာမှ ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်၊ တည်ဆောက်ရေးလုပ်ငန်းပိုင်းမှာ ချင်းပြည်နယ်မှာ အချိန်ပို ယူရတာရယ် နောက် တောင်စောင်းမှာ ဆောက်ရတာ ဖြစ်တဲ့အတွက်ကြောင့် မြေမာဖို့လိုမယ်၊ ပြီးတော့ လမ်းတွေဖောက်ဖိူ့လိုမယ် ရေကိစ္စတွေ လုပ်ဖို့လိုတယ်၊ လုပ်တော့ လုပ်နေတာပေါ့နော် ကျွန်တော့် အမြင်မှာတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်လောက်မှာ ကောင်းကောင်း စနိုင်မယ်လို့တော့ ထင်ပါတယ်၊ဒါလည်း ဒီ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ချပေးထားမှုမှာလည်း မူတည်တာလည်း ဖြစ်ပါတယ်” ဟု ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဦး ပေါင်လွန်းမင်းထန် မှ ပြောသည်။
လက်ရှိမင်းတပ်ကောလိပ်တည်ဆောက်မှုတွင် RC ၂ထပ်ဖြင့် စာသင်ဆောင် နှစ်လုံး နှင့် ဆရာ/ဆရာမဆောင် ၂လုံး၊ ကျောင်းသား/သူ ဆောင်ကုတင်၁ဝဝဆန့် RC နှစ်ထပ် နှစ်လုံး နှင့် ဝန်ထမ်းနေအိမ် တစ်ထပ် ၂လုံးတို့ကို က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မုံရွာမြို့ အဆောက်အဦး အထူးအဖွဲ့ (၁၀) မှ တာဝန်ယူတယ်ဆောက်လျက်ရှိသည်။
လူမှုရေးဝန်ကြီးမှ ဆက်ပြီး “မင်းတပ်ကောလိပ်ကလောလောဆယ် အခြေနေမှာ လောလောဆယ် ယာယီ ကျောင်းအုပ်တော့ချထားပါပြီ၊ ဒါပေမယ့် တည်ဆောက်ရေးလုပ်ငန်းက အခု ၆၀% ပြီး တဲ့ အဆောက်အဦးတွေ ရှိတယ်၊ ပြီးတော့ ၃၀% လောက်ပြီးတဲ့ အဆောက်အဦးတွေ ရှိတယ်၊ under contrustion ပေါ့နော် လောလောဆယ် ဆောက်နေတယ် ဆောက်လုပ်ရေး အဖွဲ့(၁၀) ကပေါ့နော် ၊သူတို့ဦးဆောင်ပြီး ဆောင်ရွက်နေတယ်၊ ဒါလည်းပဲ တိုးတက်မှုတော့ အများရှိပါပြီ ဒါပေ်မယ့် လိုအပ်ချက်ပြည့်စုံအောင်တော့ ကျောင်းအုပ်ကြီးတို့ ရောက်လာတဲ့ခါမှာ ဒီရုံးပိုင်းဆိုင်ရာ လိုမယ်၊ တည်ဆောက်ရေးပိုင်းဆိုင်ရာကတော့ ပညာရေးက အဆောက်အဦးပိုင်းကျ အပ်ထားတဲ့အတွက်ကြောင့် တော်တော်များများတော့ အဆင်ပြေပါတယ်၊ ” ဟုပြောသည်။
လက်ရှိချင်းပြည်နယ်တွင် ဟားခါးမြို့တွင် ဟားခါးတက္ကသိုလ်ရှိပြီး တောင်ပိုင်း မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ် တစ်ကျောင်း တည်ရှိတော့မည် ဖြစ်သည်။ မင်းတပ်ကောလိပ်သည်ပြည်ထောင်စု ဘက်ဂျက် ၅ဘီလီယံ ကျော်ဖြင့် တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။
“လာမယ့်ကျောင်းဖွင့်ရာသီမှာ တော့ဖွင့်ဖို့ လွယ်တော့ မလွယ်လောက်သေးဘူးထင်တယ်၊ နောက် ၂၀၂၁ ခုနှစ်ပိုင်းမှာမှ ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်၊ တည်ဆောက်ရေးလုပ်ငန်းပိုင်းမှာ ချင်းပြည်နယ်မှာ အချိန်ပို ယူရတာရယ် နောက် တောင်စောင်းမှာ ဆောက်ရတာ ဖြစ်တဲ့အတွက်ကြောင့် မြေမာဖို့လိုမယ်၊ ပြီးတော့ လမ်းတွေဖောက်ဖို့လိုမယ် ရေကိစ္စတွေ လုပ်ဖို့လိုတယ်၊ လုပ်တော့ လုပ်နေတာပေါ့နော် ကျွန်တော့် အမြင်မှာတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်လောက်မှာ ကောင်းကောင်း စနိုင်မယ်လို့တော့ ထင်ပါတယ်၊ဒါလည်း ဒီ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ချပေးထားမှုမှာလည်း မူတည်တာလည်း ဖြစ်ပါတယ်” ဟု ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဦး ပေါင်လွန်းမင်းထန် မှ ပြောသည်။
လူမှုရေးဝန်ကြီးမှ ဆက်ပြီး “မင်းတပ်ကောလိပ်ကလောလောဆယ် အခြေနေမှာ လောလောဆယ် ယာယီ ကျောင်းအုပ်တော့ချထားပါပြီ၊ ဒါပေမယ့် တည်ဆောက်ရေးလုပ်ငန်းက အခု ၆၀% ပြီး တဲ့ အဆောက်အဦးတွေ ရှိတယ်၊ ပြီးတော့ ၃၀% လောက်ပြီးတဲ့ အဆောက်အဦးတွေ ရှိတယ်၊ under contrustion ပေါ့နော် လောလောဆယ် ဆောက်နေတယ် ဆောက်လုပ်ရေး အဖွဲ့(၁၀) ကပေါ့နော် ၊သူတို့ဦးဆောင်ပြီး ဆောင်ရွက်နေတယ်၊ ဒါလည်းပဲ တိုးတက်မှုတော့ အများရှိပါပြီ ဒါပ်ေမယ့် လိုအပ်ချက်ပြည့်စုံအောင်တော့ ကျောင်းအုပ်ကြီးတို့ ရောက်လာတဲ့ခါမှာ ဒီရုံးပိုင်းဆိုင်ရာ လိုမယ်၊ တည်ဆောက်ရေးပိုင်းဆိုင်ရာကတော့ ပညာရေးက အဆောက်အဦးပိုင်းကျ အပ်ထားတဲ့အတွက်ကြောင့် တော်တော်များများတော့ အဆင်ပြေပါတယ်၊ ” ဟုပြောသည်။