Input your search keywords and press Enter.

စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်

 

Sami IDP Camp

 

Salai Khup Khup

 

စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူစည်ပင်ဝန်ကြီးဦးစိုးထက်ထံမှ သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒုက္ခသည်တွေက တိုးလာသလို ကျောင်းသူ ကျောင်းသား အရေအတွက်လည်း တိုးလာတယ် ဆမီးမှာဆိုရင် ကျောင်းသူကျောင်းသား ဦးရေ ၇၅၀ လောက်တိုးလာတယ် အဲဒီအတွက်ကို မနက်ပိုင်းဖွင့်တဲ့ကျောင်း ညနေပိုင်းဖွင့်တဲ့ကျောင်း မနက်ပိုင်းကို တစ်ဝက်တက်၊ညနေပိုင်းကို တစ်ဝတ်တက်၊ဒီလိုစနစ်တွေ သုံးဖို့ ဆွေးနွေးထားတယ် အဲလိုလုပ်လို့ အဆင်ပြေရင် ပရိဘောဂနဲ့ ကျောင်းဆောင် သက်သာသွားမယ်။ပေ ၈၀ ပေ ၃၀ ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ ဆမီးမှာတော့ ခိုင်းလိုက်ပြီ သစ်တိုင် သွပ်မိုးနဲ့ အကာတော့ ဝါးထရံနဲ့လုပ်မှာဖြစ်တယ် အဲလို ၂ လုံး ဆောက်ခိုင်းထားလိုက်တယ်”ဟုပြောသည်။
ပလက်ဝမြို့၊ ဆမီးမြို့၊ မီးဇာရွာနှင့် ကင်ချောင်းဝရွာတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် များပြားလာသလို ကျောင်းသူ ကျောင်းသားဦးရေမှာလည်း များပြားလာသောကြောင့် ကျောင်းဖွင့်ချိန်တွင် အချိန်မှီကျောင်းများ ဖွင့်လှစ်နိုင်ရန် ကျောင်းဆောင်များ ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆမီးတစ်ခုထဲမှာတင် အခုနာမည်စာရင်း ကောက်ယူထားတာက ၇၅၀ ဝန်းကျင်လောက်ရှိတယ် ပလက်ဝမှာတော့ အခုလုပ်လို့မရသေးဘူး ပစ္စည်းတွေ ဝယ်လို့လည်းမရဘူး ပို့လို့လည်း မရသေးဘူး အဲဒါကြောင့် ဆမီးမှာစလုပ်နေတယ်”ဟုပြောသည်။
ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦးရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ အိမ်ထောင်စု ရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ္ေဘးေရွာင္ေက်ာင္းသူ/သားမ်ားအတြက္ဆမီးၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္ ၂ လုံး စတင္ေဆာက္လုပ္

 

စစ္ေဘးေရွာင္ေက်ာင္းသူ/သားမ်ားအတြက္ဆမီးၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္ ၂ လုံး စတင္ေဆာက္လုပ္ေနေၿကာင္း ခ်င္းျပည္နယ္အစုိးရအဖြဲ့ေျပာေရးဆုိခြင့္ရွိသူစည္ပင္၀န္ၿကီးဦးစိုးထက္ထံမွ သိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဒုကၡသည္ေတြက တိုးလာသလို  ေက်ာင္းသူ ေက်ာင္းသား အေရအတြက္လည္း တိုးလာတယ္  ဆမီးမွာဆိုရင္ ေက်ာင္းသူေက်ာင္းသား ဦးေရ ၇၅၀ ေလာက္တိုးလာတယ္ အဲဒီအတြက္ကို  မနက္ပိုင္းဖြင့္တဲ့ေက်ာင္း ညေနပိုင္းဖြင့္တဲ့ေက်ာင္း မနက္ပိုင္းကို တစ္ဝက္တက္၊ညေနပိုင္းကို တစ္ဝတ္တက္၊ဒီလိုစနစ္ေတြ သုံးဖို႔ ေဆြးေႏြးထားတယ္  အဲလိုလုပ္လို႔ အဆင္ေျပရင္ ပရိေဘာဂနဲ႔ ေက်ာင္းေဆာင္ သက္သာသြားမယ္။ေပ ၈၀ ေပ ၃၀  ေက်ာင္းေဆာင္ေတြ ေဆာက္လုပ္ဖို႔ ဆမီးမွာေတာ့ ခိုင္းလိုက္ၿပီ  သစ္တိုင္ သြပ္မိုးနဲ႔ အကာေတာ့ ဝါးထရံနဲ႔လုပ္မွာျဖစ္တယ္  အဲလို ၂ လုံး ေဆာက္ခိုင္းထားလိုက္တယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕၊ ဆမီးၿမိဳ႕၊ မီးဇာရြာႏွင့္ ကင္ေခ်ာင္းဝရြာတို႔တြင္ စစ္ေဘးေရွာင္ဒုကၡသည္ မ်ားျပားလာသလို ေက်ာင္းသူ ေက်ာင္းသားဦးေရမွာလည္း မ်ားျပားလာေသာေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္တြင္ အခ်ိန္မွီေက်ာင္းမ်ား ဖြင့္လွစ္နိုင္ရန္ ေက်ာင္းေဆာင္မ်ား ေဆာက္လုပ္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဆမီးတစ္ခုထဲမွာတင္ အခုနာမည္စာရင္း ေကာက္ယူထားတာက ၇၅၀ ဝန္းက်င္ေလာက္ရွိတယ္ ပလက္ဝမွာေတာ့ အခုလုပ္လို႔မရေသးဘူး  ပစၥည္းေတြ ဝယ္လို႔လည္းမရဘူး ပို႔လို႔လည္း မရေသးဘူး  အဲဒါေၾကာင့္ ဆမီးမွာစလုပ္ေနတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉၀ဦးရွိေၾကာင္းႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ အိမ္ေထာင္စု ရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI၏ ထုတ္ျပန္ခ်က္အရ သိရသည္။